ylliX - Online Advertising Network
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၈ နိုဝင်ဘာ ၂၀၂၄) - BUR.MIZZIMA.COM

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၈ နိုဝင်ဘာ ၂၀၂၄) – BUR.MIZZIMA.COM






အမျိုးသားညီညွတ်ရေး အစိုးရ

  • ဘင်္ဂလားပင်လယ်အော်တွင် ယခုရက်ပိုင်းအတွင်း မုန်တိုင်းဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံဒေသအချို့ မိုးရွာနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ယ‌နေ့ သတင်းထုတ်ပြန်သည်။
  • မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူနေသည့် စစ်အု​ပ်စုအဖွဲ့မှ စစ်ကောင်စီ တပ်သားသစ်နှစ်ဦး ထွက်ပြေးလာပြီး ရေစကြိုမြို့နယ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့(ပကဖ)ထံ အလင်းဝင်လာခဲ့ကြောင်း သတင်းရရှိသည်။ 
  • စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ်တွင် ဖြတ်သန်းသွားလာနေကြသည့် ခရီးသွားပြည်သူများ နှင့် မြို့နယ်တွင်း ကုန်စည်စီးဆင်းမှု လွတ်ကူရန်အတွက် လမ်းပြုပြင်ထိန်းသိမ်းရေး ကော်မတီဖွဲ့စည်း ကာ ပြုပြင်ပေးနေကြောင်း ဒီပဲယင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံခရီးစဥ်မှ ပြန်ရောက်လာပြီးနောက် အစုလိုက်အပြုံလိုက် သေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှုများကို စစ်ကောင်စီက နေ့စဥ်နီး ပါးလုပ်ဆောင်ခဲ့၍ ကလေးငယ်များအပါအဝင် အရပ်သား ၅၁ ဦး သေဆုံးခဲ့ပြီး အရပ်သား ၁၂၀ ဦးနှင့်အထက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မဇ္ဈိမက စုဆောင်းထားသည့် စာရင်းများအရ သိရသည်။
  • မကွေးတိုင်း ၊ ချောက်မြို့နယ်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့စခန်းကို လာရောက်တိုက်ခိုက်သည့် စစ်ကြောင်းကို မိုင်းဆွဲခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း Chauk Guerrilla Force(CGF) က ယနေ့ ( နိုဝင်ဘာလ ၁၈ရက်) တွင် ထုတ်ပြန်သည်။
  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ ဒေသခံသောင်းချီ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း သိရသည်။
  • ရှမ်းပြည်နယ်မြောက်ပိုင်း၌ TNLA အုပ်ချုပ်ထားသော ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်သောကြောင့် လသားအရွယ်ကလေးငယ်တဦးအပါအဝင် သုံးဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရကာ TNLAအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးအစီအမံများ ပြုလုပ်ပေးရန် ဒေသခံများကတောင်းဆိုသည်။
  • အမေရိကန် ပြည်ထောင်စု ၊ မေရီလန်းပြည်နယ်ရှိ မင်္ဂလာရာမ မြန်မာဘုန်းတော်ကြီးကျောင်းတွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်း တလပြည့်အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
  • ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၁၈ရက်)နေ့လည်ပိုင်းတွင် လေကြောင်း တိုက်ခိုက်ခဲ့သည်။
  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်နေ့ညက လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် စစ်ဘေးရှောင်ကိုးဦး သေဆုံးခဲ့သည့် ဘန်ကောက် စစ်ရှောင်စခန်းကို စစ်ကောင်စီက ယနေ့ နံနက်ပိုင်း၌ လေကြောင်းမှ ထပ်မံတိုက်ခိုက်ရာ ထိခိုက်မှုများရှိရှိကြောင်း တပ်ရင်းအမှတ်(၁၀၀၇) မိုးဗြဲ PDF က ထုတ်ပြန်သည်။
  • အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်ရှိ အကျဥ်းထောင်အတွင်း ထိန်းသိမ်းခံနေရသည့် မြန်မာများအတွက် အိန္ဒိယနိုင်ငံအခြေစိုက် မြန်မာသံရုံးထံမှ ထောက်ခံချက်မရသဖြင့် မလွတ် မြောက်သေးခြင်း ဖြစ်ကြောင်း အကျဥ်းထောင်တာဝန်ခံထံက သိရသည်ဟု အကျဥ်းကျနေသူ၏ မိသားစုဝင်က ပြောသည်။
  • မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် လက်နက်ခဲယမ်းများဖြင့်ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သားနှစ်ဦးကို ဆုငွေချီးမြှင့်ပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရေစကြို)က ယနေ့(နိုဝင်ဘာလ ၁၈ ရက်)ထုတ်ပြန်သည်။
  • စစ်တပ်အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သား နေအိမ် တစ်သိန်းကျော် ပျက်စီးခဲ့ရကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

  • ရှမ်းပြည်နယ် မြောက်ပိုင်းရှိ TNLA တပ်မဟာ ၅ နယ်မြေ၊ ကွတ်ခိုင်မြို့ ရပ်ကွက် ၄၊ တရုတ်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းဘေး လူနေအိမ်များပေါ်သို့ ယမန်နေ့ည ၁၁ နာရီ ၄၇ မိနစ်တွင် စစ်ကောင်စီ၏တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ကလေးငယ်တဦးအပါအဝင် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ထုတ်ပြန်သည်။

စစ်ကောင်စီ

  • လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားတစ်ဦးချင်းစီအတွက် ထုတ်ပေး လျက်ရှိသည့် UID (Unique Identification Number)များကို နံပါတ်အတုများ အသုံးပြု၍ နိုင်ငံကူး လက်မှတ်လျှောက်ထားမှုများအား ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။
  • ဝါရှင်တန်မြို့ရှိ Fashion Centre at Pentagon City ၌ နိုဝင်ဘာ ၁၆ ရက်မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိပြုလုပ်သည့် အာဆီယံနှင့် မိတ်ဆွေနိုင်ငံများဈေးရောင်းပွဲတော်၌ စစ်ကောင်စီ မြန်မာသံရုံး၊ ဝါရှင်တန်မြို့က မြန်မာ့ယွန်းထည်အပါအဝင် အခြားလက်မှုပစ္စည်းများကို ခင်းကျင်းပြသခဲ့သည်။
  • တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် မြန်မာ့ဂုဏ်ရောင်အိမ်ရာဝန်းအတွင်းရှိ မြို့ဦးပရိယတ္တိ စာသင်တိုက်တွင် လက်လုပ်လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ရပ်ကွက်သံဃာနာယကဥက္ကဋ္ဌ ဆရာတော် ပျံလွန်တော်မူသွားကြောင်း စစ်ကောင်စီကထုတ်ပြန်သည်။
  • ရန်ကုန်အထိုင်စျေး အခြေခံ လက်ကားရည်ညွှန်းစျေးနှုန်း စားအုန်းဆီ တစ်ပိဿာလျှင် ၇၁၀၅ ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်ထက် စားအုန်းဆီရည်ညွှန်းစျေး ကျပ် ၃၈၀ မြင့်တက်ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်း ဝယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ရက် သုံးသပ်ချက်

  • လူ့အသက်ထက်အရေးကြီးတာဘာမှမရှိ ဟုမင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်အုပ်စုက မတန်မရာ ပါးစပ်က ပြောနေသော်လည်း လက်တွေ့တွင် အရပ်သားများနေထိုင်ရာ နေရာများကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ပြီး လူသတ်မှုများ နေ့စဉ်ကျူးလွန်နေသည်။







Source link

Leave a Reply

Your email address will not be published. Required fields are marked *