ylliX - Online Advertising Network
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဖီလော်ဆော်ဖီအူကြောင်ကြား ကျပ်မပြည့် စစ်ဗိုလ်ချုပ်များနဲ့ နိုင်ငံတော်ပျောက်ဆုံးမှု

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – ဖီလော်ဆော်ဖီအူကြောင်ကြား ကျပ်မပြည့် စစ်ဗိုလ်ချုပ်များနဲ့ နိုင်ငံတော်ပျောက်ဆုံးမှု



ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – ဖီလော်ဆော်ဖီအူကြောင်ကြား ကျပ်မပြည့် စစ်ဗိုလ်ချုပ်များနဲ့ နိုင်ငံတော်ပျောက်ဆုံးမှု

(မိုးမခ) နိုဝင်ဘာ ၂၆ ၊ ၂၀၂၄


အချုပ်အခြာငတိတော့ တရုပ်ဟာနဲ့ ပိပြီ။

အချုပ်အခြာတပ်ကြီးလည်း တရုပ်ဟာဟပ်ပြီး ဘတ်သပ်ဘိုသီ အောက်ကလိအာနေရ‌ပြီ။ တိုင်းပြည်စစ်တပ်မှာ အချာက အချုပ်လုပ်တော့ မြန်မာဇနပုဒ်လဲ မသာရုပ်ပေါက်ကာ ခုဆို တပ်မှာ ကမ္ဘာ့အကြီးဆုံး မုဆိုးမအဖွဲ့ကြီး ရှိပြီ။ အရပ်မှာလဲ ရှင်ကွဲ သေကွဲတွေနဲ့ မကြေပွဲနွှဲလို့။ တရက်တရက် မုဆိုးမထွက်နှုန်းက ချောင်းပစ်လောက်နဲ့တွက်အုံး ဒရုန်းဝုန်းတာနဲ့ အမုန်းကြုံးတာ မပါ ဆယ်ဂဏန်းအထက်မှာချည်း။ ကြာရင် တပ်မျိုးတုံးပြီး မအလက သူ့မြေးမ လေးယောက်ပါ စမုံတုံးမှာသိလို့ ပြည်သူတွေကို တအိမ်ချင်းကနေ တဦးချင်းပါ တပ်တွဲ ဇွတ်ဆွဲသွင်း တတိုင်းပြည်လုံး အချင်းချင်း သတ်နေရပြီ။

အဲဒါကို ငပုကွကြောင်အိုက ပဒုမပေါင်တိုဇာတ်ဆက်ကဖို့ တရောဘုတ်ကို ငှက်ပျောအုပ်သလို ထုတ်ထားတော့တာကလား။ မအလက တရုတ်ဘုံငေါတာနဲ့ အဟုတ်အကုန်ချောပြီလိုလို ဂျင်းထည့် အပင်းသိပ် ကိုယ့်အရိပ်ပေးတဲ့ အကိုင်းကို ဖြတ် ကိုယ့်ရပ်ဆွေရွာမျိုးကို ပြန်သတ်ဖို့ ပြည်သူနဲ့တပ်ကို သပ်လျှိုသွေးခွဲ သားကွဲကွဲ မယားကွဲကွဲ ဓားဆွဲခိုင်းတော့တာ။ မယားလည်းပျောက်၊ သားလည်းပျောက်၊ စပါးလည်းပျောက်၊ အားလည်းပျောက်နဲ့ ခုဆို တတိုင်းပြည်လုံး တရုတ်ဘောအောက် ရောက်ရမယ့်ကိန်းကို အိုကြီးအိုမ စစ်အုပ်စုတွေက တိုင်းပြည်ကြီးကို ကာကွယ်ပါမယ်ဆိုတဲ့ တပ်ကြီးကို အသုံးချပြီး လုပ်တော့တာ။ မျိုးဆက်သစ် တပ်ပျို တပ်ဗိုလ်တွေက ဒီတပ်အိုတွေကို အပြတ်ဖြိုဖို့ လိုပြီ။ မဟုတ်ရင် တရုတ်အောက်မှာ ငုတ်ပျောက်တော့မှာ။ အဲလို မသာတိုင်း လနာပြည်ဖြစ်အောင် လုပ်နေတဲ့ ကောင်ကြီးတွေကို အပြောင်မတီးရင် လောင်မီးကျပြာဖြစ် သားစဉ်မြေးဆက် ကြမ္မာနစ် ဗလချာခေတ်မှာ မသာမဖြစ်တဖြစ်နဲ့ နေရတော့မှာ။

ပဒုမကုမ္ပဏီ ထောင်ထားတဲ့ ငပုကွက ရွေးကောက်ပွဲနဲ့ ပြေးပေါက်အလွဲရှာ အမေ့နောက်လင်ကယ်ပါလုပ်ပြီး တိုင်းစုတ်ပြည်နာကို ချာသထက်ချာအောင်လုပ်  တပ်ရော ပြည်သူ ဘယ်သူဖာဖြစ်ဖြစ် သူ ကြင်စိုးမဖြစ်ဖို့အရေး တိုင်းပြည်ကို တရုတ်ကြီးလက် ထိုးပေးပြီ။ 

သူ့ရဲ့ မဟုတ်တရုတ် အစုတ်အနုတ် ရွေးကောက်ပွဲဆိုတာ ဒုက္ခိတနဲ့ မုဆိုးမ မိဘမဲ့နဲ့ သားပျောက်အ‌မေတိုးပွား အဆိုးများဖို့သက်သက်ဆိုတာ လူတိုင်းသိ။ တိုင်းပြည့်ရန်သူ ဒင်းတို့ရှိသရွေ့ တော်လှန်ရေးနဲ့ နဖူးတွေ့ဒူးတွေ့ တွေ့နေရမယ်ဆိုတာ စစ်သားတိုင်းသိ။ ဒင်းတို့ရှိသရွေ့ စစ်သားမှန်သမျှ အချောင်သေပေးရမယ် ဆိုတာလည်း စစ်သားမယားနဲ့ သားသမီးတိုင်းသိ။ ဒင်းတို့နဲ့ ကြံ့အိုဖွတ်စုတ် တရုတ်ကြောက် တအုပ်ကို ရှင်းလိုက်ရင် တိုင်းပြည်က ရုပ်ပြန်ပေါက်လို့ ဘယ်သူ့မှ ကြောက်စရာမလို လူလိုသူလိုဆက်ဆံလို့ရ လူတူသူတူ ရပ်တည်လို့ရ လူမွှေးလူတောင်ပြောင်ရမှာပ။ ခုလို အမြီးနှန့်စရာမလိုဘဲ မအူရ မဟောင်ရတဲ့ဘဝ ရောက်မှာပ။ တဖြည်းဖြည်းနဲ့ တပ်မှာလဲ ခွေးစိတ်ပျောက် ခွေးနံ့ပျယ်၊ ပြည်သူတွေလည်း ခွေးနံ့ကင်း၊ မျိုးဆက်သစ်လည်း ခွေးချေးမရှူရ၊ ခွေးဝဲစား မဖြစ်ရ၊ တိုင်းပြည်ထဲလဲ ခွေးသေးပန်းမပွင့်‌တော့မှာ မဟုတ်လား။

တပ်ပျို တပ်ဗိုလ်တွေတင်မက အောက်ခြေစစ်သားရော တပ်ကျန်မယားရော သူပုန်ထချိန် ရောက်ပလေ။ ဖွတ်ချုပ်ဟောင်းတွေရော လက်ရှိ ဗိုလ်ချုပ်တွေရောက မင်းတို့ကို သေတွင်းတူးခိုင်းနေတာ။ ကိုယ့်မိသားစုကို ကိုယ်တိုင်တူးမြှုပ်နေရတာနော်။ လေတပ်မိသားစုဆို ဘယ်သူက ဘယ်နေရာတွေ့တွေ့ သတ်ကြမယ့် အနေအထားရောက်အောင် တွန်းပို့ပေးထားတာ။ သူတို့လဲ လေယာဉ်တွေနဲ့ ဌာနချုပ် ဗုံးပြန်ကြဲရင်ကြဲ မဟုတ်ရင် ခေတ်သစ်ဂဠုန်စောတွေချည်း ဖြစ်တော့မှာ။ နေ့စဉ်နိုင်ငံတော်ကို လုပ်ကြံနေကြရတယ်။ သူတို့မျိုးဆက်ဆို ဘယ်မျက်ခွက်နဲ့ ဘယ်မှာ ဘယ်လို ဆက်နေကြမလဲ။ အိုင်တီ‌ခေတ်ကမ္ဘာဟာ ကျဉ်းသထက် ကျဉ်းလာပြီ မဟုတ်လား။ 

ဒီခေတ်ကြီးဟာ ကိုယ့်ပညာနဲ့ကိုယ် ကိုယ့်ဝန်ဆောင်မှုနဲ့ကိုယ် ဘယ်သူ့မှ ဒုက္ခမပေးဘဲ စမတ်ကျကျနေရမယ့်ခေတ်လေ။ ခွေးရူးတွေရဲ့ အသုံးချခံပြီး ခွေးဘီလူးဘဝနဲ့ လူတကာကို လိုက်သတ်နေလို့ရစတမ်းလား။ ကိုယ့်လည်း ပြန်သတ်မှာပေါ့။ လူသတ်တာ ဘာခက်နေလို့လဲ။ ပြန်သတ်ခွင့်က လက်တကမ်းမှာပဲလေ။ သူများအသက်ကို စောင့်ရှောက်ရင်းသာ ကိုယ့်အသက်ရှင်လို့ရတာ မဟုတ်လား။ တပ်ဆိုတာ လူတိုင်း ထောင်လို့ရ၊ သေနတ် ဆိုတာ လူတိုင်း ကိုင်လို့ရ၊ လူတယောက်က သေနတ်ကိုင်ထားပြီး အခြားလူတယောက်ကို သေနတ်မကိုင်နဲ့ ပြောလို့ရတဲ့ခေတ်က ပြီးသွားပြီလေ။ လူတယောက်က အခြားလူတယောက်ကို ပစ်သတ်ပြီး အခြားလူတယောက်က အဲဒီလူကိုပြန်မသတ်ရဆိုတဲ့အူကြောင်ကြားဥပဒေတွေကို လက်ခံသူမရှိတော့ဘူးလေ။ ဥပဒေဆိုတာ လူ့အလေရဲ့ဟာ မဟုတ်။ ဘယ်သေနတ်ကိုင်ကိုမှ ယုံပေးနေစရာလဲ မလိုတော့။ ငါတို့က တပ်ဘဲ၊ ငါတို့က သေနတ်ကိုင်ရတာဘဲ၊ ငါတို့က ပစ်သတ်လို့ရတာဘဲ၊ ငါတို့က တရားဝင်၊ ငါတို့သာ နိုင်ငံတော်ဆိုတဲ့ စစ်တပ်ရဲ့ အူကြောင်ကြောင်ဖီလော်ဆော်ဖီတွေနဲ့ ပေါတောတော ဆက်လုပ်နေလို့ မရတော့ဘူးလေ။ ပြည်သူ တယောက်ချင်းဆီက နိုင်ငံတော်ပဲ ဆိုတာလောက်တော့ သိဖို့ကောင်းနေပြီ။ ငါသည် ငါ့နိုင်ငံတော်ဘဲ။ လက်နက်က အတူတူကိုင်မလား၊ အတူတူချမလား။ ငါ ကိုင်မယ်၊ မင်းချ မရတော့ဘူးလေ။ လူတိုင်း ကိုယ့်‌သေနတ်နဲ့ ကိုယ်။ ရွာတိုင်း ကိုယ့်တပ်နဲ့ကိုယ်။ မြို့တိုင်း ကိုယ့်ဇာတ်နဲ့ကိုယ်။ နယ်တိုင်း ကိုယ့်အမှတ်နဲ့ကိုယ်။ တမူး ပိုမရှူချင်နဲ့။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



Source link

Leave a Reply

Your email address will not be published. Required fields are marked *