(မိုးမခ) နိုဝင်ဘာ ၈ ၊ ၂၀၂၄
အောင်သမာဓိ လေဆိပ်မှာ ဖျာလိပ်ခိုင်းခံရတာကို ကြည့်ရင် သူဌေးအားလုံးဟာ မအလဓာတ်စာတွေချည်းဘဲ။ တတိုင်းပြည်လုံးက ပိုက်ဆံ သူ့ပိုက်ဆံချည်းပဲလို့ သဘောထားတဲ့နေရာမှာတော့ ပြည်ပထွက် အလုပ်လုပ်သူတွေရဲ့ ပိုက်ဆံကိုတောင် လှမ်းငတ်ကြီးကျနေတာ ကြည့်ပေါ့။ ခု ရွှေကြီးစည်းစိမ် ငါ့စည်းစိမ်လုပ်နေလို့ သာဂေါင်ကြီးလက်ထက် ပြည့်ဘဏ္ဍာခိုးလာတဲ့ကောင်တွေအကုန်လုံး ပြာနေပြီ။ နိုင်ငံတော်သစ္စာဖောက်မှု တပ်လိုက်ရင် မယားငယ်ရော သမီးပါ သိမ်းလို့ရမဟုတ်လား။ သူတို့ကိုလည်း အာဏာသိမ်းစကတည်းက မသိမသာကနေ သိသိသာသာ အကျယ်ချုပ်လုပ်လာခဲ့တာ ဆေးတောင် ထွက်ကုလို့မရလို့ အဘထဘဲ ရှူနေကြရတော့တာ ကြည့်ပေါ့။
ခု တိုင်းပြည်ကို မဟာမဲခေါင်မှာ ငနာ ဖဲပေါင်ရိုက်နေပြီ။ ယူနန်ဘဲက ဝနော် ကြိုက်တာ လာလုပ်မယ်ဆို မအလက တဝုတ်ဝုတ်နဲ့ အမြီးနှန့်နေတော့တာ။ သူက ထရန့်တောင် မဘသချင်း ကွန်ဂရက်ကျူးလေးရှင်း လုပ်ချင်နေတာ တရုတ် ကြောက်လို့ အသာငြိမ်နေရရှာတာ။ ညီနောင်သုံးဖော်ဆော်လို့ အော်ခဲ့ရသမျှ ခုတော့ ဖအေအားကိုးနဲ့ အမြီးမြှောက်လိုက် အီးပေါက်လိုက် လုပ်နေတော့တာရယ်၊ အမယ် ငြိမ်းချမ်းရေး လိုလားချက် သိသိသာသာမပြရင် မဆွေးနွေးနိုင်ဘူးတွေ ဘာတွေတောင် ဖအေ အားကိုးနဲ့ အူလိုက်သေးတာ။ ပဲခူးရေကြီးနေပုံ ပြောပါတယ်။
သူ အဲလို အားယားပါးရအူနေတဲ့အကြောင်းထဲမှာ တရုတ်ဖိအားနဲ့ မြနန္ဒာအေးအောင်နောက်ဆုတ်သွားရုံတင်မဟုတ်ဘဲ စစ်ကိုင်းတိုင်းမှာ တော်လှန်သူချင်း ကြီးနိုင်ငယ်ညှင်းလုပ်နေတာတွေ၊ အဖွဲ့ကြီးစိတ်ဓာတ်လုပ်နေ အချင်းချင်းဆော်နေတာတွေ၊ အခွန်နဲ့ အကျင့်စပျက်လာတာတွေ၊ အမှုအခင်းနဲ့တရားစီရင်ရေးမှာပါ လာဘ်ပေးလာဘ်ယူ ရှိလာတာတွေ၊ အချင်းချင်း သတ်ဖြတ်မှုတွေထိဖြစ်လာတာကြောင့်လဲ ပါပါတယ်။ ရှမ်းမြောက် စစ်ရှိန်တန့်တော့ အညာကို ကောင်းကောင်းနွှာနိုင်ပြီ မဟုတ်လား။ အညာမှာ စစ်ကြောင်းထိုး မီးတိုက် သီးနှံဖျက် လူဖမ်း ထင်ရာရမ်းနေတာကြာပေါ့။အညာသားတွေ ညီရင် နမခ မလွယ်ဘူးလေ။ ခု မောင်ဆောင်းခ တပ်ဝင်လာမယ်ဆိုတော့ ဝေဟင်မှာ ဂျေဝင်သူတွေက ကြိုဆိုဖို့ထား မလိုလားကြောင်းတောင် ရေးကြ ပြောကြ မဟုတ်လား။ ဒါပေလို့ မြေပြင်မှာ တကယ်တိုက်နေသူတွေကတော့ ကြိုကြပါတယ်။ သူတို့အတွက်ကျ တလက်တိုးတိုး တယောက်တိုးတိုး တတောင့်တိုးတိုး အင်အားလေ။ ခုဟာက တပ်ကြီးလိုက် လက်နက်အပြည့် ခဲယမ်းအပြည့် စစ်ရည်အပြည့်နဲ့ ဆင်းလာမှာ မကြိုဘဲနေမလား။ တွဲဆော်ကြမယ်ချည်းပေါ့။ ဒါပေလို့ အဲဒီလူတွေအသံက လိုင်းပေါ်အာနေကြလူတွေ အသံလောက် မကျယ်နိုင်တော့ ဒါလည်း စစ်အုပ်စုအတွက်ချည်းဘဲလေ။ ဖေ့ဘွတ်မှာ သူ့လူတွေ ရောသမအကွက်ဖော်လို့ ပိုအဆင်ပြေနေတယ်မဟုတ်လား။ ဥပမာ မြတ်ထွန်းဦး၊ ဒီကောင့်က မောင်ဆောင်းခ ကာဝန်နဲ့တွဲရိုက်တဲ့ပုံကိုဖြတ် ကာဝန့်နေရာ မအလပုံ ထည့်ပြီး ဆိုးဆိုးဝါးဝါးကို လုပ်ကြံဇာတ်သွင်း သူ့ဘာသာအတည်ပေါက်ဇာတ်ကွက်တွေ ခင်းပြသေးတာ။ အဲဒီကောင်က ကွီးဖြိုးလူ။ ကွီးဖြိုး ဆိုတာ ဒေါ်စုနောက်ကျော ဓားနဲ့ထိုးတဲ့ကောင်။ မြတ်ထွန်းဦး ဆိုတာ လူနဲ့ အကောင့် တွဲသိတဲ့သူတောင် ရှိရဲ့လားမသိ။ အမွေဂရုရဲ့ နာမည်တခုဖြစ်ဖို့ များပါတယ်။ စစ်တပ်က လူတွေ ဖေ့ဘွတ်မှာ သိသိသာသာ ထွက်လှုပ်ရှားရခက်ပေမယ့် ဖေ့ဘွတ်စောင့်ကြည့်ထိန်းချုပ်ရေးကတော့ စစ်တပ်လက်ထဲမှာပဲ ရှိသေးတာကို မသိချင်ထောင်ထောင်နေလို့မရဘူးလေ။
ပြည်နယ်တွေမှာလည်း လူမျိုးစုကြီးနဲ့ လူမျိုးစုငယ်တွေကြား ပြဿနာ၊ လူမျိုးစုအလိုက် တန်းတူအုပ်ချုပ်စီမံခွင့် ရချင်တဲ့ ပြဿနာ၊ တယောက် စစ်ပန်းချိန် တယောက် စောင့်ကြည့်နေတဲ့ ပြဿနာတွေ ရှိနေတော့ နိုင်ငံရေးကတိကဝတ်တွေ၊ သဘောထားကြီးမှုတွေဟာ အလွန်အရေးပါလာပါတယ်။ အဲဒီကြားအဟကို သပ်လျှိုဖို့ စစ်အုပ်စုက အမြဲအသင့်ရှိပါတယ်။ ဘယ်သူမှမခွဲဘဲ ကိုယ့်ဘာသာကွဲနေတာတွေလည်း များတော့ တော်လှန်ရေးကို ဆွဲဆန့်နေသလို ဖြစ်လာပါတယ်။ အပြန်အလှန်လေးစား တန်ဖိုးထားမှုက တော်တော်လေး ကင်းလာတာတွေ တွေ့နေ မြင်နေရ၊ ပြောနေဆိုနေကြတုန်းပါပဲ။ တော်လှန်ရေးအပေါ် အမြင်ရှင်းရှင်းလင်းလင်းမရှိတော့ အပြောအလုပ်တွေလဲ သဘောမဟုတ်တာတွေ ဖြစ်လာတာပေါ့လေ။ အဲသမှာ တော်လှန်ရေးသမ္မာအာဇီဝကျဖို့ပါ ခက်လာတာပေါ့။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar