ylliX - Online Advertising Network

ဖလမ်းနဲ့ မင်းတပ်မှာ မြို့သိမ်းတိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေ

ချင်းတော်လှန်ရေးတပ်တွေ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေကြတဲ့ ချင်းပြည်၊ ဖလမ်းနဲ့ မင်းတပ်မြို့တွေမှာ ဒီကနေ့မနက်ပိုင်းမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ အဲဒီဒေသခံတွေဆီကနေ သိရပါတယ်။   အဲဒီမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ အကြိမ်များစွာ ပြုလုပ်နေတယ်လို့ သိရပါတယ်။   ဖလမ်းမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်ကနေ ၂၈ ရက်နေ့အထိ သုံးရက်ဆက်တိုက် စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)တို့ကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။   အဲဒီနောက် နိုဝင်ဘာလ ၈ ရက်နေ့မှာ ဖလမ်းမြို့တွင်း တိုက်ပွဲတွေပြန်စခဲ့ပြီးနောက် အောက်တိုဘာလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ဖလမ်းမြို့မရဲစခန်းကို CNDF က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။   “အဲဒီ ၈ ရက်နေ့ညမှာပဲ ကလေးအမြောက်တပ်ကနေ မစ်ဇိုင်းဒုံးနဲ့ သုံးကြိမ်လောက် […]

မင်းတပ်မှာ ပစ်ကွင်းမရှင်းတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ချင်းပြည်၊ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ကွင်းမရှင်းတဲ့ အရပ်သား နေအိမ်တွေကို ဒီကနေ့ မနက်ပိုင်းမှာ လိုက်လံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဲဒီဒေသခံတွေဆီကနေ သိရပါတယ်။   မင်းတပ် မြို့မရဲစခန်းရှေ့ ခေါနူးရိပ်သာ အနီးတဝိုက်ရှိ အရပ်သားနေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဒီကနေ့ မနက် ၉ နာရီခန့်မှာ မီးရှို့ခဲ့တယ်လို့ သိရပါတယ်။   “ဒီနေ့မနက် နှင်းတွေကလည်း အရမ်းကျနေတယ်။ ရဲနဲ့ စစ်သားတွေ မီးရှို့တာက တွေ့လိုက်တယ်။ ဒါပေမဲ့ ဘယ်နှအိမ်လောက် မီးလောင်သွားလဲဆိုတာ သွားမကြည့်ရဲလို့ မသိရဘူး။ မနက် ၁၁ နာရီအချိန်ထိ မီးခိုးတွေ ထွက်နေသေးပါတယ်” လို့ အသက် ၃၀ ဝန်းကျင် မင်းတပ်မြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။ မင်းတပ်မြို့မှာ […]

အမ်းက စစ်ကောင်စီအတွက် အရေးပါတဲ့ တပ်ရင်းသုံးခုကို AA ထပ်မံသိမ်းပိုက်

ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ အမ်းမြို့က  စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်ရင်းသုံးခုကို နိုဝင်ဘာလ ၆ ရက်နေ့မှာ အာရက္ခတပ်တော် (AA) က ထပ်မံသိမ်းပိုက်လိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။   သိမ်းပိုက်ရရှိတဲ့ တပ်ရင်းတွေကတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ကာရံထားထားတဲ့ ခမရ- ၃၇၁၊ လေကြောင်းကာကွယ်ရေးတပ်နဲ့ စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ် (COD) တို့ ဖြစ်တယ်လို့ ဆိုပါတယ်။   “အခုဆိုရင် AA အတွက် အတော်အခြေအနေကောင်းသွားပြီ။ ၃၇၁ တပ်ရင်းက နပခကိုဝင်ဖို့ အဟန့်အတားတစ်ခုလို ဖြစ်နေတာ။ ခမရ-၃၇၁ ကျသွားပြီဆိုတော့ နပခ ထိကို ထိုးဖောက်ဝင်ရောက်လို့ ရသွားပြီ” လို့ မြေပြင်စစ်ရေး သတင်းအရင်းအမြစ် အမျိုးသားတစ်ယောက်က CJ Platform ကို […]

ကန့်ဘလူမှာ ဒေသခံ ၁၀၀ ကျော် စစ်ကောင်စီလက်အောက် ဖမ်းဆီးခံထားရ 

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ တစ်လကျော် ကာလအတွင်း ဒေသခံ ၁၀၀ ကျော်ဟာ စစ်ကောင်စီလက်အောက် ဖမ်းဆီးခံထားရတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ဆီက စုံစမ်းသိရှိရပါတယ်။   ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်ကနေ အခုလ နို၀င်ဘာ ၅ ရက်နေ့အတွင်း ဖမ်းဆီးခံရသူ ၁၂၂ ယောက်ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။   “မနေ့က ထပ် ဖမ်းဆီးခံရတာနဲ့ ဆိုတော့ ၁၂၀ ကျော်လာတာ။ နောက်ဆက်တွဲ သတင်းတွေတော့ ဘာမှမကြားရသေးဘူးဗျ” လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။   စစ်ကောင်စီဟာ ဒေသခံတွေကို ဖမ်းဆီးပြီးနောက် မြို့ပေါ်က တင့်ကားတပ်ရင်း တကရ – ၆၀၀၆ တပ်ကို ခေါ်သွားတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။   လက်ရှိ အချက်အလက်တွေအရ […]

စစ်အာဏာရှင်တော်လှန်ဖို့ ကျောင်းထွက် PDF ထဲဝင်လာသူ လူငယ်နှစ်ယောက် ငှက်ဖျားဖြစ်ပြီး ကုစရာ ဆေးမရလို့ ကျဆုံး

မကွေးတိုင်းအခြေပြု ဖွဲ့စည်းထားတဲ့ အရှိုချင်းကာကွယ်ရေးတပ်(ACDF) ရဲဘော်နှစ်ဦး ဆေးဝါးလုံလောက်မှုမရှိတဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ကျဆုံးခဲ့ရတယ်လို့ ACDF တာဝန်ရှိသူက CJ Platform ကို ပြောပါတယ်။   ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးဟာ ဆလိုင်း ဂျိုးဇက်နဲ့ အငယ်ကောင်တို့ဖြစ်ပြီး သူတို့နှစ်ယောက်ဟာ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တော်လှန်ဖို့အတွက် ကျောင်းထွက်ကာ ACDF တပ်ဖွဲ့ထဲ ဝင်ရောက်လာတာဖြစ်ပါတယ်။   အဲဒီရဲဘော်နှစ်ယောက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ဖြစ်ပွားတဲ့ငှက်ဖျားရောဂါကို ကုသဖို့ ဆေးလုံလုံလောက်လောက်မရရှိတဲ့အတွက် ကျဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။   “ကျွန်တော်တို့နေတဲ့ဘက် စစ်ကြောင်းကလည်းထိုးတော့ ဆေးရုံပို့ဖို့ အချိန်မမီလိုက်ဘူး။ စခန်းမှာလည်း ငှက်ဖျားနဲ့ပတ်သက်လို့ ဆေးဝါးလုံလောက်မှုမရှိတာနဲ့ ဆေးကုသမှုအပြည့်အဝ မလုပ်နိုင်ခဲ့လို့ ရဲဘော်တွေက အခုလိုကျဆုံးခဲ့ရတာဖြစ်ပါတယ်” လို့ ACDF ပြန်ကြားရေးတာဝန်က […]

 ကလေးက ချင်းရပ်ကွက်တွေမှာ သန်းခေါင်စာရင်း ဆက်ကောက

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ သန်ခေါင်းစာရင်း မကောက်နိုင်သေးတဲ့ ချင်းလူမျိုးတွေ နေထိုင်တဲ့ ရပ်ကွက်တွေမှာ ဆက်လက်ကောက်ယူနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။   စစ်ကောင်စီက အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်မယ်လို့ ကြေညာထားခဲ့ပေမဲ့ အောက်တိုဘာ လကုန်အထိ ထပ်တိုးကောက်ခဲ့ပါတယ်။ သတ်မှတ် ၁၅ ရက်အတွင်း ကလေးမြို့မှာလည်း ကောက်ယူခဲ့ပေမဲ့ ချင်းလူမျိုးတွေနေထိုင်ကြတဲ့ တာဟန်း၊ တောင်ဖီလာ၊ တောင်ဇလပ် စတဲ့ရပ်ကွက်တွေမှာတော့ အဲဒီရက်ပိုင်းထဲ သန်းခေါင်စာရင်း မကောက်နိုင်ခဲ့ပါဘူး။   အဲဒီမှာ အောက်တိုဘာ ၂၉ ရက်ကနေ ၃၁ ရက်နေ့အထိ ပြန်လည်ကောက်ယူခဲ့တယ်လို့ တာဟန်းရပ်ကွက်မှ အသက် ၂၈ နှစ်ဝန်းကျင်ရှိ ချင်းအမျိုးသားတစ်ယောက်က CJ Platform ကို ပြောပါတယ်။   “ပထမအခေါက်လို့ ပြောရမလား။ […]

စစ်ကောင်စီဖြိုခိုင်းထားတဲ့ စစ်တွေ၊ နာဇီရွာရဲစခန်းနားက နေအိမ်တွေ ငါးသောင်းမပေးရင် အိမ်တွင်းပစ္စည်း ယူဆောင်ခွင့်မပေး

ရခိုင်ပြည်မြို့တော် စစ်တွေ၊ နာဇီရွာရဲစခန်းနားမှာရှိတဲ့ အိမ်တွေကို စစ်ကောင်စီတပ်က လာမယ့် နိုဝင်ဘာလ ၁၅ ရက်(တန်ဆောင်မုန်းလပြည့်နေ့)မတိုင်မီ ဖြိုခိုင်းထားတဲ့အပြင် ငါးသောင်းကျပ် မပေးပါက အိမ်တွင်းပစ္စည်းတွေ ယူဆောင်ခွင့်မပေးဘူးလို့ အဲဒီဒေသခံတွေကို ပြောပါတယ်။   အောက်တိုဘာလ တတိယအပတ်အတွင်း စစ်ကောင်စီတပ်က သူတို့ရဲ့ လုံခြုံရေးအတွက်လို့ဆိုကာ နာဇီရွာရဲစခန်းနားက အိမ်အလုံး ၅၀ ကျော်ကို ဖြိုဖျက်ပေးရမယ်လို့ ဒေသခံတွေကို ရဲစခန်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်က ပြောဆိုထားပါတယ်။   “ကိုယ်တိုင်ဖြိုမလားမေးတယ်။ ဖြိုမယ်ဆိုရင် သူတို့ကို ငါးသောင်းပေးရမယ်ပေါ့။ လိုချင်တဲ့ပစ္စည်းတွေ ယူသွားခွင့်ပေးမယ်။ မပေးနိုင်ရင် သူတို့ဖြိုပစ်မယ်။ ဘာတစ်ခုမှ ယူခွင့်မပေးဘူး။ သူတို့ဖြိုပြီးမှ ငွေပေးမယ်ဆိုရင်လည်း လက်မခံဘူးပြောတယ်” လို့ နာဇီရွာခံ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။   စစ်ကောင်စီတပ်ဟာ နေအိမ်တွေဖြိုဖျက်ဖို့ကိုပဲ ဖိအားပေးနေပေမဲ့ အကူအညီပေးဖို့ ပြောတာမျိုး […]

ဟားခါးက စစ်ကောင်စီ တပ်စခန်းတစ်ခု ထပ်သိမ်း၊ စစ်ကောင်စီဘက် ၁၀ ဦးသေဆုံးတဲ့အပြင် ဗိုလ်မှူးတစ်ဦးအပါအဝင် လေးဦးအရှင်ဖမ်းမိ

ချင်းပြည်မြို့တော် ဟားခါးအနီးရှိ ကီယမ်တောင်တပ်စခန်းကို ချင်းအမျိုးသားတပ်မတော်(CNA) ဦးဆောင်တဲ့ ချင်းလဲန်းကောင်စီ(CC)တပ်ပေါင်းစုက ပြီးခဲ့တဲ့အောက်တိုဘာလ ၂၈ ရက်နေ့ မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။   စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅ ဦးလောက်နဲ့တပ်စွဲထားတဲ့ အဲဒီစခန်းငယ်ကနေ ဗိုလ်မှူးတစ်ဦးအပါအဝင် လေးဦးအရှင်ဖမ်းမိတဲ့အပြင် သေနတ် ၁၅ လက် သိမ်းဆည်းရမိတယ်လို့ ချင်းကာကွယ်ရေးတပ်(ဟားခါး)မှ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။   “ဆယ်ယောက်က တိုက်ပွဲမှာ ကျတယ်။ တစ်ယောက်က လက်နက်ချတယ်။ လေးယောက်ထွက်ပြေးတဲ့အနက် သုံးဦးဖမ်းမိတယ်။ စုစုပေါင်း လေးဦး အရှင်ဖမ်းမိပြီးတော့ တစ်ဦးလွတ်မြောက်သွားတယ်” လို့ သူက ပြောပါတယ်။   တိုက်ပွဲဖြစ်ရာကို ဟားခါးအခြေစိုက် ရုန်းတောင်စခန်းကုန်းကနေ လက်နက်ကြီးကျည်တွေ ပစ်ကူပေးတဲ့အတွက် CC တပ်ပေါင်းစုက ရဲဘော်တချို့ ထိခိုက်ကျဆုံးမှုရှိတယ်လို့ […]

အလှူငွေခြောက်ထောင်ယူတယ်ဆိုပြီး ဖမ်းဆီးရိုက်နှက်ခံရတဲ့ ဝက်လက်က ပကဖအဖွဲ့၀င် သေဆုံး

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်မှာ အလှူငွေခြောက်ထောင်ယူတယ်ဆိုပြီး ဖမ်းဆီးရိုက်နှက်ခံရတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။   ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း ၁ နယ်မြေပိုင် ၀က်လက်မြို့နယ်၊ သမရိုးရွာမှာ တပ်ရင်း ၁ အဖွဲ့၀င်တွေနဲ့ ကျေးရွာပကဖ၀င်တွေဟာ ပြည်သူတွေဆီက အလှူခံခဲ့တယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။   အလှူခံနေချိန် သမရိုးရွာနေ ကိုပေါက်ကျော်ဟာ ကျေးရွာပကဖခေါင်းဆောင် ကိုင်ဆောင်ထားတဲ့ အလှူခံဖလားအတွင်းက ၆၀၀၀ ကျပ်ကို စနောက်ယူသွားခဲ့တာကြောင့် ဖမ်းဆီးရိုက်နှက်ခံခဲ့ရတာ ဖြစ်တယ်လို့ ဒီအကြောင်းသိရှိထားသူ CJ Platform ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။   “သူက မူးပြီးတော့ ရွာကပကဖ အချင်းချင်းပြောင်တာလေ။ အလှူခံဖလားထဲက ငွေခြောက်ထောင် စနောက်ယူသွားတာကို အပြစ်လုပ်တာ။ အဲဒီနေ့ညနေလောက်(အောက်တိုဘာ […]

စစ်တွေမြို့ မင်းဂံရပ်ကွက်ကို စစ်ကောင်စီဝင်စီး၊ အမျိုးသမီးတွေအပါအဝင် မြို့ခံ ၂၅ ယောက်ကို ဖမ်းဆီးသွား

ရခိုင်ပြည် မြို့တော်စစ်တွေမှာ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၂၅ ယောက်ကို အောက်တိုဘာလ ၂၄ ရက်၊ ည ၇ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။   အင်အား ၁၀၀ ဝန်ုးကျင် ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်ကားတစ်စီး၊ ရဲအချုပ်ကားတစ်စီးတို့နဲ့ စစ်တွေမြို့ မင်းဂံရပ်ကွက်ထဲကို  ဝင်ရောက်လာခဲ့ပြီး ဒေသခံတွေကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ စစ်တွေမြို့ မင်းဂံရပ်ကွက်နေသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။   “ဧည့်စာရင်း ဝင်စစ်တဲ့ ပုံစံ ဝင်စစ်တာ။ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်တွေလည်း စစ်တယ်။ တချို့ကို ဖမ်းဆီးသွားတယ်။ မှတ်ပုံတင်မှာ စစ်တွေမဟုတ်တဲ့ သူတွေကို အဓိက ဖမ်းတာဖြစ်မယ်လို့ ထင်ပါတယ်”လို့ သူက ဆိုပါတယ်။   စစ်ကောင်စီတပ်ဟာ […]