အမျိုးသားညီညွတ်ရေး အစိုးရ
- မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကိုချေမှုန်းတိုက်ခိုက်မည့် မြေပြန့်မဟာဗျူဟာ ထိုးစစ်ထိရောက် နိုင် ရေး တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းနိုင်ရန် အမြဲတမ်းလမ်းဖွင့်ထားကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဖိတ်ခေါ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က နိုဝင်ဘာ ၁၂ ရက်က “ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်” တွင် ထည့်သွင်းပြောကြားခဲ့သည်။
- အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်း အားလုံးအတွက် ထောက်ပံ့မှု တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ တစ်သန်းကျော် ကုန်ကျနေသည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
- မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ထုတ်နေသော မြန်မာပြည်သူများကို အမေရိကန်သမ္မတအဖြစ် ပြန်လည် ရွေးကောက်ခံရသော သမ္မတလောင်း ထရမ့်နှင့် အမေရိကန် ပြည်သူ များက ထောက်ခံအားပေးရန် ယုံကြည်မျှော်လင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
- MOCIT ၏ IT ဌာနကနေ VPN တခုကို ဖန်တီးနိုင်ခဲ့ပြီး စမ်းသပ်ကာလအနေဖြင့် လူဦးရေ ၁၀၀၀ စတင် သုံးစွဲနေကြောင်း NUG ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးထင်လင်းအောင်က အသိပေးထားသည်။
- အမျိုးသားညီညွတ်ရေး အစိုးရ၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက “ She Trades Program” အတွက် သင်တန်းသူ၊ သင်တန်းသားများ ခေါ်ယူနေသည်ဟု သိရသည်။
- ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် နောက်တန်းပြန် စစ်တပ်စစ်ကြောင်းကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ၁ရက်အထိ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးကြောင်း ပြည်သူ့ကာကွယ် ရေး တပ်မတာ်၊ ရိုးမ ၂ စစ် ကြောင်း၊ အထူးကွန်မန်ဒိုတပ်ရင်းရုံးမှ ပြန်ကြားရေးတာဝန်ခံ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြသည်။
- မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ကနေ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကို စစ်ရှောင်ရောက်နေကြသည့် ကျေးရွာ (၄) ရွာက ပြည်သူများကို မြောင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံကနေ ငွေကျပ် ၁၀ သိန်း ထောက်ပံ့ပေးခဲ့သည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထဲရေး၊ လူဝင်မှု ကြီးကြပ် ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။
- မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မုံရွာ-ပုသိမ် လမ်းမကြီးကို နိုဝင်ဘာ ၁၁ ရက်၊ ညနေ ၆ နာရီ မှစတင်ပြီး ယာယီအသုံးမပြုကြရန် မင်းဘူးခရိုင်၊ အမှတ်(၆) တပ်ရင်းမှ ယနေ့ ထုတ်ပြန် လိုက်သည်။
တော်လှန်ရေး လှုပ်ရှားမှုများ
- မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇဂျမ်းအုပ်စု ကျောင်းအိုရွာကို နိုဝင်ဘာ ၁၂ ရက်၊ နံနက် ၈ နာရီခွဲခန့်က အကြမ်းဖက် စစ်တပ်က လေယာဉ် နှင့် ဗုံးကျဲချ၍ ပြည်သူ့ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးသွားပြီး ထိခိုက်မှု ကို စုံစမ်းဆဲဖြစ်ကြောင်း လူထုလှုပ်ရှားမှုကော်မတီ-တောင်သာ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
- မန္တလေးတိုင်း၊ တောင်သာ-မိတ္ထီလာ လမ်းပိုင်းရှိ ရုံးစည်ကြီး တိုက်နယ်ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့ များက နိုဝင်ဘာ ၁၁ ရက်၊ နံနက် ၅ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး သေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
- မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရှမ်းတဲလေတပ်စခန်းကို ဒရုန်း ၂၄ စီးဖြင့် တိုက်ခိုက်ရာ Y-12 လေ ယာဉ် ၂ စီး ထိခိုက်ပျက်စီးပြီး အရာရှိ ၂ ဦ.အပါအဝင် စစ်ကောင်စီ တပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပကဖ သတင်းရင်းမြစ်၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်း ဌာနတွင် ဖော်ပြသည်။
- တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မန္တလေးတိုင်းထဲက မိုးကုတ်မြို့ကို စစ်ကောင်စီ တပ်ဖွဲ့က နိုဝင်ဘာ ၁၁ ရက်၊ ည ၁၁ နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ လေးဦး သေဆုံးပြီး နေအိမ်ကိုးလုံး ပျက်စီးသွားကြောင်း မြို့ခံများက ပြောသည်။
- စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဦးဆောင်သော တော်လှန် ရေးတပ်များက နိုဝင်ဘာ ၁၁ ရက်၊ နံနက်ပိုင်းက စတင်ကာ ဝင်ရောက်တိုက်ခိုက်နေပြီး စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲခုခံနေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
- စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၁ စီး နှင့် စစ်ကူစစ်ကြောင်းကို နိုဝင်ဘာ ၇ ရက်၊ မွန်းလွဲ ၁၂ နာရီကျော်ခန့်က မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ရာ ရဲအရာ ရှိ ၁ ဦး အပါအဝင် ၉ ဦး သေဆုံးခဲ့ကြောင်း မိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
- စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာတွင် ၅/ဆလက လူထုသပိတ်စစ်ကြောင်းက “Airbus: End: investment in Avic” “စစ်ရာဝတ်မှုတွေမှာ ရင်းနှီးမြုပ်နှံနေတာအဆုံးသတ်” စာသားကို ကိုင်စွဲကာ မြန်မာ့ပြည်လူထုတစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးနေသော အကြမ်းဖက် စစ်ကောင်စီကို လေယာဥ်ဆီများ ၊ လက်နက်ပစ္စည်းများ ထောက်ပံကူညီနေခြင်းကို ရပ်တန့်ပေးရန် နိုင်ငံတကာကို တောင်းဆိုသည် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
- ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံလာရသည့် နိုင်ငံရေးအကျဉ်းသူ အမျိုး သမီး ၁၅ ဦးခန့် နှစ်နှစ်နီးပါးကြာ တိုက်ပိတ်ခံနေရဆဲဖြစ်ကြောင်း သာယာဝတီထောင် နှင့် နီးစပ်သော သတင်း ရင်းမြစ်များထံမှ သိရသည်။
- ရှမ်းပြည်နယ် တောင်ပိုင်းဒေသခံ တပ်ပေါင်းစု၏ တပ်ခွဲ (၂) အောင်ပန်း မြို့ပြပြောက်ကျားတပ်ဖွဲ့က ၁၁၁၁ စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့ရသည့် ရဲဘော်များကို ရည်စူးပြီး ကထိန်သင်္ကန်း ၆ စုံ၊ ဆွမ်းအတွက် အလှူ တော်ငွေ ၃သောင်း၊ ပဒေသာပင်သီဖို့ ၁ သောင်းကျပ်ကို ကပ်လှူပေးခဲ့သည်ဟု Urban Task Force Aung Ban က ယမန်နေ့က ထုတ်ပြန်သည်။
- အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူများကို သတ်ဖြတ်လျက်ရှိရာမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်အထိ စာရင်းများအရ ကျဆုံးခဲ့ရသူ ၅၉၄၁ ဦး အထိ ရှိပြီဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန် လိုက်သည်။
တိုင်းရင်းသား လက်နက်ကိုင်များ
- ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ နပခ ဌာနချုပ်၏ လက်နက် သိုလှောင် ရုံကို AA က နိုဝင်ဘာ ၁၀ ရက်၊ ညနေ ၄ နာရီခွဲခန့်က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီး သွားပြီး စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးသွားကြောင်း စစ်ကောင်စီ စစ်ရေးသတင်းရင်းမြစ်က ကိုကိုးကားပြီး Western News သတင်းတွင် ဖော်ပြထားသည်။
- ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ စစ်ကူ၊ လက်နက်၊ ရိက္ခာများ လာပို့သော ရဟတ်ယာဉ် ၄ စီးကို နိုဝင်ဘာ ၁၀ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်က ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ် ၁ စီးမှာ အမြီး ပိုင်းကို ထိမှန်ခဲ့ပြီး မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းသို့ ဆင်းသက်သွားကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောသည်။
- ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိအချို့ အပါအဝင်တပ်ဖွဲ့ဝင် ၃၀၀ ခန့်သည် အာရက္ခတပ်တော် (AA) ထံ လက်နက်ချအညံ့ခံခဲ့ပြီး ဌာနဆိုင်ရာရုံးအချို့တွင် AA အလံများ စိုက်ထူလွှင့်တင်ထားသည်ကို တွေ့နေရကြောင်း မြေပြင်စစ်ရေးသတင်းမြစ်နှင့်ဒေသခံများက ပြောသည်။
- မန္တလေးတိုင်းတွင် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့ကို ယမန်နေ့ ညသန်းခေါင်ယံအချိန် စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးများစွာ ကျဲချခဲ့ရာ အနည်းဆုံး ပြည်သူ ၃ ဦးခန့်သေဆုံးပြီး နေအိမ် အများအပြား ပျက်စီးသွားကြောင်း မြို့ခံများက ပြောသည်။
- ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ အမှတ်(၅) တပ်မဟာ နှင့် တော်လှန်ရေး မဟာမိတ် တပ် များ ပူးပေါင်းပြီး ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ဖာပွန်-ကမမောင်းလမ်း၊ ကူးဆိပ်ရွာအနီးရှိ အကြမ်းဖက် စစ်ကောင်စီ၏ ကူးဆိပ်တံတား လုံခြုံရေးစခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု KNU (မူတြော်)က ယနေ့ ထုတ်ပြန်လိုက်သည်။
- ဗန်းမော်ဘက်မှ မိုးမောက်မြို့ဘက်သို့ စစ်ထိုးနေသည့် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်း ပစ်ကူအပြင် ဗုံးတပ်ဒရုန်းများ အသုံးပြုနေသည်ဟု KIA က ပြောဆိုချက်ကို ကိုး ကားပြီး Myanmar Now သတင်းဌာနတွင် ဖော်ပြသည်။
- တအာင်းပြည်၊ တပ်မဟာ(၂) နယ်မြေ၊ နောင်ချိုမြို့တွင် အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံးဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် (၇) လုံး ထိမှန်ပျက်စီးခဲ့သည်ဟု တအာင်း တပ်မတော် (TNLA) က ယနေ့ နံနက်ပိုင်းက ထုတ်ပြန်သည်။
စစ်ကောင်စီ
- စစ်ကောင်စီ၏ ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့ မဟာဗိမာန်တော်ကြီး၌ ကျင်းပခဲ့ပြီး စစ်ကောင်စီ ခေါင်း ဆောင် မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်း နှင့် ကထိန် လှူ ဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
- စစ်ကောင်စီ ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန် လုပ်ငန်းရှင်များအား ထိုင်းဘတ် ၁၅ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
- ရဲရွာရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် တည် ရှိပြီး နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်း၏ ပြောကြားချက်အရ သိရသည်။
- ပြည်ပရောက် အလုပ်သမားများ၏ မိသားစုထဲ လွှဲပို့ငွေအထောက်အထား မတင်ပြနိုင်သည့် အေဂျင်စီ (၃၀၀) နီးပါးကို သတ်မှတ်ရက်အတွင်း တင်ပြရန် စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန် ထား သည်။
- တရုတ်နိုင်ငံ၏ One Belt One Road စီမံကိန်း၊ မြန်မာ နှင့် ဆိုင်သည့် မြန်မာ-တရုတ် စီးပွားရေး စင်္ကြံ စီမံ ကိန်းများနှင့်ပတ်သက်၍ မကြာမီ တိုးမြှင့်လာမည်ဟု မျှော်မှန်းကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချိရေး ခေါင်း ဆောင် ဇော်မင်းထွန်းက ပြောသည်။
- ရှမ်းပြည်နယ် မြောက်ပိုင်းက တရုတ် နှင့် မြန်မာနယ်စပ်ကုန်သွယ်ရန် နှစ်နိုင်ငံသဘောတူထားသည့် မန့်ဝိန်းဂိတ်၏ မြန်မာဘက်ခြမ်းကို စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ထပ်ပြီး ပိတ်လိုက်သည်ဟု နယ်စပ်ကုန်သည်များ၏ ပြောဆိုချက်ကို ကိုးကားပြီး ဘီဘီစီသတင်းဌာနတွင် ဖော်ပြသည်။
- လာမည့်နှစ် (၂၀၂၅) ခုနှစ်မှစ၍ အခွန်ထမ်းမှတ်ပုံတင်စနစ်၌ မှတ်ပုံတင်ပြီးမှသာ ပို့ကုန်သွင်းကုန် မှတ်ပုံ တင်လက်မှတ်သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေး ဦးစီးဌာနက ထုတ်ပြန်သည်။
- ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာအထက်တန်းပြ ဆရာ/ဆရာမ အယောက် ၇၀၀ ကျော်ကို နိုဝင်ဘာလ ၈ ရက်ကစပြီး ဥပဒေပညာ ဆရာဖြစ်သင်တန်းကို စစ်ကောင်စီက ပေးနေသည်ဟု ရန်ကုန်တိုင်း ပညာ ရေးမှူးရုံး အသိုင်းအဝိုင်းကနေ သိရသည်။
နိုဝင်ဘာ ၁၂ ရက် သုံးသပ်ချက်
- ရခိုင်ဒေသစစ်ပွဲများတွင် စစ်ကောင်စီစစ်တပ်ဘက်မှ စစ်ရေးအရ အရေးနိမ့်နေကာ လက်နက်ချသူများ တပ်စခန်း စွန့်ခွာသူများ များပြားလာနေပြီး အမ်းမြို့ခံပြည်သူများကို မြို့စွန့်ခွာခွင့်မပေးဘဲ လူသားဒိုင်းအဖြစ် စစ်ကောင်စီက အသုံးချနေသည်။