ကိုအောင်မှိုင်း – လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁၂)
(မိုးမခ) အောက်တိုဘာ ၁၈ ၊ ၂၀၂၄
(ကျူးဘားတော်လှန်ရေးက အခြေခံသင်ခန်းစာ ( ၃ ) ရပ်ကို အခိုင်အမာ ပြဋ္ဌာန်းပေးခဲ့တယ်။
၁။ပြည်သူ့တော်လှန်ရေးအင်အားစုတွေက စစ်တပ်ကြီးတခုကို တိုက်ခိုက်အောင်ပွဲခံနိုင်တယ်။
၂။ တော်လှန်ရေးလုပ်ဖို့ လိုအပ်တဲ့ အခြေအနေတွေ အပြည့်အစုံ ဖြစ်တည်လာချိန်ထိ စောင့်စရာ မလိုဘဲ တော်လှန်ရေးက အဲဒီအရာတွေကို ဖန်တီးနိုင်တယ်။
၃။ မဖွံ့ဖြိုး မတိုးတက်သေးတဲ့ အမေရိကတိုက်မှာ ကျေးလက်ဒေသဟာ လက်နက်ကိုင်တိုက်ပွဲ အတွက် အခြေခံဒေသ ဖြစ်တယ်။)
ချေဂွေဗားရား ၁၉၂၈ – ၁၉၆၇
နံပါတ် ၁ နဲ့ နံပါတ် ၂ ကို အရေခြုံတော်လှန်ရေးသမားတွေ၊ အချောင်သမားအတွေးအခေါ်ရှိတဲ့သူတွေက ရန်သူကြေးစားစစ်တပ်ကို ဘယ်လိုမှ တိုက်ခိုက်ချေမှုန်းနိုင်မှာ မဟုတ်ဘူးဆိုတဲ့ ဆင်ခြေတွေနဲ့ စစ်အနိုင်တိုက်ရေးကို စေ့စပ်ရေးအဖြစ် ဖန်တီးလေ့ရှိကြတယ်။
ကနေ့ တော်လှန်ရေးအတွက် ကြောက်စရာအကောင်းဆုံး အန္တရာယ်ဟာ အချောင်သမားတွေရဲ့ စေ့စပ်ရေးအတွေးအခေါ်နဲ့ လုပ်ဟန် ဖြစ်တယ်။
၆။ မြေအနေအထားကို အသုံးချခြင်း( Terrain Utilization )
အရေးကြီးတဲ့ စစ်ဗျူဟာတခုဖြစ်ပြီး၊ တိုက်ပွဲအတွင်း မိမိတပ်ဖွဲ့အတွက် ရန်သူကို တိုက်ခိုက်ချေမှုန်းနိုင်ဖို့အတွက် မြေအနေအထားရွေးချယ်မှုနဲ့ ထိရောက်စွာ အသုံးချနိုင်မှုဟာ အလွန်အရေးပါကြောင်း စစ်သူကြီးတိုင်း သတိထားမိလေ့ရှိပါတယ်။ ထိုးစစ်ဖြစ်စေ၊ ခံစစ်ဖြစ်စေ မြေပြင်မှာ ပကတိတည်ရှိနေတဲ့ မြေအနေအထားကို ဆုပ်ကိုင်နိုင်ဖို့ဟာ စစ်ကို ကွပ်ကဲသူများအဖို့ မဖြစ်မနေ ဆောင်ရွက်ရလေ့ရှိပါတယ်။
တောတောင်လား၊ မြေပြန့်လား၊ မြစ်ချောင်းဒေသလား၊ မြစ်ကျိုးအင်းလား စတဲ့ မတူကွဲပြားတဲ့ မြေအနေအထားကို ဆုပ်ကိုင်ပြီး တပ်ကို စုစည်းတာ နေရာချတာ၊ တက်လမ်း၊ ဆုတ်လမ်းရွေးတာ စတာတွေကို စီစဥ်ရသလို မြေပြင်အနေအထားကို ဆုပ်ကိုင်မိသူတွေက စစ်ဆင်ရေးတွေမှာ တပန်းသာလေ့ရှိတာ တွေ့ရလေ့ရှိပါတယ်။ ပြောက်ကျားတပ်တွေ အောင်ပွဲရလေ့ရှိတာ ဒီသဘောတရားကို လက်တွေ့အဖြစ် ဆောင်ရွက်နိုင်လို့ ဖြစ်ပါတယ်။
အဓိပ္ပာယ်နှင့် အရေးပါမှု
မြေအနေအထားကို သိရှိနားလည်ခြင်းနဲ့ မြေပြင်အနေအထားကို မိမိအကျိုးအတွက် အသုံးပြုခြင်း ဖြစ်ပါတယ်။ မိမိတပ်ဖွဲ့ကို သင့်လျော်သော မြေအနေအထားမှာ ဗျူဟာမြောက် ချထားနိုင်ခြင်းဟာ သိသာထင်ရှားတဲ့ အကျိုးဖြစ်ထွန်းမှုကို ရရှိစေမှာ ဖြစ်ပါတယ်။
တပ်စိတ်၊ တပ်စု၊ တပ်ခွဲ၊ တပ်ရင်း၊ ဗျူဟာ၊ တပ်မဟာ၊ တပ်မ စတဲ့ သေးငယ်တဲ့ ယူနစ်ကစပြီး တပ်တခုလုံးနေရာချထားခြင်းဟာ စစ်ကို စီမံခန့်ခွဲသူတိုင်း အသေအချာ အခိုင်အမာလုပ်ရလေ့ရှိတဲ့ ဖြစ်စဥ်တခုဖြစ်လို့ အရေးကြီးပါတယ်။ စစ်မြေပြင် ရွေးချယ်တဲ့အခါမှာ မိမိအားသာချက်နဲ့ ကိုက်ညီတဲ့ တပ်တည်ကို ရွေးချယ်နိုင်ဖို့ လိုပြီး ရန်သူ အားနည်းချက်တွေကို အသုံးချတတ်ဖို့ အရေးကြီးပါတယ်။
Sun Tzu က မတူညီတဲ့ မြေအမျိုးအစားတွေကို အမျိုးအစားခွဲကာ ရန်သူအပေါ် သာလွန်မှုရရှိဖို့ အခြေအနေတစ်ခုစီအတွက် ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာကို သေသေချာချာ ရှင်းပြပါတယ်။ တောတောင်ထူထပ်တဲ့ မြေ၊ မြစ် ချောင်း အင်းအိုင် ပေါတဲ့မြေ၊ ချုံထူထပ်တဲ့မြေ၊ မြေပြန့် လွင်ပြင်၊ မြင့် မားမတ်စောက်တဲ့မြေ စသဖြင့် မြေအမျိုးမျိုး ရှိပါတယ်။ မြေပြင်အနေအထားကို ကျွမ်းကျင်စွာ အ သုံးချနိုင်ဖို့လည်း အကြံပြုထားပါတယ်။
အသုံးချနည်းများ
၁။ မြေပြင်အားသာချက်များကို အကောင်းဆုံး အသုံးချခြင်း (Maximize Terrain Advantages)
၂။ ရန်သူ၏ အားနည်းချက်ကို အသုံးချခြင်း (Exploit Enemy's Weakness through Terrain)
၃။ မြေအနေအထားကို ထောက်လှမ်းခြင်းနဲ့ စောင့်ကြည့်လေ့လာခြင်း (Reconnaissance and Observation)
၄။ တပ်ရွေ့နိုင်မှုအတွက် မြေပြင်နဲ့ လိုက်လျောညီထွေဖြစ်ခြင်း (Adapt to Terrain for Mobility)
၅။ တပ်အရွေ့ကို လှည့်စားခြင်းနဲ့ လွဲမှားစွာ ယုံကြည်စေခြင်း (Deception and Misdirection)
၆။ မြေပြင်ပြောင်းလဲမှုများမှာ လျင်လျင်မြန်မြန်နဲ့ ပြောင်းလွယ်ပြင်လွယ်ဖြစ်အောင် စီစဥ်ခြင်း (Flexibility and Speed in Terrain Changes)
ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခြင်း
၁။ မဟာဗျူဟာမြောက် အစီအစဥ် ကြိုတင်ရေးဆွဲခြင်း (Strategic Planning)
၂။ အချက်အလက်များကို စုဆောင်းခြင်း (Intelligence Gathering)
၃။ မြေပြင်အခြေအနေကို လေ့လာခြင်း (Terrain Study)
၄။ စနစ်တကျ နေရာချထားခြင်း (Troop Deployment and Coordination)
၅။ ခိုင်ခန့်တဲ့ ကာကွယ်ရေးစနစ် ထူထောင်ခြင်း (Establish Strong Defense)
၆။ ကြိုတင်ဇာတ်တိုက်ခြင်း (Simulation and Drills)
၇။ အချိန်နဲ့ ရည်မှန်းချက်သတ်မှတ်ခြင်း (Timing and Objective Setting)
ချုပ်ပြောရမယ်ဆိုရင် သေချာပြင်ဆင်ထားမယ်ဆိုရင် စစ်ပွဲအတွင်း ယုံကြည်မှုရှိပြီး မျှော်လင့်တဲ့ အောင်မြင်မှုကို ရယူနိုင်ပါတယ်။ ရန်သူတိုက်ခိုက်မှုကို ကောင်းစွာခုခံနိုင်မှာ ဖြစ်သလို မိမိမှလည်း ရန်သူကို တိုက်ခိုက်ချေမှုန်းဖို့ အခွင့်အလမ်းကောင်းတွေကို မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။
၇။ ရန်သူ့အားနည်းချက်ကို တိုက်ခိုက်/စစ်ဆင်ခြင်း( Attack the Weak Points / Manoeuvre )
စစ်မဟာဗျူဟာတွေထဲမှာ အဓိကအချက်တခုလို့ ပြောနိုင်ပါတယ်။ စစ်သူကြီးတိုင်းလည်း ဒီအချက်ကို ဆုပ်ကိုင်တိုက်ပွဲဝင်လေ့ရှိပါတယ်။ စစ်ဆင်ရေး (Manoeuvre) တခု လုပ်တော့မယ်ဆိုရင် ထိ ရောက်တဲ့ လှုပ်ရှားမှု (Effective Mobility) ရှိဖို့ လိုပါတယ်။
စစ်ဆင်ရေးဆောင်ရွက်ရာမှာ မိမိတပ် ဖွဲ့ဟာ လျှင်မြန်ဆန်စွာ လှုပ်ရှားနိုင်စွမ်းရှိရပါမယ်။ ရန်သူအားနည်းချက်ကို သိတာနဲ့ ချက်ချင်း ဝင် ရောက်တိုက်ခိုက်နိုင်စွမ်းရှိရပါမယ်။ စုစည်းတိုက်ခိုက်မှု (Concentration of Force) ကို ဆောင် ရွက်နိုင်စွမ်းရှိရပါမယ်။
တပ်ဖွဲ့အားလုံးကို တစုတဖွဲ့ စုစည်းပြီး ရန်သူရဲ့ အားနည်းတဲ့ နေရာကို အထိ ရောက်ဆုံး ဝင်တိုက်ရပါမယ်။ ပြောင်းလွယ် ပြင်လွယ်မှု (Flexibility in Attack) ကို သတိထားရပါမယ်။
စစ်ဆင်ရာမှာ ရန်သူရဲ့ လှုပ်ရှားမှုအပေါ် မူတည်ပြီး စစ်သူကြီးတွေအနေနဲ့ တိုက်ခိုက်ရာမှာ ပြောင်းလွယ်ပြင်လွယ် ဖြစ်ရပါမယ်။
ရန်သူရဲ့ အားနည်းချက်ကို တိုက်ခိုက်နည်းများ
၁။ ရန်သူရဲ့ အားနည်းချက်ကို လေ့လာခြင်း (Identify the Weak Points)
၂။ လူအင်အားနည်းသောနေရာကို တိုက်ခိုက်ခြင်း (Target Vulnerable Units)
၃။ ရန်သူ၏ လက်နက် အသုံးပြုမှု အားနည်းချက်ကို အမြတ်ထုတ်ခြင်း (Exploit Poor Weaponry or Equipment)
၄။ ရန်သူ၏ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်များကို အသုံးချတိုက်ခိုက်ခြင်း (Psychological Weaknesses)
၅။ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခြင်း (Surprise Attack)
၆။ ရန်သူကို ဦးတည်ချက်လွဲမှားအောင် ယောင်ပြလုပ်၍ တိုက်ခိုက်ခြင်း ( Misdirection and Deception )
စစ်ဆင်ရေးပြုလုပ်ခြင်း (Manoeuvre)
ထိရောက်သော လှုပ်ရှားမှု (Effective Mobility)
စစ်ဆင်ရေး ဆောင်ရွက်ရာမှာ မိမိတပ်ဖွဲ့ဟာ မြန်ဆန်စွာ လှုပ်ရှားနိုင်စွမ်းရှိရမည်။ ရန်သူရဲ့ အားနည်းချက်ကို ကြားမိတာနဲ့ ချက်ချင်း ဝင်တိုက်ခိုက်နိုင်စွမ်းရှိရမည်။
ပေါင်းစည်းပြီး ဝင်တိုက်ခြင်း (Concentration of Force) တပ်ဖွဲ့အားလုံးကို စုစည်းပြီး ရန်သူရဲ့ အားနည်းတဲ့နေရာကို အထိရောက်ဆုံး ဝင်တိုက်ရမည်။
ပြောင်းလွယ်ပြင်လွယ်ဖြစ်မှု (Flexibility in Attack)
စစ်ဆင်ရေးဆောင်ရွက်ရာမှာ ရန်သူ့လှုပ်ရှားမှုအလိုက် ပြောင်းလွယ်ပြင်လွယ် ဖြစ်ရမည်။
အကျိုးကျေးဇူးများ
၁။ ရန်သူ အလွယ်တကူဝင်ရောက်တိုက်ခိုက်မှုမှ ကာကွယ်နိုင်ခြင်း
၂။ ရန်သူကို ထိရောက်စွာ တိုက်ခိုက်နိုင်ခြင်း
၃။ ရန်သူကို ထိန်းချုပ်နိုင်ခြင်း
၄။ အင်အားနည်းတပ်ဖွဲ့များအတွက် အခွင့်အလမ်းကောင်း ဖြစ်စေခြင်း
ချုပ်ပြောရမယ်ဆိုရင် ရန်သူရဲ့ အားနည်းချက်များကို သေချာလေ့လာပြီး ထိရောက်တဲ့အချိန်မှာ ဝင် ရောက်တိုက်ခိုက်ခြင်းဖြင့် ကြီးမားတဲ့အောင်မြင်မှုတွေ အလျင်အမြန်ရစေနိုင်တဲ့အတွက် အရေးကြီးတဲ့ ဗျူဟာတခုအဖြစ် အသုံးပြုနိုင်ပါတယ်။
နောက်တပတ် ပြန်ဆုံကြမယ်ဗျာ။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar