ylliX - Online Advertising Network
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - တိုင်းပြည်ကို ထိုးအပ်လိုက်တဲ့ ခွေးဝဲစားတအုပ်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – တိုင်းပြည်ကို ထိုးအပ်လိုက်တဲ့ ခွေးဝဲစားတအုပ်


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – တိုင်းပြည်ကို ထိုးအပ်လိုက်တဲ့ ခွေးဝဲစားတအုပ်

(မိုးမခ) နိုဝင်ဘာ ၁၇ ၊ ၂၀၂၄


အယုတ် မသမာ ငနာတွေကြောင့် အချုပ်အခြာအာဏာကတော့ တရုတ်လအာ လက်ရောက်ရမယ့်ကိန်းဆိုက်လာပြီ။ မအလက ကြိုးစင်မတက်ရရေး ကျောပေးရပေးရဆိုပြီး ဘောပြေးပြေး မ တဲ့အကျိုးပေါ့လေ။ တရုတ်လက်နက်ကိုင်တွေ နိုင်ငံတွင်းခေါ်ပြီး နိုင်ငံတော်အာဏာကို အပ်ဖို့ ကြံပြီ။ အမိမြေတလက်မမှအထိမခံ ပြည်ပရန် ကာကွယ်မယ် ဆိုတဲ့တပ်မတော်ကြီးကိုယ်တိုင် နိုင်ငံကိုအပေါင်ဆုံးတဲ့အထိ မိုက်တွင်းနက်ဖို့ ကြံပြီလေ။

မြန်မာစစ်အစိုးရသည် တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီတစ်ခု တည်ထောင်ရန် လုပ်ငန်းကော်မတီတရပ် ဖွဲ့စည်းလိုက်ပတဲ့။ အမှန်တော့ မအေဘေးက နိုင်ငံကို မဲခေါင်စည်းဝေးသွားရင်း ဖဲပေါင်ပြီး ပေးခဲ့တာကို တပ်အသိုင်းဝိုင်းတခုလုံးက ပြုံးပြုံးကြီး ကုန်းခံလိုက်ကြတာမဟုတ်လား။ တကယ်တော့ မဘသတွေရဲ့ အမျိုး ဘာသာ သာသနာ ဆိုတာ တရုတ်ကွန်မြူနစ်သာသနာဆိုတာ ခုမှသိရတော့တာလေ။

တရုတ်နိုင်ငံရဲ့ အဆိုပြုချက်အရ မြန်မာစစ်အစိုးရဟာ တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီတစ်ခု တည်ထောင်ရန် လုပ်ငန်းကော်မတီတရပ် ဖွဲ့စည်းခဲ့တယ်လို့ နိုဝင်ဘာ (၈) ရက်က ထုတ်ပြန်ခဲ့တဲ့ မြန်မာပြန်တမ်းအစီရင်ခံစာအရ သိရပြီ။

မအလ သူ့ဘာသာ အာဏာစောက်ရူးထပြီး ခွေးဝဲစားဖြစ်မှ သာကော ကယ်ပါ သွားလုပ်လို့ ဟိုက နိုင်ငံလိုက် ဖုတ်လွှတ်လိုက်ပြီပေါ့။ တရုတ်လက်နက်ကိုင်တွေ ဆွမ်းစားပင့်ခဲ့ရပြီပေါ့။ သွားကတည်းက ပစ္စတိုအစား ဆီပုလင်း ခါးချိတ်သွားရတဲ့ကောင်ဆိုတော့ ဆော်ပြီပေါ့။ တရုတ် ဆိုတာ အုပ်ချုပ်သူအဆက်ဆက် မြန်မာပြည်ကို မျက်စောင်းထိုးနေခဲ့တာလေ။ ပြည်သူကို စော်ကားသမျှ နိုင်ငံကို ဖဲပေါင်ရိုက်ဖို့ချည်းဆိုတာ ခုတော့ မြင်ရပြီ မဟုတ်လား။ ဘယ်မဘသက မအလကို ဖင်ဆောင့်ကန်ရဲသလဲ။ မြန်မာစစ်တပ် ဆိုတာ နိုင်ငံတကာ ဖျင်လှည့်ကုန်းနေလို့ ကိုယ့်ပြည်သူ့အပေါ်မှာ ဖင်ခေါင်းလာကျယ်နေတယ်ဆိုတာ သိရပြီမဟုတ်လား။

အဲဒီနိုင်ငံတော်လုပ်ကြံမှုကို ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဦးဆောင်ပြီး ပြည်ထဲရေး၊ ကာကွယ်ရေး၊ ပို့ဆောင် ဆက်သွယ်ရေး၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး စတဲ့ အဓိက ဝန်ကြီးဌာနများက တာဝန်ရှိသူတွေ ပါဝင်အကောင်အထည်ဖော်ရမယ်။ ဒီကောင်တွေ အကုန်ပေါင်းပြီး တိုင်းပြည်ကို သင်းသတ်ကြမှာ။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယိ သြဂုတ်လက မြန်မာနိုင်ငံကို လာပြီး အဲဒီလုံခြုံရေးကုမ္ပဏီအတွက် အဆိုပြုချက် ထွက်ပေါ်လာခဲ့တာ။ ဟေ့ကောင် မအလ၊ မင်းလိုချင်တဲ့ ပိုက်ဆံချေးမယ်၊ မင်းလိုချင်တဲ့ လက်နက်ရောင်းမယ်၊ လောလောဆယ်အခြေအနေက မင်း ငါတို့ စီမံကိန်းတွေကို ဘာမှ မကာကွယ်နိုင်တော့ဘူးဆိုပြီး အောက်ကြေး ပေါက်ကရဈေးနဲ့ နိုင်ငံကို ဝယ်သွားတာ။ တကယ်က ဒီဘက်က သူ့ပစ္စည်းတွေ ဘယ်သူမှ မထိ၊ မတို့။ ဝမ်ယိက ညီနောင်သုံးဖော်နဲ့ တော်လှန်ရေးလှိုင်းတက်စီးပြီး မအလကို တက်ခွသွားတာ။ တလှိုင်းပြီးတလှိုင်း လာတာကို အသာတက်စီး မအလကို ဒေါက်တာချက်ကြီးလုပ်ပြီး တတိုင်းပြည်လုံးကို လူလည်ကျသွားတာ။ ဟိုအကောင်ကတော့ ပြုံးဖြီးပြုံးဖြီးနဲ့ပေါ့။ တိုင်းရေးပြည်ရေး စဉ်းစားတတ်တဲ့ကောင်မှ မဟုတ်တာ။ ခွေးဝဲစားဆိုတာ အယားပြေဖို့ဘဲ သိတာ မဟုတ်လား။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



Source link

Leave a Reply

Your email address will not be published. Required fields are marked *