အညာမှာ ဒီနှစ်စာသင်ကျောင်းပေါင်း ဘယ်လောက် ဖွင့်လှစ်ထားနိုင်လဲ၊ အရင်နှစ်နဲ့ ဒီနှစ်နဲ့ ဘယ်လောက်ကွာလဲ၊ အညာဒေသက စိုးမိုးနယ်မြေတွေမှာ ကြားကာလပညာရေး စာသင်ကျောင်းတွေ လည်ပတ်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမြင်ကို သုံးသပ်ဆွေးနွေးချက်၊ ကြားကာလ ပညာရေး စာသင်ကျောင်းတွေမှာ ဘယ်လိုစနစ်မျိုး… Source link
တီဗွီ, ရုပ်သံသတင်းတို MTO မဇ္ဈိမ။ ။တော်လှန်ရေးအရှိန်မြင့်လာတာနဲ့အမျှ မြန်မာနိုင်ငံဒေသအနှံ့မှာလည်းတိုက်ပွဲတွေ ပြင်းထန်လာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ မဟာမိတ်စုဖွဲ့မှုနဲ့အတူ စစ်ကောင်စီကိုတိုက်ခိုက်နေကြပြီး စစ်ရေးအောင်မြင်မှုတွေရရှိနေပါတယ်။ အညာဒေသမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ မြို့ကိုးမြို့ကို ထိန်းချုပ်ထားပေမယ့် လက်ရှိထက်သာလွန်တဲ့ စစ်ရေးဖော်ဆောင်မှုတွေပြုလုပ်နိုင်ဖို့နဲ့ အားလုံးပါဝင်တဲ့တပ်ပေါင်းစုတည်ဆောက်ဖို့ လိုအပ်နေပြီလို့ တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက တိုက်တွန်းပြောဆိုလာကြပါတယ်။ အညာတော်လှန်ရေးတပ်ပေါင်းစုတည်ဆောက်နိုင်ဖို့ ဘာတွေလိုအပ်နေတာပါလဲ။ အညာဒေသက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ၊တော်လှန်ရေးအင်အားစုတွေရဲ့ သုံးသပ်ချက်တွေနဲ့အတူ ဒီရုပ်သံမှာကြည့်ရှုနိုင်ပါတယ်။ သတင်း – MTOတည်းဖြတ်/တင်ဆက် – MTO Source link
ရွှေနွယ် စစ်ကောင်စီဟာ ရှမ်းမြောက်က မိုင်းရယ်မှာ ထောင်နဲ့ချီတဲ့ စစ်အင်အားတွေကို ဖြည့်တင်းထားပြီး လက်ရှိမှာတော့ မိုင်းရယ်− လားရှိုး လမ်းပိုင်းကတဆင့် စွန့်လွှတ်ခဲ့ရတဲ့ လားရှိုးကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ လားရှိုးကနေ တပ်ပြန်ဆုတ်ဖို့ ငြင်းဆန်နေတဲ့ ကိုးကန့်တပ် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ်ဖမ်းထားတယ်ဆိုတဲ့ သတင်းတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။ တရုတ်နိုင်ငံရဲ့ဖိအားတွေနဲ့အတူ မြေပြင်မှာလည်း စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေ၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ရှိလာနေတဲ့အခါ ကိုးကန့်တပ် MNDAA အနေနဲ့ မြို့ကနေ ဆုတ်ခွာပေးမှာလား၊ စစ်ဆိုင်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာမှာပါလား။ အပြည့်အစုံကို ရွှေနွယ်က ပေးပို့တင်ဆက်ထားပါတယ်။ တည်းဖြတ်/တင်ဆက်- ရွှေနွယ် The post ၁၀၂၇ ဒုတိယလှိုင်းတိုက်ပွဲ တကျော့ပြန် ပြင်းထန်လာတော့မလား (ရုပ်သံ) appeared first […]
ပုံစာ – ပါကစ္စတန်သည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ဒေါ်လာ ၁.၄ ဘီလီယံတန်ဖိုးရှိ တရုတ်ဆိုလာပြားများကို တင်သွင်းခဲ့ပြီး ကမ္ဘာတွင် တတိယအကြီးဆုံး ဝယ်ယူသူဖြစ်လာသည်။ Afghandiaspora လျှပ်စစ်ဓာတ်အားခ အဆမတန်မြင့်မားနေခြင်းမှ ကင်းလွတ်စေရန် စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများက စျေးပေါသော တရုတ်ဆိုလာပြားများကို ပိုမိုအသုံးပြုလာကြသဖြင့် ပါကစ္စတန်စွမ်းအင်ကဏ္ဍတွင် ကြီးမားသော အသွင်ကူးပြောင်းမှုဖြစ်ပေါ်နေသည်။ အပေါ်ယံအားဖြင့် ယင်းအပြောင်းအလဲက အမြဲဖြစ်ပေါ်နေသော စွမ်းအင်အကျပ်အတည်းမှ လွတ်မြောက်စေပုံ ပေါ်သော်လည်း ဈေးပေါသော သွင်းကုန်များအပေါ် မှီခိုအားထားမှု ကြီးမားလာခြင်းက ပါကစ္စတန်၏ ရုန်းကန်နေရသော စီးပွားရေးကို ပိုမိုနက်ရှိုင်းသော ဘဏ္ဍာရေးအကျပ်အတည်းသို့ ကျဆင်းသွားစေမည့် ဘဏ္ဍာရေးနှင့် ရေရှည်တည်တံ့မှုဆိုင်ရာ အကျပ်အတည်းကို ဖန်တီးနေသည်။ နိုင်ငံတဝန်းရှိ စက်ရုံများနှင့် အိမ်ထောင်စုများက ၎င်းတို့၏ အိမ်ခေါင်မိုးများပေါ်တွင် တင်သွင်းလာသော ဆိုလာ ပြားများတပ်ဆင်ရေးအတွက် ကြိုပမ်းနေကြသည်။ ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်အများအပြားက […]
အမျိုးသားညီညွတ်ရေး အစိုးရ ဘင်္ဂလားပင်လယ်အော်တွင် ယခုရက်ပိုင်းအတွင်း မုန်တိုင်းဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံဒေသအချို့ မိုးရွာနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ယနေ့ သတင်းထုတ်ပြန်သည်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူနေသည့် စစ်အုပ်စုအဖွဲ့မှ စစ်ကောင်စီ တပ်သားသစ်နှစ်ဦး ထွက်ပြေးလာပြီး ရေစကြိုမြို့နယ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့(ပကဖ)ထံ အလင်းဝင်လာခဲ့ကြောင်း သတင်းရရှိသည်။ စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ်တွင် ဖြတ်သန်းသွားလာနေကြသည့် ခရီးသွားပြည်သူများ နှင့် မြို့နယ်တွင်း ကုန်စည်စီးဆင်းမှု လွတ်ကူရန်အတွက် လမ်းပြုပြင်ထိန်းသိမ်းရေး ကော်မတီဖွဲ့စည်း ကာ ပြုပြင်ပေးနေကြောင်း ဒီပဲယင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။ တော်လှန်ရေး လှုပ်ရှားမှုများ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံခရီးစဥ်မှ ပြန်ရောက်လာပြီးနောက် အစုလိုက်အပြုံလိုက် သေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှုများကို စစ်ကောင်စီက […]
The Standard အောက်တိုဘာလအတွင်း တရုတ်၏ စက်မှုကုန်ထုတ်လုပ်မှု ကျဆင်းခဲ့ပြီး အကျပ်အတည်းဆိုက်နေသော အိမ်၊ ခြံ၊ မြေကဏ္ဍတွင် ဝယ်ယူမှုမြင့်တက်လာသော်လည်း အလှည့်အပြောင်းအဖြစ် သတ်မှတ်ရန် စောလွန်းသေးသောကြောင့် တရုတ်အစိုးရအနေဖြင့် စီးပွားရေး ပြန်လည်နာလန်ထူရေး အစီအမံများချမှတ်ရန် ဖိအားများ ဆက်လက်ကြုံတွေ့နေရသည်။ တရုတ်ထုတ်ကုန်များကို အခွန်တိုးမြှင့်ကောက်ခံမည်ဟု ကတိပြုထားပြီး တရုတ်ဆန့်ကျင်ရေးသမားကို အစိုးရအဖွဲ့ဝင်အဖြစ် ခန့်အပ်ရန် အမည်စာရင်းတင်သွင်းထားသည့် ဒေါ်နယ်ထရမ့်သည် အိမ်ဖြူတော်သို့ ပြန်လာရန် ပြင်ဆင်နေသောကြောင့် တရုတ်မူဝါဒချမှတ်သူများမှာ ဖိအားသစ်များနှင့် ကြုံတွေ့နေရသည်။ တရုတ်နိုင်ငံတော်စာရင်းအင်းဗျူရို(NBS)၏ နိုဝင်ဘာ ၁၅ ရက် ထုတ်ပြန်ချက်များအရ အောက်တိုဘာလအတွင်း စက်မှုကုန်ထုတ်လုပ်မှုသည် ယမန်နှစ်ကထက် ၅ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သော်လည်း စက်တင်ဘာတွင် ထုတ်လုပ်နိုင်ခဲ့သည့် ၅ ဒသမ ၄ ရာခိုင်နှုန်းအောက် လျော့ကျသွားခဲ့ကာ ၅ […]
အမျိုးသားညီညွတ်ရေး အစိုးရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်ထားသည့် နွေဦးဖွံဖြိုးရေးဘဏ် (SDB) က ရှယ်ယာ များကို ဒုတိယအကြိမ် စတင်ရောင်းချနေပြီး လေးနာရီအတွင်း တိုကင်ဝယ်ယူမှုတန်ဖိုး အမေရိကန် ဒေါ်လာ ၁,၀၀၀,၀၀၀ ကျော်ရှိကြောင်း SDB က နိုဝင်ဘာလ ၁၅ ရက်နေ့ က ကြေညာသည်။ မိတ္ထီလာမြို့ရှိ ရှမ်းတဲလေတပ်စခန်းနှင့် တပ်မ(၉၉) ဌာနချုပ် တိုက်ခိုက်ခံရမှု၌ လေကြောင်းရန် ကာကွယ်ရေးစနစ် ပေါ့လျော့မှုဖြင့် လေကြောင်းအရာရှိ ၂ ဦးအပါအဝင်ငါးဦးအား အရေးယူရန် နေပြည်တော်သို့ ခေါ်ဆောင်သွားကြောင်း မိတ္ထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ) တာဝန်ခံ ဦးနောင်ချို၏ ပြောဆိုချက်ကို ကိုးကား၍ People’s Spring သတင်းတွင် ဖော်ပြ ထားသည်။ တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က တစ်နှစ်ပြည့် […]
ပုံအညွှန်း- နောင်ချိုမြို့ ဗုံးကြဲခံရမှုအပြီးမြင်ကွင်း (ဓာတ်ပုံ-ပေးပို့) လွှမ်းမိုး (မဇ္စျိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းက TNLA ထိန်းချုပ်ထားသော နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသားတဦးသေဆုံးကာ နေအိမ်လေးလုံးပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ နိုဝင်ဘာ ၁၄ ရက် ညနေ ၄ နာရီအချိန်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ပေါက်ကွဲအားပြင်းထန်သည့် ဗုံးနှစ်ကြိမ်ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နောင်ချိုမြို့ စျေးရပ်ကွက် နှင့် CB Bank နောက်ကျော တဝိုက်ကို ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြတ်စေတနာဆေးရုံလည်း မီးကူးလောင်ခဲ့ကြောင်း နောင်ချိုမြို့ခံတဦးက ယခုလိုပြောသည်။ “ဗုံးက ပေါက်ကွဲအားပြင်းပြီး နေအိမ်တွေ မီးစွဲလောင်တာတွေ ရှိတယ်။ မြတ်စေတနာ ဆေးရုံလည်း မီးကူးပြီးလောင်ခဲ့တယ်။ ဒဏ်ရာရရှိသူတော့ များနိုင်တယ်” ဟု နောင်ချိုမြို့ခံက […]
ပုံအညွှန်း-စစ်ကောင်စီဂျက်လေယာဥ်များ(ဓါတ်ပုံ-AFP)။ ဓါတု မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရဲတပ်ဖွဲ့ရုံးနှင့် ကားပစ္စည်းအရောင်းဆိုင်များကို စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲရာ ရဲသတင်းပေးသူ၏ဇနီး သေဆုံးသွားပြီး အသက် ၈၀ အရွယ် အဘွားအိုအပါအဝင် အရပ်သား လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိကြောင်း သိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၃ ရက်) ညနေတွင် ဗုံးကြဲခံရခြင်းဖြစ်ပြီး ဒဏ်ရာရ အရပ်သားများကို ဆေးရုံသို့ပို့ဆောင်ထားရပြီး ရဲသတင်းတပ်ဖွဲ့မှ ဦးဇော်ဇော်ထွန်း၏ ဇနီးဖြစ်သူ ကျောင်းဆရာမမှာ ဦးခေါင်းလက်နက်ကြီး ကျည်စထိမှန်၍ ဆေးရုံသို့ပို့ဆောင်ရာ ဆေးရုံရောက်ရှိပြီးနောက် သေဆုံးသွားကြောင်း အမ်းမြို့ဒေသခံတဦးက ပြောသည်။ “အမှတ်( ၃ )ရပ်ကွက်က အခုချိန် လူနေအထူထပ်ဆုံးနေရာဖြစ်တယ်။တိုက်ပွဲဖြစ်တာမရှိဘူး။ ဗုံးကြဲလိုက်တဲ့နေရာအနီးအနား လူနေအိမ်အစပ်တွေကို မေးကြည့်လိုက်တာတွေ ဂျက်ဖိုက်တာတွေကြဲပြီးတာနဲ့ အပေါ်ထောင်တက်သွားတယ်တဲ့။ ထိတဲ့အထဲအဘွားအိုရယ်၊ ကလေးတယောက်လည်းပါတယ်။ အဲ့ဒီနေရာကြဲပြီး ရဲတို့ […]
အမျိုးသားညီညွတ်ရေး အစိုးရ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကိုချေမှုန်းတိုက်ခိုက်မည့် မြေပြန့်မဟာဗျူဟာ ထိုးစစ်ထိရောက် နိုင် ရေး တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းနိုင်ရန် အမြဲတမ်းလမ်းဖွင့်ထားကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဖိတ်ခေါ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က နိုဝင်ဘာ ၁၂ ရက်က “ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်” တွင် ထည့်သွင်းပြောကြားခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်း အားလုံးအတွက် ထောက်ပံ့မှု တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ တစ်သန်းကျော် ကုန်ကျနေသည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ထုတ်နေသော မြန်မာပြည်သူများကို […]