ylliX - Online Advertising Network

KNU ဌာနချုပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့နောက် တောင်ပိုင်းစစ်မျက်နှာ

(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၂၄⁨⁨⁨⁨⁨⁨ KNU ဌာနချုပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့နောက် တောင်ပိုင်းစစ်မျက်နှာ  ဖားအံခရိုင် KNU တပ်မဟာ ၇ နယ်မြေထဲ KNU ဌာနချုပ်နေရာကို အောက်တိုဘာ ၂၂ ရက်နေ့ နံနက်ပိုင်းမှာ ဒရုန်း ၄ စင်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ရာမှာ အဆောက်အဦတချို့ ထိခိုက်မှုရှိခဲ့ပြီး လူသေဆုံးမှုမရှိခဲ့ကြောင်း KIC သတင်းဌာန က ဖော်ပြထားတာ တွေ့ရပါတယ်။  ဖားအံခရိုင် တပ်မဟာ ၇ နယ်မြေဟာ KNU နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့နယ်မြေအဖြစ် သိရှိထားကြပြီး အခုတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့က တိုက်ခိုက်တယ်ဆိုတဲ့ တရားဝင် ပြောဆိုတာမျိုး မရှိပေမယ့်လည်း လက်သည်အနေနဲ့ စစ်ကောင်စီတပ်ရဲ့ လက်ချက် ဖြစ်တယ်လို့ ယူဆထားကြတာ ဖြစ်ပါတယ်။ […]

စစ်ကောင်စီတပ်တွေ ရှမ်းမြောက်မှာ ခံစစ်ကနေ ထိုးစစ်ပြန်ဆင်လာ၊ ဘုတလင်မြို့နယ်ထဲက ရက်စက်စွာ သတ်ဖြတ်မှု

(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၂၄⁨⁨⁨⁨⁨⁨ စစ်ကောင်စီတပ်တွေ ရှမ်းမြောက်မှာ ခံစစ်ကနေ ထိုးစစ်ပြန်ဆင်လာ၊ ဘုတလင်မြို့နယ်ထဲက ရက်စက်စွာ သတ်ဖြတ်မှု ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကတွက်ရင် တနှစ်နီးပါး ကြာချိန်အတွင်း မြို့ပေါင်း တဒါဇင်ထက်မနည်း လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီ အနေနဲ့ ခုသီတင်းပတ်တွေမှာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာနေတာ တွေ့ရတဲ့အကြောင်း သတင်းဖော်ပြချက် အချို့မှာ စတင်တွေ့လာရတာ ဖြစ်ပါတယ်။  ရှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြထားတဲ့ သတင်းတပုဒ်မှာ နောင်ချို၊ ကွမ်လုံ၊ သိန္နီ၊ လားရှိုး စတဲ့မြို့တွေကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုများပြားလာသလို မြေပြင်ကလည်းထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ TNLA လက်နက်ကိုင် တွေ […]

ရုရှားရေတပ်က စစ်ရေယာဥ်တွေ ပါဝင်တဲ့ စစ်ကောင်စီရေတပ်ရဲ့ စစ်ရေးလေ့ကျင့်မှု၊ ရေးမြို့နယ် တောင်ပိုင်းကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကောင်စီတပ် ကြိုးစား

(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ရုရှားရေတပ်က စစ်ရေယာဥ်တွေ ပါဝင်တဲ့ စစ်ကောင်စီရေတပ်ရဲ့ စစ်ရေးလေ့ကျင့်မှု၊ ရေးမြို့နယ် တောင်ပိုင်းကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကောင်စီတပ် ကြိုးစား ခုရက်ပိုင်းအတွင်း ရုရှားနိုင်ငံ ပစိဖိတ်ပင်လယ်ပြင်တပ်က စစ်ရေယာဥ် ၄ စီး ရေကြောင်းလုံခြုံရေး ဆောင်ရွက်ဖို့နဲ့ ချစ်ကြည်ရေးခရီးလည်ပတ်ရန် ဆိုတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး မြန်မာစစ်ကောင်စီ ရေတပ်က တနင်္သာရီတိုင်း မြိတ်မြို့ အနောက်ဘက် ပင်လယ်ပြင်မှာ ရေတပ်စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်မယ့်အကြောင်း ထုတ်ပြန်ကြေညာထားတာလည်း တွေ့ရပါတယ်။  ရုရှား ရေတပ်က စစ်ရေယာဥ် ၄ စီးအနက် ၃ စီးက Corvette အမျိုးအစားလို့ခေါ်ဆိုတဲ့ ကမ်းရိုးတန်းတလျှောက် လုံခြုံရေး ကင်းလှည့်ရာမှာ သုံးလေ့ရှိတဲ့ ဒုံးကျည်တပ်ဆင်ထားတဲ့ တိုက်ခိုက်ရေး စစ်ရေယာဥ်တွေ ဖြစ်ပြီး ကျန်တစီးကတော့ […]

မြန်မာ့အရေး ပိုမိုပါဝင်လာတဲ့ တရုတ်နိုင်ငံ၊ မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရ

(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၂၄⁨⁨⁨⁨⁨⁨ မြန်မာ့အရေး ပိုမိုပါဝင်လာတဲ့ တရုတ်နိုင်ငံ၊ မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ခဲ့တဲ့ ဇူလိုင်လနောက်ပိုင်းမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံထဲက လက်နက်ကိုင် ပဋိပက္ခ၊ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ရဲ့ နယ်မြေ သိမ်းယူနိုင်မှုအနေအထား ထပ်ပြီးပြောင်းလဲလာပြီးနောက်မှာ တရုတ်နိုင်ငံက မြန်မာ့အရေးကို ပါဝင်မှုက ပိုမိုသိသာထင်ရှားလာတာ အားလုံး သတိထားမိကြပါလိမ့်မယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီနေပြည်တော်ကို လာရောက်တာ၊ အဲဒီရက်ပိုင်းမှာပဲ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ကျင်းပတဲ့ မဲခေါင်-လန်ချန်းအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ မကျော်ရမယ့် စည်း ၃ စည်းစတဲ့ ထုတ်ဖေါ်ပြောဆိုမှုတွေ အဲဒီနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း ဝ လက်နက်ကိုင် အဖွဲ့နဲ့ […]

စစ်ပွဲတွေရဲ့ ကုန်ကျစရိတ် အခွန်အကောက်တွေ

(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၂၄⁨⁨⁨⁨⁨⁨ စစ်ပွဲတွေရဲ့ ကုန်ကျစရိတ် အခွန်အကောက်တွေ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာ ၃ နှစ်ခွဲကြာလာချိန်မှာ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ စစ်ပွဲတွေအတွက် လိုအပ်တဲ့ ငွေကြေးကို နည်းလမ်းအသွယ်သွယ်နဲ့ ရှာဖွေဖြည့်ဆည်း နေကြရတာ ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ နေထိုင်၊ ကုန်သွယ်ရောင်းဝယ်မှုတွေကနေ အခွန်အကောက်တွေ ကောက်ခံတာ၊ သယံဇာတတွေ ထုတ်ယူရောင်းချတာလို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။ အကောက်အခွန်လို့ဆိုရာမှာ တရားဝင်ရော တရားမဝင် ကုန်စည်တွေကိုပါ ကောက်ယူကြရတဲ့ အနေအထားမျိုးလည်း ရှိနေတာ ကြားသိနေကြရပါတယ်။ စစ်ပွဲမှာ အနိုင်ရဖို့က ပထမဆုံး ဦးစားပေး ရည်မှန်းချက် ဖြစ်လို့ တရားဝင်ခြင်း မဝင်ခြင်း၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု စတဲ့ခေါင်းစဥ်တွေကို ပင်လျင် ကင်းကင်းရှင်းရှင်း နဲ့ လုပ်ကိုင်ဖို့ ခက်ခဲတဲ့ အနေအထားမျိုးလည်း […]

ကိုအောင်မှိုင်း – လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁၂)

ကိုအောင်မှိုင်း – လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁၂) (မိုးမခ) အောက်တိုဘာ ၁၈ ၊ ၂၀၂၄ (ကျူးဘားတော်လှန်ရေးက အခြေခံသင်ခန်းစာ ( ၃ ) ရပ်ကို á€Ąá€á€­á€Żá€„်ဥမဏ ပြဋ္ဌာန်းပေးခဲ့တယ်။  ၁။ပြည်သူ့တော်လှန်ရေးအင်အားစုတွေက á€…စ်တပ်ကဟဎးတခုကို တိုက်ခိုက်အောင်ပွဲခံနိုင်တယ်။  ၂။ တော်လှန်ရေးလုပ်ဖို့ á€œá€­á€Żá€Ąá€•á€şá€á€˛á€ˇ အခြေအနေတွေ အပြည့်အစုံ ဖြစ်တည်လာချိန်ထိ စောင့်စရာ မလိုဘဲ á€á€ąá€Źá€şá€œá€žá€”်ရ္းက အဲဒီအရာတွေကို ဖန်တီးနိုင်တယ်။ ၃။ မဖွံ့ဖြိုး မတိုးတက်သေးတဲ့ အမေရိကတိုက်မှာ ကျေးလက်ဒေသဟာ လက်နက်ကိုင်တိုက်ပွဲ á€Ąá€á€˝á€€á€ş အခြေခံဒေသ ဖြစ်တယ်။) ချေဂွေဗားရား ၁၉၂၈ – ၁၉၆၇ နံပါတ် ၁ နဲ့ နံပါတ် ၂ ကို အရေခြုံတော်လှန်ရေးသမားတွေ၊ အချောင်သမားအတွေးအခေါ်ရှိတဲ့သူတွေက ရန်သူကြေးစားစစ်တပ်ကို ဘယ်လိုမှ တိုက်ခိုက်ချေမှုန်းနိုင်မှာ မဟုတ်ဘူးဆိုတဲ့ á€†á€„်ခဟ္တွ္နဲအ စစ်အနိုင်တိုက်ရေးကို စေ့စပ်ရေးအဖြစ် […]

လေးကေ့ကော်က အမြှောက်ကုန်း KNU နဲ့ ပူးပေါင်းအဖွဲ့သိမ်း၊ ဓားပြတိုက်မှု လုယက် သတ်ဖြတ်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့ မန္တလေးမြို့

(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၂၄⁨⁨⁨⁨⁨⁨ လေးကေ့ကော်က အမြှောက်ကုန်း KNU နဲ့ ပူးပေါင်းအဖွဲ့သိမ်း၊ ဓားပြတိုက်မှု လုယက် သတ်ဖြတ်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့ မန္တလေးမြို့ ကရင်ပြည်နယ် မြဝတီမြို့အနီးက လေးကေ့ကော် အမြှောက်ကုန်း (စွယ်တော်ကုန်း) ကို KNU တပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ၃ လကျော်ကြာ တိုက်ခိုက်ပြီးနောက် အောက်တိုဘာလ ၁၇ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တယ်လို့ သိမ်းယူခဲ့တဲ့ လက်နက်ကိုင် အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အပေါ် မူတည်ပြီး သတင်းဌာနတွေက ဖေါ်ပြထားကြပါတယ်။ ၂၀၂၁ ခုနှစ်ဆန်းမှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီ လက်ထက်မတိုင်ခင် ဆယ်စုနှစ်နဲ့ချီ စစ်တပ်ရဲ့ နယ်စပ်ဒေသတလျှောက် ဗျူဟာမြောက် စခန်းတွေ၊ ခြေကုပ်စခန်းတွေ အများအပြားရှိခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက် KNU နဲ့ PDF တပ်ရင်းတွေက တိုက်ခိုက်သိမ်းယူခဲ့တာကြောင့် […]

ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးကို ဘယ်တော့ အဖြေရှာနိုင်မလဲ

(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးကို ဘယ်တော့ အဖြေရှာနိုင်မလဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက်ယူနွတ်စ်က ရိုဟင်ဂျာဒုက္ခသည်ပြဿနာကို ဖြေရှင်းဖို့အတွက် ရခိုင်ပြည်နယ်ထဲမှာ ကုလသမဂ္ဂက အာမခံတဲ့ လုံခြုံတဲ့ဇုန်တခု Safe Zone ဖန်တီးဖို့ ခုရက်ပိုင်းမှာ အဆိုပြုပြောဆိုလိုက်ပါတယ်။ ဒီ Safe Zone ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့တဲ့ သူတွေကို အကူအညီပေးဖို့နဲ့ ဖြစ်ပွားနေတဲ့ လူသားချင်းစာနာ ထောက်ထားရေး အကြပ်အတည်းကို ကိုင်တွယ် ဖြေရှင်းဖို့ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းဌာနတခုကို ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူး နဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တို့ ဒက္ကားမြို့မှာ တွေ့ဆုံစဥ် အဲလိုပြောဆိုခဲ့တာလို့လည်း ဆိုပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် […]

NCA ၉ နှစ်မြောက်ကာလနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မယ့် အလားအလာ၊ တရုတ်နိုင်ငံနဲ့ ပိုပြီးနီးကပ်လာတဲ့ စစ်ကောင်စီ

(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂၄⁨⁨⁨⁨⁨⁨ NCA ၉ နှစ်မြောက်ကာလနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မယ့် အလားအလာ၊ တရုတ်နိုင်ငံနဲ့ ပိုပြီးနီးကပ်လာတဲ့ စစ်ကောင်စီ အောက်တိုဘာ ၁၅ ရက်နေ့ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးတဲ့ ၉ နှစ်မြောက်နေ့ ဖြစ်ပြီး စစ်ကောင်စီက နေပြည်တော်မှာ ကျင်းပတဲ့ နှစ်ပတ်လည် အခမ်းအနားမှာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က NCA နဲ့ ဆက်နွယ်ပြီး လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေကို ပြောဆိုခဲ့ပါတယ်။ ဒီလို ပြောဆိုရာမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ လက်မှတ်ရေးထိုးခဲ့တဲ့ NCA စာချုပ်ကို EAO လို့ အတိုကောက်ခေါ်ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အကြိမ်ကြိမ် […]

ယာဂီမုန်တိုင်း ရေဘေးကနေ ပြန်လည်ရုန်းထဖို့ စိန်ခေါ်မှုတွေ

(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ယာဂီမုန်တိုင်း ရေဘေးကနေ ပြန်လည်ရုန်းထဖို့ စိန်ခေါ်မှုတွေ စက်တင်ဘာလဆန်းမှာ တောင်တရုတ်ပင်လယ်ကနေ ဗီယက်နမ် နဲ့ တရုတ်နိုင်ငံတွေကို ကုန်းတွင်း ဝင်ရောက်ခဲ့တဲ့ အင်အားပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့တာ တလကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ တိုင်းဖွန်းမုန်တိုင်း တိုက်ခတ်မှုကို တိုက်ရိုက်ခံရတဲ့ ကမ်းခြေနိုင်ငံတွေမှာလည်း ပျက်စီးဆုံးရှုံးမှု ကြီးမားသလို ကုန်းတွင်းဝင်ရောက်လာရာမှာ မုန်တိုင်းအကြွင်းအကျန် တိမ်ထုတွေ လေပွေလှိုင်းတွေကြောင့် ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုက လာအို၊ ထိုင်းနိုင်ငံမြောက်ပိုင်း နဲ့ မြန်မာနိုင်ငံတွေ မှာ ရေကြီး မြေပြိုမှုတွေ ဖြစ်ပွားပြီး အသက်ဆုံးရှုံးမှုနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ၊ လယ်ယာစိုက်ခင်း ပျက်စီးမှုတွေ အများအပြား ဖြစ်ပွားခဲ့ပါတယ်။ မုန်တိုင်းဒဏ်ကို တိုက်ရိုက်ခံရတဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေမှာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမားသော်လည်း လူ့အသက်ဆုံးရှုံးမှုမှတော့ မုန်တိုင်းရဲ့ […]