MTO
မဇ္ဈိမ။ ။တော်လှန်ရေးအရှိန်မြင့်လာတာနဲ့အမျှ မြန်မာနိုင်ငံဒေသအနှံ့မှာလည်းတိုက်ပွဲတွေ ပြင်းထန်လာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ မဟာမိတ်စုဖွဲ့မှုနဲ့အတူ စစ်ကောင်စီကိုတိုက်ခိုက်နေကြပြီး စစ်ရေးအောင်မြင်မှုတွေရရှိနေပါတယ်။
အညာဒေသမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ မြို့ကိုးမြို့ကို ထိန်းချုပ်ထားပေမယ့် လက်ရှိထက်သာလွန်တဲ့ စစ်ရေးဖော်ဆောင်မှုတွေပြုလုပ်နိုင်ဖို့နဲ့ အားလုံးပါဝင်တဲ့တပ်ပေါင်းစုတည်ဆောက်ဖို့ လိုအပ်နေပြီလို့ တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက တိုက်တွန်းပြောဆိုလာကြပါတယ်။
အညာတော်လှန်ရေးတပ်ပေါင်းစုတည်ဆောက်နိုင်ဖို့ ဘာတွေလိုအပ်နေတာပါလဲ။ အညာဒေသက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ၊တော်လှန်ရေးအင်အားစုတွေရဲ့ သုံးသပ်ချက်တွေနဲ့အတူ ဒီရုပ်သံမှာကြည့်ရှုနိုင်ပါတယ်။
သတင်း – MTO
တည်းဖြတ်/တင်ဆက် – MTO