ylliX - Online Advertising Network
စစ်အာဏာရှင်တော်လှန်ဖို့ ကျောင်းထွက် PDF ထဲဝင်လာသူ လူငယ်နှစ်ယောက် ငှက်ဖျားဖြစ်ပြီး ကုစရာ ဆေးမရလို့ ကျဆုံး

စစ်အာဏာရှင်တော်လှန်ဖို့ ကျောင်းထွက် PDF ထဲဝင်လာသူ လူငယ်နှစ်ယောက် ငှက်ဖျားဖြစ်ပြီး ကုစရာ ဆေးမရလို့ ကျဆုံး





မကွေးတိုင်းအခြေပြု ဖွဲ့စည်းထားတဲ့ အရှိုချင်းကာကွယ်ရေးတပ်(ACDF) ရဲဘော်နှစ်ဦး ဆေးဝါးလုံလောက်မှုမရှိတဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ကျဆုံးခဲ့ရတယ်လို့ ACDF တာဝန်ရှိသူက CJ Platform ကို ပြောပါတယ်။

 

ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးဟာ ဆလိုင်း ဂျိုးဇက်နဲ့ အငယ်ကောင်တို့ဖြစ်ပြီး သူတို့နှစ်ယောက်ဟာ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တော်လှန်ဖို့အတွက် ကျောင်းထွက်ကာ ACDF တပ်ဖွဲ့ထဲ ဝင်ရောက်လာတာဖြစ်ပါတယ်။

 

အဲဒီရဲဘော်နှစ်ယောက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ဖြစ်ပွားတဲ့ငှက်ဖျားရောဂါကို ကုသဖို့ ဆေးလုံလုံလောက်လောက်မရရှိတဲ့အတွက် ကျဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

 

“ကျွန်တော်တို့နေတဲ့ဘက် စစ်ကြောင်းကလည်းထိုးတော့ ဆေးရုံပို့ဖို့ အချိန်မမီလိုက်ဘူး။ စခန်းမှာလည်း ငှက်ဖျားနဲ့ပတ်သက်လို့ ဆေးဝါးလုံလောက်မှုမရှိတာနဲ့ ဆေးကုသမှုအပြည့်အဝ မလုပ်နိုင်ခဲ့လို့ ရဲဘော်တွေက အခုလိုကျဆုံးခဲ့ရတာဖြစ်ပါတယ်” လို့ ACDF ပြန်ကြားရေးတာဝန်က CJ Platform ကို ပြောပါတယ်။

 

ကျဆုံးရဲဘော်နှစ်ယောက်ရဲ့ ဈာပနကို ACDF နောက်တန်းတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

ACDF တပ်ဖွဲ့ စစ်ရေးလှုပ်ရှားနယ်မြေမှာ ငှက်ဖျားရောဂါအဖြစ်များပြီး ဆေးရုံ၊ ဆေးခန်းတွေနဲ့လည်း အလှမ်းဝေးတဲ့အတွက် ဆေးဝါးနဲ့ပတ်သက်ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

 

“အဓိက ကျွန်တော်တို့ စခန်းထိုင်တဲ့ နေရာပတ်ဝန်းကျင်က မြို့/ရွာတွေနဲ့ အရမ်းဝေးတယ်။ ဆေးဝါးနဲ့ ပတ်သက်လို့ အလွယ်တကူဝယ်ယူလို့မရသလို ဆေးရုံ၊ ဆေးခန်းပြဖို့ကလည်း အရမ်းဝေးတဲ့အတွက် အဆင်မပြေဘူး။ ပြီးတော့ ဆေးဝါးဝယ်ယူတဲ့အပိုင်းမှာ ငွေကြေးခက်ခဲမှုနဲ့ လိုအပ်တဲ့ဆေးတွေ ဝယ်ယူလို့မရဘူးဖြစ်နေတယ်။ အဲဒါတွေ အခက်ခဲရှိတယ်” လို့ ACDF မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်နေ့ကလည်း ချင်းကာကွယ်ရေးတပ်(အရှို)က ရဲဘော်တစ်ဦးလည်း ငှက်ဖျားရောဂါနဲ့ နောက်တန်းတစ်နေရာမှာ ကျဆုံးခဲ့ပါတယ်။

 

ACDF လှုပ်ရှားရာ မကွေးဒေသ အမ်း – မင်းဘူး ကားလမ်းတစ်နေရာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က အမ်းမြို့ကို ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ACDF က ခြုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အခုခါ ပဒါန်းဘက်က စစ်ကောင်စီတပ်ဟာ ACDF စစ်ရေးလှုပ်ရှားနယ်မြေထဲကို စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

 

ဓာတ်ပုံ – ACDF

 

ပုံစာ – ငှက်ဖျားရောဂါနဲ့ ကျဆုံးသွားတဲ့ ACDF ရဲဘော်နှစ်ဦးကို တွေ့မြင်ရစဥ်

 





Source link

Leave a Reply

Your email address will not be published. Required fields are marked *