ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – ဖီလော်ဆော်ဖီအူကြောင်ကြား ကျပ်မပြည့် စစ်ဗိုလ်ချုပ်များနဲ့ နိုင်ငံတော်ပျောက်ဆုံးမှု (မိုးမခ) နိုဝင်ဘာ ၂၆ ၊ ၂၀၂၄ အချုပ်အခြာငတိတော့ တရုပ်ဟာနဲ့ ပိပြီ။ အချုပ်အခြာတပ်ကြီးလည်း တရုပ်ဟာဟပ်ပြီး ဘတ်သပ်ဘိုသီ အောက်ကလိအာနေရပြီ။ တိုင်းပြည်စစ်တပ်မှာ အချာက အချုပ်လုပ်တော့ မြန်မာဇနပုဒ်လဲ မသာရုပ်ပေါက်ကာ ခုဆို တပ်မှာ ကမ္ဘာ့အကြီးဆုံး မုဆိုးမအဖွဲ့ကြီး ရှိပြီ။ အရပ်မှာလဲ ရှင်ကွဲ သေကွဲတွေနဲ့ မကြေပွဲနွှဲလို့။ တရက်တရက် မုဆိုးမထွက်နှုန်းက ချောင်းပစ်လောက်နဲ့တွက်အုံး ဒရုန်းဝုန်းတာနဲ့ အမုန်းကြုံးတာ မပါ ဆယ်ဂဏန်းအထက်မှာချည်း။ ကြာရင် တပ်မျိုးတုံးပြီး မအလက သူ့မြေးမ လေးယောက်ပါ စမုံတုံးမှာသိလို့ ပြည်သူတွေကို တအိမ်ချင်းကနေ တဦးချင်းပါ တပ်တွဲ ဇွတ်ဆွဲသွင်း တတိုင်းပြည်လုံး အချင်းချင်း သတ်နေရပြီ။ အဲဒါကို […]
(မိုးမခ) နိုဝင်ဘာ ၂၀ ၊ ၂၀၂၄ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုပြီး မအလက မီးပုံးပျံလွှတ်တော့ မူလစစ်ခွေး ရဲခွေးတင်မက နောက်မှ ခွေးဇာတ်သွင်းခံရတဲ့ ပျူခွေးတွေပါ အကုန်လန့်နေကြတယ်။ ကျွန်ဝယ်ရာ အဆစ်ပါမှာက နန်းတွေ။ ဟိုအကောင်က သူတို့ကို အကုန်ရင်းဖို့ တပ်လှန့်လိုက်တော့ မလန့်ခံနိုင်ရိုးလား။ သူတို့လဲ သူတို့ရဲ့လားရာကိုသိပြီဆိုတော့ ခေါင်းချင်းဆိုင်သူဆိုင်၊ အသံတိတ်ချိပ်ဆက်တာတွေလုပ်သူ လုပ်ကြရပြီပေါ့။ အင်း ထွက်ပေါက်သာလျက် အပြေးခက် လမ်းတွက်မဟုတ်ချေဆိုသလို ပြေးရဲဖို့ဘဲလိုသမို့လား။ ခွေးစကားယုံရင်တော့ ခွေးဖြစ်ပြီမို့ ခွေးသေဝက်သေ သေရုံဘဲရှိတော့မယ်၊ ရှေ့မှာလဲ သေသွားတာက အများကြီး။ ပင်လယ်လှိုင်းလို တော်လှန် ရေးကတော့ ရပ်မှာမဟုတ်၊ တလှိုင်းပြီးတလှိုင်းပုတ်တော့မှာ။ ပင်လယ်လှိုင်းဆိုတာ အမှိုက်မှန်သမျှ ပုတ်ထုတ်မှာလေ။ လဲ့ပြာကြည်စင်တဲ့ ရေပြင်ကိုဘဲ ဖန်တည်းတာ လှိုင်းရဲ့ဓမ္မ။ ဟိုအကောင်ကတော့ […]
(မိုးမခ) နိုဝင်ဘာ ၁၉ ၊ ၂၀၂၄ ဗိုလ်နဂါးရဲ့ သူ့ပို့စ်အောက်မှာ သူ ရေးတဲ့ကွန့်မန့်ထဲက စကားတချို့ဟာ အတော်စိတ်ဝင်စားစရာကောင်းပါတယ်။ “ကျနော်တို့ BNRA ဟာ အားလုံးနဲ့ ပေါင်းစည်းဖို့ နည်းမျိုးစုံကြိုးစားခဲ့ပါတယ်။ လိုကယ်တွေတင်မက ကာကွယ်ရေးဝန်ကြီးနဲ့ပါ ၂၀၂၃ အစောပိုင်းက သွားရောက်တွေ့ဆုံညှိနှိုင်း သဘောတူခဲ့ပါတယ်။သို့ပေမဲ့ ကတိအတိုင်းပူးပေါင်းဆောင်ရွက်မှုအစား အခြားအခြေအနေတွေသာ ကျနော်တို့ ရရှိခဲ့ပါတယ်။ လိုကယ်တွေပဲ စုစည်းနိုင်ခဲ့ပါတယ်” “ကျနော်တို့ အရင်က တကြိမ် မြို့သိမ်းကိစ္စအတွက် မြို့နယ်အဆင့်ထိ အသေးစိတ်တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။ မြို့နယ်မှ ပကဖတာဝန်ခံတွေထဲက ဦးသိန်းအောင်၊ ဒေါက်တာနန်းဝင်းဆီအထိ ကိုယ်တိုင်သွားရောက်တွေ့ဆုံဖူးပါတယ်။ ၂၀၂၃ ကပါပဲ။ အဲဒီမှာလည်း သဘောတူညီမှုတွေ ရခဲ့ပေမယ့် အထက်အဆင့်ဆင့်က ပူးပေါင်းလုပ်ဆောင်ခွင့် မပြုလို့ဆိုကာ မပူးပေါင်းခဲ့ပါဘူး။ အဲဒီတော့ မပူးပေါင်းလို့ အပြစ်တင်မယ်ဆို ဉာဏ်ကိုလည်း နည်းနည်းတော့ထည့်ပေးဖို့ တိုက်တွန်းလိုပါတယ်။ […]
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – တိုင်းပြည်ကို ထိုးအပ်လိုက်တဲ့ ခွေးဝဲစားတအုပ် (မိုးမခ) နိုဝင်ဘာ ၁၇ ၊ ၂၀၂၄ အယုတ် မသမာ ငနာတွေကြောင့် အချုပ်အခြာအာဏာကတော့ တရုတ်လအာ လက်ရောက်ရမယ့်ကိန်းဆိုက်လာပြီ။ မအလက ကြိုးစင်မတက်ရရေး ကျောပေးရပေးရဆိုပြီး ဘောပြေးပြေး မ တဲ့အကျိုးပေါ့လေ။ တရုတ်လက်နက်ကိုင်တွေ နိုင်ငံတွင်းခေါ်ပြီး နိုင်ငံတော်အာဏာကို အပ်ဖို့ ကြံပြီ။ အမိမြေတလက်မမှအထိမခံ ပြည်ပရန် ကာကွယ်မယ် ဆိုတဲ့တပ်မတော်ကြီးကိုယ်တိုင် နိုင်ငံကိုအပေါင်ဆုံးတဲ့အထိ မိုက်တွင်းနက်ဖို့ ကြံပြီလေ။ မြန်မာစစ်အစိုးရသည် တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီတစ်ခု တည်ထောင်ရန် လုပ်ငန်းကော်မတီတရပ် ဖွဲ့စည်းလိုက်ပတဲ့။ အမှန်တော့ မအေဘေးက နိုင်ငံကို မဲခေါင်စည်းဝေးသွားရင်း ဖဲပေါင်ပြီး ပေးခဲ့တာကို တပ်အသိုင်းဝိုင်းတခုလုံးက ပြုံးပြုံးကြီး ကုန်းခံလိုက်ကြတာမဟုတ်လား။ တကယ်တော့ မဘသတွေရဲ့ အမျိုး ဘာသာ […]
(မိုးမခ) နိုဝင်ဘာ ၁၂ ၊ ၂၀၂၄ မင်္ဂလာဆောင်မှာ နွားပြောက်ကြီးတရှဉ်း လက်ဖွဲ့တယ် ဆိုသလို ကြင်စိုးကတော့ တရုတ် သွားပြီး မူဆယ်-မန္တလေး- ကျောက်ဖြူ ရထားလမ်းစီမံကိန်း လုပ်ငန်းစမယ်လို့ ပေါရဲ၊ အဲ အဲ ဖောရဲတယ်။ အဲဒီလို ဖောတာဟာ မအလ ငကြင်စိုးရဲ့ ကနေကျ အရူးကွက် ဆိုတာ လူတိုင်း သိပါတယ်။ မင်္ဂလာလက်ဖွဲ့တဲ့ နွားနှစ်ကောင်က ရရစ်နဲ့ နွားပြောက်ကျား နွားနှစ်ကောင် မဟုတ်ဘဲ ယပင့်နဲ့ ပျောက်သွားတဲ့ နွားနှစ်ကောင် မဟုတ်လား။ အင်း ခုလည်း ကျောက်ဖြူလဲ သူ့လက်ထဲမရှိ၊ မူဆယ်လဲ မတွယ်သေးလို့သာ ဒါလဲ၊ တကယ်တမ်းက သူ့လက်ထဲမရှိ၊ မန္တလေးတောင် ဒေါက်တာ စိုးသူရဇော်လက်ထဲရောက်တော့မှာ။ အကြိမ်အကြိမ်အခါခါ လဲနေရတဲ့ လပခတိုင်းမှူးတောင် ကျုံးပြင် […]
(မိုးမခ) နိုဝင်ဘာ ၁၁ ၊ ၂၀၂၄ ငလှိုင်အဖို့ရာမတော့ မဲခေါင်စည်းဝေးမှာ တိုင်းပြည်ကို ဖဲပေါင်ရိုက်ရင်း အရပ်နဲ့မမီတာတွေ လှမ်းလိုက်၊ ပါးစပ်နဲ့ မမီတာတွေ ပွားလိုက်နဲ့ မွှားကိုက်တဲ့ခွေးနာလို ပြေးခါဖို့ကလည်း မဖြစ်၊ ကုတ်ခြစ်ဖို့ကလည်း မမီ တအီအီနဲ့ ဖင်သီနေရတဲ့ဘွ။ မဟာမဲခေါင်ဒေသခွဲ (GMS) ရဲ့ “ဆန်းသစ်တီထွင်မှု ဖော်ဆောင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်မှာ ငလှိုင်က “တချိန်တည်းမှာပဲ တီထွင်ဆန်းသစ်မှုများဟာ မိမိနိုင်ငံရဲ့ ရေမြေသဘာဝ၊ ပထဝီအနေအထားတွေနဲ့ ကိုက်ညီဖို့လိုတဲ့အပြင် အစိုးရ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ ပုဂ္ဂလိကနဲ့ ဒေသန္တရအစိုးရများ၊ အသိပညာရှင် အတတ်ပညာရှင်တွေ၊ စွန့်ဦးတီထွင်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်များကပါ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” လို့ ပါးစပ်ရော အရပ်ရောမမီတာတွေကို တကယ့်ထိပ်တန်းနိုင်ငံကြီးမှာ အမြန်နှုန်းနဲ့ တိုးတက်နေသူတွေရှေ့ ကိုယ်တိုင်မီးတိုက်ထားလို့ ပြာပုံထဲမှာနေတဲ့ကောင်က အူတဲ့အူတဲ့ ဟောင်ပြတော့ […]
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – ကင်ဆာနိုင်ငံတော်ကြီး ဖန်တီးခွင့် (မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၂၄ သံတမန်ရေးမှာ နုကြည် အောင်ပွဲဆင်ပြီ။ နုကြည်ကို အစိုးရအဖြစ် စအသိအမှတ်ပြုပြီ။ ဖတ်ရတဲ့သတင်းကိုက အဆီတဝင်းဝင်းနဲ့။ တရုတ်ယူနန်ရှေ့ မအလ ဒူးတုပ်ပြီး ဝမ်စွေ့ဝမ်စွေ့ လုပ်နေချိန် တောင်ကိုရီးယားမှာ နိုင်ငံကူးလက်မှတ် သက်တမ်းကုန် မြန်မာနိုင်ငံသားတွေကို NUG ကိုယ်စားလှယ်ရုံးက သက်တမ်းတိုးပေးနေပတဲ့။ အရသာရှိပေစွ။ တောင်ကိုရီးယားအစိုးရက နုကြည်တံဆိပ်တုံး ပါတာနဲ့ သက်တမ်းအသစ် ၂ နှစ်စာ ခြစ်ပေးလိုက်ပြီ။ စစ်ကောင်စီသံရုံးမှာ လုလုံးမလှ အပူလုံးကြွဟန်နဲ့ သက်တမ်းတိုးရန်မလိုတော့။ ကောင်းလှောင့်တေး။ ဒါမျိုး ထိုင်းနဲ့သာ လုပ်နိုင်လို့ကတော့ ပွဲပြတ်ပေါ့။ ထိုင်းဂိတ် အိန္ဒိယဂိတ်တွေ ဖွင့်နိုင်ရင် တရုတ်ရဲ့ ဖျင်ခေါင်းကျယ်မှုတင်မက သူ့နိုင်ငံ တားမြစ်ကုန်တွေ ကိုယ့်ဘက်သွင်းနေတာမျိုး၊ ဆီအတု […]
(မိုးမခ) နိုဝင်ဘာ ၉ ၊ ၂၀၂၄ အညာဘက်မှာ နို့တိုက်မိခင်မချန် လူသားဒိုင်းလုပ် စစ်ကြောင်းထိုးတာ ယုတ်ကန်းလှ အောက်မေ့နေ၊ ခု မအလ စစ်တပ်က သူ့တပ်မိသားစုတွေကို ပြန်ပြီးလူသားဒိုင်းလုပ်တာ ဖတ်ရတော့မှ အတော်အောချယူရတော့တယ်။ ဖာပွန်ဗျူဟာကို တော်လှန်ရေးတပ်များက ပိတ်ဆို့ထားပြီးပေမယ့် တပ်မိသားစုတွေ အမျိုးသမီးတွေနဲ့ ကလေးတွေကို လူသားဒိုင်းကာထားလို့ တိုက်ခိုက် စခန်းသိမ်းဖို့ သတိနဲ့ ပြင်ဆင်နေရတယ်တဲ့။ လမ်းကြောင်းဖွင့်ပေးသော်လည်း စစ်တပ်က တပ်မိသားစုများကို ထွက်ခွင့်မပေးဘဲ လူသားဒိုင်းကာအဖြစ် ဆက်သုံးနေသတဲ့။ ဆိုးချက်နော်။ စစ်သားစိတ်ဓာတ် စုတ်ပြတ်သတ်ချက်လက်ကုန်။ အင်းတော်မှာလဲ လူသားဒိုင်း လုပ်ထားတဲ့ထဲက မိန်းခလေးတွေကို တရက် တယောက်ထုတ် မုဒိမ်းကျင့်နေသတဲ့။ ဒီလို ရွံစရာအကောင်းဆုံး ရာဇဝတ်ကောင်တွေနဲ့ စုဖွဲ့ထားတဲ့ တပ်ကို ချီးမြှောက်ထောက်ပံ့ရတာနဲ့ ဆွေးနွေးချင်ရတာနဲ့ အလျှော့ပေးချင်ရတာနဲ့၊ မညီမညွတ်ဖြစ်အင်အားဖြုန်းနေရတာနဲ့၊ အင်း […]
(မိုးမခ) နိုဝင်ဘာ ၈ ၊ ၂၀၂၄ အောင်သမာဓိ လေဆိပ်မှာ ဖျာလိပ်ခိုင်းခံရတာကို ကြည့်ရင် သူဌေးအားလုံးဟာ မအလဓာတ်စာတွေချည်းဘဲ။ တတိုင်းပြည်လုံးက ပိုက်ဆံ သူ့ပိုက်ဆံချည်းပဲလို့ သဘောထားတဲ့နေရာမှာတော့ ပြည်ပထွက် အလုပ်လုပ်သူတွေရဲ့ ပိုက်ဆံကိုတောင် လှမ်းငတ်ကြီးကျနေတာ ကြည့်ပေါ့။ ခု ရွှေကြီးစည်းစိမ် ငါ့စည်းစိမ်လုပ်နေလို့ သာဂေါင်ကြီးလက်ထက် ပြည့်ဘဏ္ဍာခိုးလာတဲ့ကောင်တွေအကုန်လုံး ပြာနေပြီ။ နိုင်ငံတော်သစ္စာဖောက်မှု တပ်လိုက်ရင် မယားငယ်ရော သမီးပါ သိမ်းလို့ရမဟုတ်လား။ သူတို့ကိုလည်း အာဏာသိမ်းစကတည်းက မသိမသာကနေ သိသိသာသာ အကျယ်ချုပ်လုပ်လာခဲ့တာ ဆေးတောင် ထွက်ကုလို့မရလို့ အဘထဘဲ ရှူနေကြရတော့တာ ကြည့်ပေါ့။ ခု တိုင်းပြည်ကို မဟာမဲခေါင်မှာ ငနာ ဖဲပေါင်ရိုက်နေပြီ။ ယူနန်ဘဲက ဝနော် ကြိုက်တာ လာလုပ်မယ်ဆို မအလက တဝုတ်ဝုတ်နဲ့ အမြီးနှန့်နေတော့တာ။ သူက ထရန့်တောင် […]
(မိုးမခ) နိုဝင်ဘာ ၆ ၊ ၂၀၂၄ ရှေးဘုရင်များ အသက်အရွယ်ရလာ၊ ကံတော်ကုန်ခါနီးလာတော့ရင် ကောင်းမှုတော်စာရင်းတွေ ဖတ်ဖတ်ပြခိုင်းသတဲ့။ ဘဝင်မြူးအောင်တို့၊ ဘဝကူးကောင်းအောင်တို့ ဖြစ်မှာပေါ့။ ဒို့ ဘုရားဒကာကြီးရဲ့ ကောင်းမှုတွေ ဖတ်ပြဖို့တော့ မလွယ်လောက်ပေဘူး။ သူ့သက်တမ်းအတွင်း ပြီးဆုံးအောင် ရွှေနားပန်ဆင်နိုင်မယ် မထင်ဘူး။ ခုက သူတရုတ်မသွားခင် မှီသလောက်လေး ဖတ်ပြတာပါ။ ပြန်ရောက် မရောက်ကလဲ မသေချာတော့ ဘဝကူးကောင်းအောင်ပေါ့လေ။ သူကကျ သူများလက်ထဲက အာဏာ သေနတ်ပြသိမ်းပြီး သူ့မကျေနပ်လို့ဆန္ဒပြတော့ ခေါင်းပစ်တယ်။ အဲလေ ခေတ်ပြောင်းတယ်ပေါ့လေ။ ဒါ ပထမဆုံးကောင်းမှူတော်။ နောက်တော့ နေ့တိုင်းလိုလို လေယဉ်နဲ့ဗုံးကြဲတယ်၊ ပြီးတော့ ဗုံးခိုကျင်း မတူးရအမိန့်ထုတ်တယ်။ ဇီဝိတဒါနပြုပုံဆန်းကျယ်တယ်နော်။ သူ့အသက်တော့မဟုတ်၊ သူများအသက်စွန့်ခိုင်းတာ။ ဘုရားဒကာဆန်ချက်တော့။ စစ်ကြောင်းထိုးတယ်၊ ကလေးအမေနဲ့ အမယ်အိုကအစ လူသားဒိုင်းလုပ်ဖို့ ပစ္စည်းသယ်ဖို့ […]