ylliX - Online Advertising Network

စီးပွားရေး ချွတ်ခြုံကျနေချိန် စစ်စရိတ် ကျပ်ဘီလျံ ၄၁,၀၀၀ ကျော် သုံးစွဲခြင်းရဲ့ ဂယက်

(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၂၄⁨⁨⁨⁨⁨⁨ စီးပွားရေး ချွတ်ခြုံကျနေချိန် စစ်စရိတ် ကျပ်ဘီလျံ ၄၁,၀၀၀ ကျော် သုံးစွဲခြင်းရဲ့ ဂယက် နိုင်ငံတဝှမ်းဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်း အသီးသီးမှာ ထုတ်လုပ်မှု ကျဆင်းချိန် တနိုင်ငံလုံးရဲ့ အသားတင်ထုတ်လုပ်မှုတွေ ကျဆင်းနေချိန်မှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ တနှစ်တာ စစ်အသုံးစရိတ်ဘတ်ဂျက် ပမာဏက ကျပ် ဘီလျံ ၄သောင်း ၁ ထောင်အထိ တိုးမြင့်လာခဲ့တယ်လို့ သတင်းဖေါ်ပြချက်တွေအရ သိရပါတယ်။  အခုလို ဘတ်ဂျက်အသုံးစရိတ်တွေကို အသေးစိတ် တရားဝင် မထုတ်ပြန်သော်လည်း အချို့အစည်းအဝေးတွေမှာ ပြောဆိုထားချက်တွေအရ သိရှိရတဲ့ သဘောလို့လည်း သတင်းဌာနတွေက ဖေါ်ပြထားကြပါတယ်။  ယခင်နှစ်က ကျပ် ဘီလျံ ၃ သောင်းကျော် သုံးစွဲခဲ့တယ်လို့ ဘီဘီစီ […]

ကမ္ဘာ့အရေးနဲ့ မြန်မာ့အရေး

(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ကမ္ဘာ့အရေးနဲ့ မြန်မာ့အရေး  ကမ္ဘာကြီးမှာ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်ပိုင်း ဆိုဗီယက်ရုရှားနဲ့ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုတို့အကြား ဖြစ်ပွားခဲ့တဲ့ စစ်အေးတိုက်ပွဲလို့ခေါ်တဲ့ လက်နက်အပြိုင် သုတေသနပြု၊ ထုတ်လုပ်၊ ဖြန့်ကြက်ခင်းကျင်းကြပြီး ပြိုင်ဆိုင်ကြတဲ့ ဆယ်စုနှစ် ၄ ခုကျော်ကာလနောက်ပိုင်း အဆိုပါ စစ်လက်နက်တွေထဲက ထပ်မံပြုပြင်မွမ်းမံထားတဲ့ လက်နက်တချို့ ပထမဆုံး စတင်သုံးစွဲ တိုက်ခိုက်တဲ့ အခြေအနေကို ရောက်ရှိလာနေပြီဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ဆယ်စုနှစ် ၆ ခု ၇ ခုကာလအတွင်း သုတေသနလုပ် ထုတ်လုပ်ခဲ့ပေမယ့် တကြိမ် တခါမျှ တကယ့်စစ်ပွဲတွေမှာ မသုံးခဲ့ကြဖူးတဲ့ ကီလိုမီတာ ရာချီရောက်နိုင်တဲ့ တာလတ်ပစ် ဒုံးလက်နက်တွေကို ထုတ်လုပ်တဲ့ အမေရိကန် နဲ့ ဗြိတိန်နိုင်ငံတို့က ယူကရိန်းကို အသုံးပြုခွင့်ပေးပြီး နောက်ရက်မှာပဲ ယူကရိန်းက […]

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ စစ်ကောင်စီထိုးစစ် တချို့ စတင် ၊ နောက်ထပ် ဖြစ်ပေါ်လာနိုင်တဲ့ နယ်မြေတွေ

(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီထိုးစစ် တချို့ စတင် ၊ နောက်ထပ် ဖြစ်ပေါ်လာနိုင်တဲ့ နယ်မြေတွေ  ယခုနှစ် ဇွန်လနှောင်းပိုင်းက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယအကျော့ နောက်ပိုင်း စစ်ကောင်စီ လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေ တချို့နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်နီဒေသက နယ်မြေအချို့ တို့ကို ပြန်လည်ရယူဖို့ စစ်ကောင်စီဘက်က ပြင်ဆင်နေတဲ့ လက္ခဏာတွေ စတင်ဖြစ်ပွားလာတာတွေ တွေ့နေရပြီ ဖြစ်ပါတယ်။  ယခုရက်ပိုင်း အတွင်း ထွက်ပေါ်လာတဲ့ သတင်းတွေမှာ စစ်ကောင်စီတပ်တွေ မိုင်းရယ်-တန့်ယန်းဘက်မှာ အင်အားဖြည့်ပြီး ပြင်ဆင်နေကြတဲ့ လက္ခဏာ၊ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နယ်မြေဘယ်ဒေသကမဆို လားရှိုးမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းတွေမှာ ပေးမသွားတော့တာ၊ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက MDY-PDF တွေ […]

ရွေးကောက်ပွဲ နဲ့ ပြည်တွင်းစစ်

(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ရွေးကောက်ပွဲ နဲ့ ပြည်တွင်းစစ် ကမ္ဘာ့နေရာ အချို့မှာလည်း ဒေသတွင်းစစ်ပွဲတွေက တဆင့် ကမ္ဘာစစ် ဖြစ်လာမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ စစ်ပွဲဖြစ်လာရင် ဘယ်လို ရင်ဆိုင်ကြမလဲဆိုတဲ့ အစီအစဥ်တွေ ကြိုတင်ပြင်ဆင်နေကြတဲ့အထိ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့နောက် ကမ္ဘာစစ်နုတ်ခမ်းကို ပထမဆုံးအကြိမ် လျှောက်လှမ်းနေကြတဲ့ အနေအထားမျိုး ရောက်ရှိနေပါတယ်။ လက်နက်တွေ စစ်သည်တွေ ရွှေ့ပြောင်းနေရာချတာမျိုး အဆင့်မဟုတ်ပေမယ့် ဖြစ်လာနိုင်ခြေ ရှိတယ်ဆိုတဲ့ စဥ်းစားမှု၊ ဖြစ်လာခဲ့ရင် ဘယ်လို အစီအစဥ်တွေ ချမှတ်ကြမလဲဆိုတဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးချမှတ်တဲ့ နိုင်ငံတွေ အနောက်ဥရောပမှာ ရှိလာနေတာ ကြားနေရတာ ဖြစ်ပါတယ်။  ယူကရိန်း-ရုရှားစစ်ပွဲက ဥရောပကို စစ်မီးတောက် ပျံ့နှံ့စေမလား ၊ နောက် စစ်မီးပြန့်နှံ့နိုင်စေတဲ့ နေရာတနေရာဖြစ်တဲ့ အရှေ့အလယ်ပိုင်း […]

နိုင်ငံတကာသာဂိ – အမေရိကန် အိမ်ကွင်းမှာ စိန်ခေါ်ခံနေရဆဲ ဒီမိုကရေစီတန်ဖိုးများနဲ့ ငါတို့မြန်မာတွေရဲ့နေရာ

(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၂၄ ၂၀၂၄ အမေရိကန်အထွေထွေ ရွေးကောက်ပွဲမှာ အတိုက်အခံပါတီခေါင်းဆောင် ထရန့်နဲ့ ပါတီဝင်အမတ်တွေ အများအပြားက အာဏာလက်ရှိ ဒီမိုကရက်ပါတီကို အနိုင်ရသွားပါတယ်။ သည်အတွက် ခုချိန်ထိ တတ်သိပညာရှင်တွေ မီဒီယာသမားတွေက ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေတုန်းပဲ။  သာဂိလည်း ခုထိ ရေးစရာတွေ အများကြီးပဲ။ ပတ်ဝန်းကျင်မှာ ပြောကြ ဆိုကြ မှတ်ချက်တွေ ပေးကြနဲ့။ ပထမ ပြောစရာကတော့ ဒီမိုတွေ ရှုံးတာပေါ့၊ အခြေခံလူတန်းစား၏ လက်တွေ့ခံစားချက်ကို ကိုယ်ချင်းမှ မစာတာကိုး ဆိုတာပါ။ သူတို့က ကုန်ဈေးနှုန်းတွေ တက်နေတာနဲ့ တိုင်းပြည်ထဲ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ တပြည်သားတွေအတွက် အခြေခံလူအများစုက စိုးရိမ်ပူပန်နေကြတာပါ။ နောက်တချက်က ပြည်တွင်းရေးမှာ အခုလို ပူပန်မှုတွေ ရှိနေတဲ့ကြားက အခြားတိုင်းပြည်တွေအတွက် (ယူကရိန်း၊ […]

မြန်မာ့အရေးနဲ့ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ

(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၂၄⁨⁨⁨⁨⁨⁨ မြန်မာ့အရေးနဲ့ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တိုက်ပွဲ၊ စစ်ရေး အင်အားချိန်ခွင်လျှာ အပြောင်းအလဲ၊ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ သြဇာ သို့မဟုတ် ဖိအားပေးမှု၊ လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေဒေသ၊ အုပ်ချုပ်ရေး ထူထောင်ခြင်း၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်ဘေးတိမ်းရှောင်သူ၊ အရပ်သားသေဆုံးမှု၊ လက်နက်ကိုင် အဖွဲ့များ အချင်းချင်းအကြားက ဆက်ဆံရေး၊ လက်နက်ကိုင် အဖွဲ့များရဲ့ ပူးပေါင်းတိုက်ခိုက်ခြင်းနဲ့ အကျိုးစီးပွား အစရှိတဲ့ သော့ချက် စကားလုံးတွေ က စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ မြန်မာနိုင်ငံအနာဂတ် ဘယ်လို ဖြစ်လာမလဲ ဘယ်လို ပုံဖော်ကြမလဲဆိုတဲ့ ကိစ္စရပ်တွေမှာ လွှမ်းမိုးနေတယ်လို့ ဆိုနိုင်ပါတယ်။  မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ရရှိရေး၊ အာဏာရှင်စနစ်အဆုံးသတ်ရေး၊  ဖက်ဒရယ် […]

MNDAA ခေါင်းဆောင်ကို အကျယ်ချုပ်ချထားတဲ့ တရုတ်အစိုးရ

(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၂၄⁨⁨⁨⁨⁨⁨ MNDAA ခေါင်းဆောင်ကို အကျယ်ချုပ်ချထားတဲ့ တရုတ်အစိုးရ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ကိုးကန့်နယ်က MNDAA လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ထိပ်ဆုံးခေါင်းဆောင်ဖြစ်သူ ဖုန်တာရွှင်ကို မြန်မာနိုင်ငံထဲက ကိုးကန့်နယ်ထဲ တရုတ်နိုင်ငံ အစိုးရကပြန်လာခွင့် မပေးတဲ့ အဖြစ်အပျက်က နိုဝင်ဘာလလယ်မှာ သတင်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။  အခုလို ထွက်ပေါ်လာတဲ့ သတင်းနဲ့ ပတ်သက်လို့ သတင်းဌာနတွေ တခုနဲ့တခု မတူကွဲပြားတဲ့ဖေါ်ပြချက်တွေ ဖေါ်ပြနေကြတာတွေ့ရပါတယ်။ အချို့သတင်းဌာနက ဖမ်းဆီးထားတယ်လို့ ရေးသားကြသလို အချို့က တော့ ဖမ်းဆီးတာမဟုတ်ကြောင်း ကိုးကန့်နယ်ကို ပေးမပြန်တာဆိုတဲ့ သဘောမျိုးရေးသားတာလည်း တွေ့ရပါတယ်။ တချို့သတင်းဌာနတော့ အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားပြီး လားရှိုးကနေ တပ်ပြန်ဆုတ်ဖို့ ဖိအားပေးတယ်လို့ လည်းရေးသား […]

သိမ်းပိုက်ထိန်းချုပ်မြို့ ၈၇ မြို့၊ နယ်မြေအလိုက် ထုတ်ထားတဲ့ စစ်မိန့်တွေ

(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၂၄⁨⁨⁨⁨⁨⁨ သိမ်းပိုက်ထိန်းချုပ်မြို့ ၈၇ မြို့၊ နယ်မြေအလိုက် ထုတ်ထားတဲ့ စစ်မိန့်တွေ တော်လှန် ရေးတပ် တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ ၈၇ မြို့ရှိပြီလို့ သတင်းများက ဆိုကြပါတယ်။  People’s Spring က ယနေ့သတင်းမှာ  အာရက္ခတပ်တော်(AA)က ရခိုင်ပြည်နယ်က ကျိန္တလီမြို့ကို သိမ်းပိုက်ထားတယ်လို့ နိုဝင်ဘာ ၁၄ ရက် မနက်အ စောပိုင်းက ထုတ်ပြန်တဲ့ “အာရက္ခ နှင့် ပလက်ဝဒေသစစ်ဆင်ရေး (၁) နှစ်ပြည့် သတင်းထုတ်ပြန်ချက်”မှာ ဖော်ပြထားပါတယ်လို့ ရေးပါတယ်။  လတ်တ လော ကချင်ပြည်နယ်ဘက်မှာ နောက်ဆုံးမြို့ဆိုရင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မြန်မာ-တရုတ်နယ်စပ်က မြို့ငယ် လေးဖြစ်တဲ့ ဖီမော်မြို့ကို နိုဝင်ဘာ ၂ ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် […]

တန်ဆောင်တိုင် ပံ့သကူ ပစ်ခြင်းနဲ့ တာဝန်မဲ့ စိတ်ထားများ၊ မိုးမောက်မြို့နယ်ထဲက ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ၉ ဦး သေဆုံး

(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၂၄⁨⁨⁨⁨⁨⁨ တန်ဆောင်တိုင် ပံ့သကူ ပစ်ခြင်းနဲ့ တာဝန်မဲ့ စိတ်ထားများ၊ မိုးမောက်မြို့နယ်ထဲက ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ၉ ဦး သေဆုံး ရန်ကုန်မြို့ တန်ဆောင်တိုင်ပွဲတော်ရာသီတွေမှာ လုပ်ဆောင်လေ့ရှိတဲ့ အလေ့အထ တခုက ပံ့သကူ ပစ်ခြင်းလို့ ခေါ်တဲ့ ကားလမ်းတလျှောက် ငွေကြေးစွန့်ကြဲတဲ့ အလေ့အထဖြစ်ပါတယ်။ ဒီအလေ့အထက သိပ်မဝေးတဲ့ နှစ်ကာလတွေကျမှ ပေါ်ပေါက်လာတဲ့ အလေ့အထဖြစ်ပြီး ရှေးတုန်းက ပံ့သကူ အဖြစ်စွန့်ကြဲတယ်ဆိုတဲ့ အခေါ်အဝေါ်အပေါ် အခြေခံပေမယ်လို့ လုပ်ကိုင်ပုံနည်းလမ်းတော့ မတူပါဘူး။ ရှေးအစဥ်အလာ ပံ့သကူစွန့်ကြဲခြင်းက ပေးကမ်းသူက ဘယ်သူဘယ်ဝါဆိုတာ မသိရစေဘဲ တနေရာရာမှာ ထားခဲ့တဲ့သဘောမျိုး ဖြစ်ပြီး အခုလို တန်ဆောင်တိုင်ပွဲတော်ရက်မှာ ကားနဲ့ ပစ်ချစွန့်ကြဲတာမျိုး မဟုတ်ပါဘူး။  တန်ဆောင်မုန်းလပြည့် ပွဲတော်ကာလရက်တွေမှာ အခုလို ပံ့သကူ […]