ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ မြို့ဦးပရိယတ္တိစာသင်တိုက်မှာ ဒီကနေ့ နိုဝင်ဘာလ ၁၈ ရက် မနက် ၉ နာရီခန့်က ပါဆယ်ဗုံးပေါက်ကွဲမှုဖြစ်ပွားတာကြောင့် အဲဒီစာသင်တိုက်က ကျောင်းထိုင်ဆရာတော်ပျံလွန်တော်မူသွားတယ်လို့ အဲဒီစာသင်တိုက်အနီးနေသူတွေက CJ Platform ကို ပြောပါတယ်။ ကျောင်းထိုင်ဆရာတော်သီတင်းသုံးရာ ကျောင်းဆောင်ဘေးမှာ ပါဆယ်ဗုံးပေါက်ခဲ့တာလို့ ဒီဖြစ်စဉ်ကို သိရှိတဲ့ အဲဒီစာသင်တိုက်အနီးနေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။ “ဆရာတော်ရဲ့အခန်းဘေးမှာ ဘယ်သူကထားသွားတယ်မသိဘူး။ ဆရာတော်က နေရာမှာပဲပျံလွန်တော်မူသွားတယ်” လို့ သူက ပြောပါတယ်။ ပျံလွန်တော်မူသွားတဲ့ဆရာတော် ဦးဉာဏဝံသဟာ သက်တော် ၅၇ နှစ်၊ ဝါတော် ၃၇ ဝါရှိပြီဖြစ်ပြီး မေတ္တာညွန့်ရပ်ကွက်၊ မြို့ဦးပရိယတ္တိစာသင်တိုက်က ကျောင်းထိုင်ဆရာတော်ဖြစ်သလို ရပ်ကွက်သံဃနာယကဥက္ကဌလည်းဖြစ်တယ်လို့ သိရပါတယ်။ “ဖြစ်ဖြစ်ပြီးချင်း ကျောင်းထဲမှာ […]
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတို့ကြား တကျော့ပြန် တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ အားနည်းချက်ကို အပြည့်အဝ ရယူနိုင်ခဲ့ပြီး အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တယ်လို့ စစ်ဆင်ရေး တစ်နှစ်ပြည့် နိုဝင်ဘာ ၁၃ ရက်နေ့မှာ အာရက္ခတပ်တော် AA က ထုတ်ပြန်အသိပေးပါတယ်။ အာရက္ခဒေသတစ်ခုလုံး အာရက္ခပြည်သူ့လက်ထဲသို့ အမြန်ဆုံးရောက်ရှိစေဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်နေ့က ထိုးစစ်စတင်ခဲ့ပြီး ယမန်နေ့ တစ်နှစ်ပြည့်တဲ့နေ့အထိ တိုက်ပွဲ ရပ်နားခြင်းမရှိဘဲ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်တွေ ကြားကနေ ပလက်ဝဒေသ အပါအဝင် မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။ ဒီနှစ် ဇန်နဝါရီလမှာ […]
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုနဲ့ မိုးကုတ်မြို့တွေထဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အယောက် ၂၀ သေဆုံးပြီး ၂၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ PSLF/TNLA ရဲ့ ဒီကနေ့ညပိုင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၄၃ မိနစ်ခန့်မှာ နောင်ချိုမြို့မဈေးရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်ပေါ်ကို စစ်ကောင်စီရဲ့ ပေါင် ၅၀၀ ဗုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဒေသခံ ၁၁ ယောက်သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် လေးလုံးအပါအဝင် ခရီးသည်တင်ကားတွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။ ဒါ့အပြင် ယမန်နေ့ နိုဝင်ဘာ […]
ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့ရဲ့ လေးမိုင်အကွာက စပေါ်ကျေးရွာနဲ့ ပင်တီယာကျေးရွာကြားမှာ ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF မရာ ပူးပေါင်းတပ်နဲ့ မရာလဲန်း ကာကွယ်ရေးတပ်(MDF)၊ မဟာမိတ် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တွေအကြား ယမန်နေ့ နိုဝင်ဘာ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းက တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲကြောင့် ပင်တီယာကျေးရွာက အရပ်သားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး မွန်းလွဲ ၃ နာရီခန့်မှာ ဖြစ်ခဲ့တဲ့ အဲဒီတိုက်ပွဲမှာ နှစ်ဘက်ထိခိုက်မှုနဲ့ အကျအဆုံးများခဲ့တယ်လို့ CDF-Mara တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပေမဲ့ အတိအကျတော့ မသိရှိရသေးပါဘူး။ “ပင်တီယာကျေးရွာက အရပ်သား အမျိုးသမီးတစ်ယောက် ပွဲချင်းပြီး သေဆုံးကာ ကလေး သုံးယောက်ထက် မနည်း […]
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းပေါ်ရှိ ရွာမအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဒီကနေ့ နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်မှာ Dark Shadow UG အဖွဲ့က အဝေးထိန်းမိုင်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Dark Shadow အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကရင်နီ(ကယား)ပြည်ရှိ တော်လှန်ရေးအင်အားစုတွေနဲ့ အတူတကွဖြစ်တယ်ဆိုတာကို ပြသလိုတာကြောင့် ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ “ကျွန်တော်တို့အနေနဲ့ အတူတကွရှိကြောင်းပြသတာပါ။ အခုလို အထိမ်းအမှတ်တွေမှမဟုတ်ပါဘူး။ ဒီကောင်(စစ်ကောင်စီ)တွေကို အခါအခွင့်သင့်တိုင်း တိုက်ခိုက်သွားမှာပါ” လို့ Dark Shadow အဖွဲ့ရဲ့ တာဝန်ခံ ရဲဘော်အရိပ်(ခ)ပန်ဒါက CJ Platform ကို ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကိုတော့ မသိရှိရသေးဘဲ Dark Shadow အဖွဲ့ဝင်တွေအနေနဲ့ […]
ချင်းတော်လှန်ရေးတပ်တွေ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေကြတဲ့ ချင်းပြည်၊ ဖလမ်းနဲ့ မင်းတပ်မြို့တွေမှာ ဒီကနေ့မနက်ပိုင်းမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ အဲဒီဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ အကြိမ်များစွာ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဖလမ်းမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်ကနေ ၂၈ ရက်နေ့အထိ သုံးရက်ဆက်တိုက် စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)တို့ကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် နိုဝင်ဘာလ ၈ ရက်နေ့မှာ ဖလမ်းမြို့တွင်း တိုက်ပွဲတွေပြန်စခဲ့ပြီးနောက် အောက်တိုဘာလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ဖလမ်းမြို့မရဲစခန်းကို CNDF က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “အဲဒီ ၈ ရက်နေ့ညမှာပဲ ကလေးအမြောက်တပ်ကနေ မစ်ဇိုင်းဒုံးနဲ့ သုံးကြိမ်လောက် […]
ချင်းပြည်၊ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ကွင်းမရှင်းတဲ့ အရပ်သား နေအိမ်တွေကို ဒီကနေ့ မနက်ပိုင်းမှာ လိုက်လံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဲဒီဒေသခံတွေဆီကနေ သိရပါတယ်။ မင်းတပ် မြို့မရဲစခန်းရှေ့ ခေါနူးရိပ်သာ အနီးတဝိုက်ရှိ အရပ်သားနေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဒီကနေ့ မနက် ၉ နာရီခန့်မှာ မီးရှို့ခဲ့တယ်လို့ သိရပါတယ်။ “ဒီနေ့မနက် နှင်းတွေကလည်း အရမ်းကျနေတယ်။ ရဲနဲ့ စစ်သားတွေ မီးရှို့တာက တွေ့လိုက်တယ်။ ဒါပေမဲ့ ဘယ်နှအိမ်လောက် မီးလောင်သွားလဲဆိုတာ သွားမကြည့်ရဲလို့ မသိရဘူး။ မနက် ၁၁ နာရီအချိန်ထိ မီးခိုးတွေ ထွက်နေသေးပါတယ်” လို့ အသက် ၃၀ ဝန်းကျင် မင်းတပ်မြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။ မင်းတပ်မြို့မှာ […]
ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ အမ်းမြို့က စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်ရင်းသုံးခုကို နိုဝင်ဘာလ ၆ ရက်နေ့မှာ အာရက္ခတပ်တော် (AA) က ထပ်မံသိမ်းပိုက်လိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။ သိမ်းပိုက်ရရှိတဲ့ တပ်ရင်းတွေကတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ကာရံထားထားတဲ့ ခမရ- ၃၇၁၊ လေကြောင်းကာကွယ်ရေးတပ်နဲ့ စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ် (COD) တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ “အခုဆိုရင် AA အတွက် အတော်အခြေအနေကောင်းသွားပြီ။ ၃၇၁ တပ်ရင်းက နပခကိုဝင်ဖို့ အဟန့်အတားတစ်ခုလို ဖြစ်နေတာ။ ခမရ-၃၇၁ ကျသွားပြီဆိုတော့ နပခ ထိကို ထိုးဖောက်ဝင်ရောက်လို့ ရသွားပြီ” လို့ မြေပြင်စစ်ရေး သတင်းအရင်းအမြစ် အမျိုးသားတစ်ယောက်က CJ Platform ကို […]
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ တစ်လကျော် ကာလအတွင်း ဒေသခံ ၁၀၀ ကျော်ဟာ စစ်ကောင်စီလက်အောက် ဖမ်းဆီးခံထားရတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ဆီက စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်ကနေ အခုလ နို၀င်ဘာ ၅ ရက်နေ့အတွင်း ဖမ်းဆီးခံရသူ ၁၂၂ ယောက်ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။ “မနေ့က ထပ် ဖမ်းဆီးခံရတာနဲ့ ဆိုတော့ ၁၂၀ ကျော်လာတာ။ နောက်ဆက်တွဲ သတင်းတွေတော့ ဘာမှမကြားရသေးဘူးဗျ” လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီဟာ ဒေသခံတွေကို ဖမ်းဆီးပြီးနောက် မြို့ပေါ်က တင့်ကားတပ်ရင်း တကရ – ၆၀၀၆ တပ်ကို ခေါ်သွားတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။ လက်ရှိ အချက်အလက်တွေအရ […]
မကွေးတိုင်းအခြေပြု ဖွဲ့စည်းထားတဲ့ အရှိုချင်းကာကွယ်ရေးတပ်(ACDF) ရဲဘော်နှစ်ဦး ဆေးဝါးလုံလောက်မှုမရှိတဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ကျဆုံးခဲ့ရတယ်လို့ ACDF တာဝန်ရှိသူက CJ Platform ကို ပြောပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးဟာ ဆလိုင်း ဂျိုးဇက်နဲ့ အငယ်ကောင်တို့ဖြစ်ပြီး သူတို့နှစ်ယောက်ဟာ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တော်လှန်ဖို့အတွက် ကျောင်းထွက်ကာ ACDF တပ်ဖွဲ့ထဲ ဝင်ရောက်လာတာဖြစ်ပါတယ်။ အဲဒီရဲဘော်နှစ်ယောက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ဖြစ်ပွားတဲ့ငှက်ဖျားရောဂါကို ကုသဖို့ ဆေးလုံလုံလောက်လောက်မရရှိတဲ့အတွက် ကျဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ “ကျွန်တော်တို့နေတဲ့ဘက် စစ်ကြောင်းကလည်းထိုးတော့ ဆေးရုံပို့ဖို့ အချိန်မမီလိုက်ဘူး။ စခန်းမှာလည်း ငှက်ဖျားနဲ့ပတ်သက်လို့ ဆေးဝါးလုံလောက်မှုမရှိတာနဲ့ ဆေးကုသမှုအပြည့်အဝ မလုပ်နိုင်ခဲ့လို့ ရဲဘော်တွေက အခုလိုကျဆုံးခဲ့ရတာဖြစ်ပါတယ်” လို့ ACDF ပြန်ကြားရေးတာဝန်က […]