ylliX - Online Advertising Network

5G+ စက်မှုလုပ်ငန်းသုံး အင်တာနက်ကြောင့် သမားရိုးကျ ကဏ္ဍများ ပိုမိုခေတ်မီအဆင့်မြင့်မားလာ

တရုတ်နိုင်ငံ၏ သမားရိုးကျ လုပ်ငန်းကဏ္ဍများမှာ 5G+ စက်မှုလုပ်ငန်းသုံးအင်တာနက်ကြောင့် ပိုမိုခေတ်မီအဆင့်မြင့်မားလာခဲ့သည်။ အဆိုပါ နောက်ဆုံးပေါ် ဆန်းသစ်တီထွင်မှုက ကုန်သေတ္တာဆိပ်ကမ်းများရှိ အလိုအလျောက် ဝန်ချီစက်များမှသည် နည်းပညာဖြင့် လည်ပတ်သော ခဲနက်တူးဖော်ရေးလုပ်ငန်းအထိ စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ ကုန်ကျစရိတ် လျှော့ချခြင်းနှင့် စက်မှုလုပ်ငန်းဆိုင်ရာ စံနမူနာများအား အသွင်သစ်ဖြင့် ပုံဖော်ခြင်းတို့ကို လုပ်ဆောင်ပေးလျက်ရှိသည်။ (Xinhua)သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Y3z…………………………………………………………..(English Version)Traditional sectors get smarter with 5G+ industrial internetChina’s traditional sectors get smarter with 5G+ industrial internet. From automatic cranes at container terminals to tech-fueled graphite mining, this […]

စိတ်ကြွဆေးပြားများ တရားမဝင်တင်သွင်းရန်ကြိုးပမ်းသော မြန်မာနိုင်ငံသား သုံးဦးကို အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းဆီး

၂၄.၁၁. ၂၀၂၄Written by Shwe Phyo အိန္ဒိယ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB) အဖွဲ့ နှင့် မာတစ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မီဇိုရမ်ပြည်နယ် မာတစ် ဒေသအနောက်ပိုင်းတွင် တရားမဝင်မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်သူများကို စီးနင်းရှာဖွေခဲ့ရာ မြန်မာနိုင်ငံသား သုံးဦးကို နိုဝင်ဘာ ၂၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။ ဖြစ်စဥ်များ၌ ထရီပူရာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် အနီးရှိ မာတစ်မြို့တွင်နေထိုင်နေသော မြန်မာနိုင်ငံသားတစ်ဦးထံမှ အမေရိကန်ဒေါ်လာ ၂ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့အပြင် အိန္ဒိယအာဏပိုင်များသည် မီဇိုရမ်ပြည်နယ်ရှိ Zamuang ကျေးရွာအနီးမှ ဖြတ်သန်းမောင်းနှင်သွားသော ကားတစ်စီးကို ထပ်မံတားဆီး ရပ်တန့်စစ်ဆေးခဲ့ရာ စိတ်ကြွဆေးပြား ၁၃ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အိန္ဒိယရဲတပ်ဖွဲ့က အဆိုပါဖမ်းဆီးရမိမှုနှစ်ခုအတွင်း မြန်မာနိုင်ငံ၊ ဖလမ်းမြို့တွင်နေထိုင်သူတစ်ဦးအပါအဝင် […]

My Hero – Alone – Wattpad

So first a note this story is probably gonna sound either familiar or basic, perhaps both anyway… Sams pov:I walked to my locker tucking my head into my hoodie looking down. I was desperately Trying to go unoticed from the school bullies, Trent and Luke. I rounded the corner as the last bell of the […]

တရုတ်၏ မြန်မာမူဝါဒ မျှခြေပျက်ယွင်းခြင်းနှင့် ဆုံးရှုံးနိုင်ခြေများ – Myanmar Now

ယနေ့ မြန်မာ့အရေးတွင် အိမ်နီးချင်းအင်အားကြီး တရုတ်အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုသည် ပထဝီနိုင်ငံရေး နှင့် စီးပွားရေး၊ ဒေသတွင်း တရုတ်၏ဩဇာချဲ့ထွင်ရေးနှင့် နယ်နမိတ်ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများကို ၎င်း၏လောင်းရိပ်အောက်တွက်သာ ရှင်သန်စေရေး စသည့် အကြောင်းချင်းရာများက လွှမ်းမိုးထားသည်။  အထူးသဖြင့် မြန်မာစစ်ခေါင်းဆောင်များ စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းများ ကြုံတွေ့နေရ ချိန်၊ ဒေသတွင်းနှင့် ကမ္ဘာ့အသိုက်အဝန်း၏ ပြစ်ပယ်ထားခြင်း ခံထားရချိန်၊ တရုတ်နိုင်ငံ၏ အကူအညီနှင့် အကာအကွယ်ကို အရေးတကြီးရှာဖွေလာခြင်းအပေါ် တရုတ်အစိုးရသည် “မြန်မာအခက်၊ တရုတ်အချက်” ဟု ကောင်းစွာတွက်ချက် အသုံးချပြီး၊ မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာသို့ အတားအဆီးမဲ့ကုန်သွယ်နိုင်ခွင့်၊ မြန်မာ့သယံဇာတများကို စိတ်ကြိုက်ထုတ်ယူသုံးစွဲနိုင်ခွင့် နှင့် တရုတ်နိုင်ငံ၏ မြန်မာပြည်တွင်းမှ အကျိုးစီးပွား များကို ကာကွယ်ရန် အကြောင်းပြချက်ဖြင့် စစ်ရေးအရ စွက်ဖက်နိုင်သော မဟာအခွင်အလမ်းကြီး ရရှိသွားပြီ […]

Swimfan (2002) – Channel Myanmar

အထက်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်တဲ့ ဘန်ဟာ အတိတ်ဆိုးတွေရှိခဲ့ပေမယ့် ပင်ကိုစိတ်ရင်းကောင်းပါတယ်။ ကျောင်းရေကူးအသင်းမှာလဲ စံချိန်ကောင်းတွေရထားပြီး တက္ကသိုလ်ပညာတော်သင်ဆုရဖို့နီးစပ်နေပါပြီ။ အချိန်ပိုင်းအလုပ်အနေနဲ့လဲ သူနာပြုလုပ်နေပါတယ်။ သူ့ကိုသိပ်ချစ်တဲ့ချစ်သူလေး အေမီဆိုတာလဲရှိပါသေးတယ်။ အရာရာပြီးပြည့်စုံနေပြီး တက်လမ်းတွေပါဖြောင့်ဖြူးနေတဲ့ သူ့ရဲ့ဘဝဟာ မက်ဒီဆင်ဆိုတဲ့ နောက်ကြောင်းမရှင်းတဲ့မိန်းကလေးတစ်ယောက်နဲ့ တစ်ညတာပတ်သတ်မိရာကနေ ထက်အောက်ပြောင်းပြန်လှန်ပြီး ဗြောင်းဆန်သွားရပါတော့တယ်။ ရက်ပိုင်းလေးအတွင်းမှာတင် ဘဝတစ်ခုကို မိန်းကလေးတစ်ယောက် ဘယ်လို ခြေမွှဖျက်ဆီးပစ်လိုက်မလဲဆိုတာကိုတော့ ဆက်လက်ရှုစားပေးပါ။ Jesse Bradford နဲ့ Erika Christensen တို့က ဉီးဆောင်ပါဝင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူ T-Lone ပါ) File size…(1.3 GB)/(684 MB)Quality….Webrip HEVC 1080p / 720pFormat…mp4/ mkvDuration….01:48:00Genre…Thriller, Mystery Subtitle….Myanmar Subtitle (Hardsub)Encoder….Swan Min HtetTranslated by Lone ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App […]

စီးပွားရေး ချွတ်ခြုံကျနေချိန် စစ်စရိတ် ကျပ်ဘီလျံ ၄၁,၀၀၀ ကျော် သုံးစွဲခြင်းရဲ့ ဂယက်

(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၂၄⁨⁨⁨⁨⁨⁨ စီးပွားရေး ချွတ်ခြုံကျနေချိန် စစ်စရိတ် ကျပ်ဘီလျံ ၄၁,၀၀၀ ကျော် သုံးစွဲခြင်းရဲ့ ဂယက် နိုင်ငံတဝှမ်းဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်း အသီးသီးမှာ ထုတ်လုပ်မှု ကျဆင်းချိန် တနိုင်ငံလုံးရဲ့ အသားတင်ထုတ်လုပ်မှုတွေ ကျဆင်းနေချိန်မှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ တနှစ်တာ စစ်အသုံးစရိတ်ဘတ်ဂျက် ပမာဏက ကျပ် ဘီလျံ ၄သောင်း ၁ ထောင်အထိ တိုးမြင့်လာခဲ့တယ်လို့ သတင်းဖေါ်ပြချက်တွေအရ သိရပါတယ်။  အခုလို ဘတ်ဂျက်အသုံးစရိတ်တွေကို အသေးစိတ် တရားဝင် မထုတ်ပြန်သော်လည်း အချို့အစည်းအဝေးတွေမှာ ပြောဆိုထားချက်တွေအရ သိရှိရတဲ့ သဘောလို့လည်း သတင်းဌာနတွေက ဖေါ်ပြထားကြပါတယ်။  ယခင်နှစ်က ကျပ် ဘီလျံ ၃ သောင်းကျော် သုံးစွဲခဲ့တယ်လို့ ဘီဘီစီ […]

ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ – iMyanmarHouse.com

ယနေ့ကာလတွင် ပထမဆုံးနေအိမ်တစ်လုံး ပိုင်ဆိုင်လိုသူများမှာ မျိုးရိုးစဉ်ဆက် ချမ်းသာသူများမဟုတ်လျှင် (သို့မဟုတ်) ထီပေါက်ကာ ရုတ်တရက်ချမ်းသာလာခြင်းမျိုးမရှိလျှင် နှစ်ပေါင်းများစွာ ငွေစုဆောင်းကာ ဝယ်ယူကြရမည် ဖြစ်သည်။ နေအိမ်ပိုင်ဆိုင်ရေးအတွက် အခွင့်ထူးတစ်ခု ရှာဖွေနေသည်ဆိုပါက အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့ရှိ အိပ်ခန်း ၁ ခန်းပါ လူနေခန်းတစ်ခန်း ၁ ပေါင်မျှဖြင့် ရောင်းချရန် စီစဉ်နေသည်။ သို့သော် သတိပြုရမည့်အချက်ရှိနေသည်။ တတိယထပ်တွင် တည်ရှိသော အခန်းဖြစ်ပြီး ပြန်လည်ပြုပြင်မွမ်းမံမှုများ ကြီးမားစွာလုပ်ဆောင်ရန် လိုအပ်နေသော အခန်းဖြစ်သည်။ ပန်းရောင်ရေချိုးခန်းရှိ ရေစိမ်ကန်မှာလည်း မှိုစွဲနေသည်။ ယခင်က လျှပ်စစ်မီး၊ ရေပိုက်လိုင်းနှင့် ရေဆိုးထုတ်ပိုက်လိုင်းတို့ရှိခဲ့သော်လည်း ဈေးကွက်တင်ကြော်ငြာတွင် ဖော်ပြချက်အရ ထိုအရာများကို စစ်ဆေးကြည့်ရှုထားခြင်းမရှိကြောင်း ဖော်ပြထားသည်။ အခြေအနေအတိအကျဖော်ပြထားခြင်းမရှိရာ ဝယ်လက်အတွက် ကံကောင်းမည်ဟုသာ မျှော်လင့်ရသည်။ (ပြန်လည်ပြုပြင်မွမ်းမံမှု များစွာလိုအပ်သည်။ ဓာတ်ပုံ-Loveitts)   ပိုမိုအရေးတကြီး […]