ylliX - Online Advertising Network

ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ – iMyanmarHouse.com

ယနေ့ကာလတွင် ပထမဆုံးနေအိမ်တစ်လုံး ပိုင်ဆိုင်လိုသူများမှာ မျိုးရိုးစဉ်ဆက် ချမ်းသာသူများမဟုတ်လျှင် (သို့မဟုတ်) ထီပေါက်ကာ ရုတ်တရက်ချမ်းသာလာခြင်းမျိုးမရှိလျှင် နှစ်ပေါင်းများစွာ ငွေစုဆောင်းကာ ဝယ်ယူကြရမည် ဖြစ်သည်။ နေအိမ်ပိုင်ဆိုင်ရေးအတွက် အခွင့်ထူးတစ်ခု ရှာဖွေနေသည်ဆိုပါက အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့ရှိ အိပ်ခန်း ၁ ခန်းပါ လူနေခန်းတစ်ခန်း ၁ ပေါင်မျှဖြင့် ရောင်းချရန် စီစဉ်နေသည်။ သို့သော် သတိပြုရမည့်အချက်ရှိနေသည်။ တတိယထပ်တွင် တည်ရှိသော အခန်းဖြစ်ပြီး ပြန်လည်ပြုပြင်မွမ်းမံမှုများ ကြီးမားစွာလုပ်ဆောင်ရန် လိုအပ်နေသော အခန်းဖြစ်သည်။ ပန်းရောင်ရေချိုးခန်းရှိ ရေစိမ်ကန်မှာလည်း မှိုစွဲနေသည်။ ယခင်က လျှပ်စစ်မီး၊ ရေပိုက်လိုင်းနှင့် ရေဆိုးထုတ်ပိုက်လိုင်းတို့ရှိခဲ့သော်လည်း ဈေးကွက်တင်ကြော်ငြာတွင် ဖော်ပြချက်အရ ထိုအရာများကို စစ်ဆေးကြည့်ရှုထားခြင်းမရှိကြောင်း ဖော်ပြထားသည်။ အခြေအနေအတိအကျဖော်ပြထားခြင်းမရှိရာ ဝယ်လက်အတွက် ကံကောင်းမည်ဟုသာ မျှော်လင့်ရသည်။ (ပြန်လည်ပြုပြင်မွမ်းမံမှု များစွာလိုအပ်သည်။ ဓာတ်ပုံ-Loveitts)   ပိုမိုအရေးတကြီး […]

Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း – iMyanmarHouse.com

Eminem ၏ သီချင်းများနှင့် မြန်မာပရိသတ် များစွာရင်းနှီးသည်။ Eminem ၏ Shake That အမည်ရှိသီချင်းကို စိုင်းစိုင်းခမ်းလှိုင်က တောဂေါ်လီဟု ပြန်လည်သီဆိုခဲ့ဖူးသည်။ ထို့အပြင် Eminem ၏ Rabbit run ကို စိုင်းစိုင်းခမ်းလှိုင်ကပင် ကြေညာရန်မလိုဟု ပြန်လည်သီဆိုထား သေးသည်။ Eminem ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး အမေရိကန်ရုပ်ရှင်မင်းသမီး Brittany Murphy လည်း ပါဝင်သော 8 Mile အမည်ရှိ ရုပ်ရှင်ဇာတ်ကား ရုံတင်ခဲ့ဖူးသည်။ 8 Mile ဟူသော ရွေ့လျားအိမ်စခန်းတွင် Eminem ကြီးပြင်းခဲ့ပုံကို ရိုက်ကူးပြသထားခြင်းဖြစ်သည်။ ရိုက်ကူးစရိတ် ဒေါ်လာ ၄၁ သန်းကုန်ကျပြီး ရုံတင်ပြသရာတွင် ဒေါ်လာ ၂၄၂ ဒသမ ၉ သန်းရခဲ့ရာ စီးပွားရေးအရ အောင်မြင်ခဲ့သည့် […]

TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ် (တိုက်ရိုက်)

 https://www.youtube.com/watch?v=3opIDu8ShIk #Daily_NewsPublished 23 November 2024 ၁။ ရေကျော်ပွဲဈေး ပြန်လည်ကျင်းပနေ၊ (၅)ရက်တိုင် ကျင်းပမည် ၂။ ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့၌ ကျောက်စိမ်းအတွဲ ၆၀၀ ကျော်ရောင်းချနိုင်ခဲ့ ၃။ ဆောင်းတွင်း ရန်ကုန်အပါအဝင်ဒေသ(၇)ခု မိုးရွာဦးမည် ၄။ ပါကစ္စတန်တွင်ကျင်းပသည့် နိုင်ငံတကာကာကွယ်ရေးပြပွဲသို့ အီရန်တပ်မတော်ကိုယ်စားလှယ်အဖွဲ့တက်ရောက် … အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ #YMG #Yangon_Times #Yangon_Media_Group Source link

ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ – iMyanmarHouse.com

ရာဇသတ်ကြီးပုဒ်မ – ၉၆ အရ ကာကွယ်ခုခံပိုင်ခွင့် အခွင့်အရေးအရ ပြုလုပ်သော ပြစ်မှုများမှာ ပြစ်မှုမ မြောက်ပါ။ ခိုးမှု ၊ လုယက်မှု ၊ အကျိုးဖျက်စီးမှု ၊ ပြစ်မှုမကင်းသော ကျော်နင်းမှုတို့အား ပြုလုပ်ရန် အားထုတ်သူ၊ ကျူးလွန်သူအား တားဆီးခြင်း ပြုနိုင်ပါသည်။ မိမိပိုင် (သို့) အခြားသူပိုင် မရွှေ့မပြောင်းနိုင်သောပစ္စည်း၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများအား တားဆီးကာကွယ်ခြင်း ပြုနိုင်သည်ဖြစ်ရာ ကာကွယ်ခုခံမှုပြုရာတွင် လိုအပ်သည်ထက်ပို၍ ကာကွယ်ခုခံပိုင်ခွင့်တော့ မရှိပါ။ ပြည်သူ့ဝန်ထမ်းအား အကာအကွယ်စောင့်ရှောက်မှုပြုနိုင်ရန် တိုင်ကြားခွင့်အချိန်ရှိသော ကိစ္စရပ်များတွင် ကာကွယ်ခုခံပိုင်ခွင့် အခွင့်အရေး မရနိုင်ပါ။ ပြစ်မှုကျူးလွန်ခြင်း မရှိသေးသော်လည်း အားထုတ်ခြင်း၊ ခြိမ်းခြောက်ခြင်းဖြင့် မိမိအား ဘေးအန္တရာယ် စတင်ဖြစ်ပေါ်သည်နှင့် ကာကွယ်ခုခံနိုင်မှုလဲ စတင်ပါသည်။ ဘေးအန္တရာယ် ဖြစ်ပေါ်စေနိုင်သည့် ကာလတလျှောက်တွင် ကာကွယ်ခုခံပိုင်ခွင့်လဲ […]

သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ – iMyanmarHouse.com

ကမ်းခြေအမည်ရပေမယ့်ကမ်းခြေမဟုတ်တဲ့ Red Beach ဟာ တရုတ်နိုင်ငံ ပန်ကျင်းမြို့ကအနီရောင်ကမ်းခြေလွင်ပြင်ကြီးဖြစ်ပါတယ်။ ပေကျင်းမြို့ကနေ ၆ နာရီခန့်ကားမောင်းသွားရောက်နိုင်ပြီး အသွားသင့်ဆုံးရာသီကတော့ ယခုလို ပွင့်လင်းရာသီဖြစ်ပါတယ်။ မျက်စေ့တစ်ဆုံးကျယ်ဝန်းလှတဲ့အနီရောင်လွမ်းလွင်ပြင်ကြီးဟာ ဘာကြီးလဲဆိုရင်တော့ဆောင်းဦးရောက်တိုင်းအရောင်ပြောင်းတတ်တဲ့ ရေညှိပြင်ကြီးပဲဖြစ်ပါတယ်။ ထူးခြားတဲ့ဓာတ်ပြုမှုတစ်ခုကြောင့် နွေရာသီမှာအစိမ်းရောင်ဖြစ်နေတဲ့ ရေညှိကွင်းပြင်ကြီးဟာ ဆောင်းဦးရောက်တိုင်းအနီရောင်သို့ပြောင်းလဲသွားခြင်းဖြစ်ပါတယ်။ ခရီးသွားများအတွက် အနားယူလည်ပတ်ကြည့်ရှုနိုင်အောင်ကွင်းပြင်တစ်ခွင်ပြင်ဆင်ပေးထားပြီး ကွင်းပြင်တစ်လျှောက် လျှောက်လမ်းလေးပေါ်မှာ လှည့်လည်သွားလာနိုင်မှာဖြစ်ပါတယ်။ အလည်ပတ်သင့်ဆုံး ရာသီချိန်ကတော့ အောက်တိုဘာလဖြစ်ပါတယ်။ Red Beach ကွင်းပြင်ကြီးမှာ လျှောက်လမ်း၊အလှတံတားငယ်လေးများထည့်သွင်းထားပြီး ညနေခင်းပိုင်းအချိန်သွားရင်တော့ နေဝင်ချိန်ဆည်းဆာအလှနဲ့ အလှပဆုံးဖြစ်နေပါလိမ့်မယ်။   အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။ ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။ ငှားရန်အိမ်ခြံမြေများကို […]

TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ် (တိုက်ရိုက်)

 https://www.youtube.com/watch?v=fsqBJbCInkk #Daily_NewsPublished 21 November 2024 ၁။ မြန်မာကျောင်းသားများ ဥရောပမှပေးမည့် ပညာသင်ဆုပါဝင်လျှောက်ထားနိုင် ၂။ ရွှေတိဂုံစေတီ၏အထိမ်းအမှတ်အလံငယ်မှ ဆုတော်ငွေ(၅)သိန်းကို ဒေးဒရဲဒေသခံတစ်ဦးကံထူး ၃။ ၇ လတာကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၂ သန်းကျော် တင်ပို့နိုင်ခဲ့ ၄။ ကမ္ဘာပေါ်တွင်ခြေအိတ်အများဆုံး ထုတ်လုပ်ရာလုပ်ငန်းကြီးတည်ရှိသည့် တရုတ်ပြည်မှကျူကျီမြို့… အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ #YMG #Yangon_Times #Yangon_Media_Group Source link

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများ သို့ လှူဒါန်း – iMyanmarHouse.com

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်အုပ်ချုပ်ရေးအဖွဲ့သည် Luxury ဟိုတယ်ကြီးများရှိ တပတ်ရစ် ပရိဘောဂများကို စုဆောင်းကာ ဝင်ငွေနည်းပါးသော မိသားစုများနှင့် အိမ်ရာမဲ့တို့အား လှူဒါန်းလျက်ရှိကြောင်း Koreatimes သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဆိုးလ်မြို့တော်အုပ်ချုပ်ရေးအဖွဲ့သည် ထိုသို့လှူဒါန်းနေသည်မှာ ၁၀ နှစ်ရှိပြီ ဖြစ်သည်။ အဆိုပါ ၁၀ နှစ်တာ ကာလအတွင်း ဆိုးလ်မြို့တော် နယ်နိမိတ်အတွင်းရှိ Luxury ဟိုတယ်ကြီး ၁၄ ခုနှင့် ပူးပေါင်းကာ တပတ်ရစ် ပရိဘောဂပေါင်း ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများသို့ လှူဒါန်းပေးခဲ့သည်။ ယခုနှစ်တွင် ဆိုးလ်မြို့တော်အုပ်ချုပ်ရေးအဖွဲ့သည် အစီအစဉ်ဆက်လက်တိုးချဲ့လာပြီး အခြား ဟိုတယ် ၁၀ လုံးနှင့် ဆက်လက်ပူးပေါင်းမှု ပြုလုပ်လာသည်။ သို့အတွက် ပရိဘောဂများ ပိုမိုရရှိလာမည်ဖြစ်သည့်အပြင် အလုပ်အကိုင်မရှိသူများ၊ လမ်းပေါ်တွင် နေထိုင်ရမည့် […]

လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည် – iMyanmarHouse.com

ယခုနှစ် သြဂုတ်လက ဗင်းနစ်မြို့တွင် မိတ်ဆက်ပြသခဲ့ပြီး လာမည့် ဒီဇင်ဘာတွင် အမေရိကန်ပြည်ရှိ ရုပ်ရှင်ရုံများ၌ ရုံတင်တော့မည့် Babygirl ရုပ်ရှင်တွင် ထက်မြက်သော စီအီးအိုတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားသူ နစ်ကိုးကစ်မင်း၏ ဇာတ်ကောင်နေထိုင်ရာ နေရာအဖြစ် ရိုက်ကူးပြသခဲ့သော နယူးယောက်မြို့မှ duplex Penthouse ခန်း လျှော့ဈေးဖြင့် ရောင်းချရန် ရှိနေသည်။ Babygirl ရုပ်ရှင်မှာ iMDb rating 6.0 ရရှိထားပြီး စွမ်းအား၊ ရမ္မက်ပြင်းပြမှုတို့အပေါ် အခြေခံထားသော ရုပ်ရှင်ဖြစ်ကာ လာမည့် ခရစ္စမတ်နေ့တွင် အမေရိကန်ပြည်တဝန်း ရုံတင်ပြသရန် စီစဉ်ထားသည်။ နစ်ကိုးကစ်မင်းသည် ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် အဆိုပါဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ဆောင်မင်းသမီး အဖြစ် Volpi Cup ရရှိထားသည်။ Penthouse ခန်းတည်နေရာမှာ နယူးယောက်မြို့မှ 200 Amsterdam အမည်ရှိ ကွန်ဒိုအဆောက်အအုံတွင် […]

ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ – iMyanmarHouse.com

ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်ရှိ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာတွင် ပေါင် ၃၆၀၀၀ ဖြင့် လေလံပြီးဆုံးသွားခဲ့သည်။ အဆိုပါတွင်းမှာ စစ်အေးခေတ်က အနုမြူစစ်ပွဲကြီးဖြစ်ပါက ရှောင်ပုန်းရန် ရည်ရွယ်ဆောက်လုပ်ခဲ့သော တွင်းကြီးဖြစ်ပြီး အတွင်းပိုင်းတွင် ရီနေးဆင်းဗိသုကာဟန်မွမ်းမံမှုများ တွေ့ရသည်။ ဗြိတိန်မှ ဒါဘီရှိုင်းယားခရိုင်ရှိ ကွင်းပြင်တစ်ခုထဲတွင် တည်ရှိပြီး ရည်ညွှန်းဈေးနှုန်းမှာ ပေါင် ၁၅၀၀၀ သာဖြစ်ရာ ဈေးနှုန်း ၂ ဆကျော်ဖြင့် ရောင်းထွက်သွားခြင်း ဖြစ်သည်။ လေလံပွဲနေ့က ဗြိတိန်တဝန်းမှ လေလံဆွဲသူ တစ်ဒါဇင်ကျော် အပြိုင်အဆိုင် ဈေးပေးခဲ့ကြသည်။ ယခင်ပိုင်ရှင်တို့က အလှဆင်မွမ်းမံမှုများ ပြုလုပ်ခဲ့ကြရာတွင် နံရံပြည့် ကတ္တီပါလိုက်ကာကြီးများ၊ မွှေးပွ ကော်ဇောကြီးများ၊ ရွှေပေါင်ကွပ်အလှဆင်ထားသော မှန်များ အပါအဝင်ဖြစ်သည်။ အိပ်ယာဘေးတွင် ထင်းသုံးမီးလင်းဖိုတစ်ခုရှိရာ တတိယကမ္ဘာစစ်ကြီးဖြစ်ကာ ဆောင်းကာလများတွင် ပုန်းခိုနေထိုင်ရမည်ဆိုပါက အပူဓာတ်ရရန် အသုံးပြုနိုင်မည် ဖြစ်သည်။ ရေချိုးခန်း […]

အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့ – iMyanmarHouse.com

Tata Group ၏ ပဲ့ကိုင်ရှင် ကမ္ဘာ့အထင်ကရ အိန္ဒိယသူဌေးကြီး ရာတန် တာတာ ကွယ်လွန်ချိန်တွင် ညီအကို မောင်နှမများကို အမွေအနည်းငယ်သာ ပေးခဲ့ပြီး သူ၏ အချစ်ရဆုံး ဂျာမန်သိုးထိန်းခွေးကလေး တီတိုးကို ဒေါ်လာ သန်းရာချီ အမွေပေးခဲ့ကြောင်း dailymail သတင်းတစ်ရပ်တွင် ဖော်ပြသည်။ သူဌေးကြီးတာတာ၏ သေတမ်းစာတွင် ရူပီး ကုဋေ ၁၀,၀၀၀ ကို အမွေခွဲဝေပေးခဲ့ရာ၌ ခွေးကလေး တီတိုးကို အများဆုံးပေးခဲ့ပြီး မိမိကွယ်လွန်ပြီးနောက်ပိုင်းတွင် တီတိုးကို အထူးစောင့်ရှောက်ပေးရန် မှာကြားသွားခဲ့သည်။ တာတာသည် Tata Group ကို ကမ္ဘာသိကုမ္ပဏီကြီးဖြစ်လာစေရန် ပြောင်းလဲပေးခဲ့သူဖြစ်ပြီး မွမ်ဘိုင်းမြို့တွင် ယခုနှစ်အတွင်း ကွယ်လွန်ခဲ့ရာ ကွယ်လွန်ချိန်တွင် အသက် ၈၆ နှစ်ရှိပြီ ဖြစ်သည်။ အိန္ဒိယ၏ ထုံးစံအတိုင်းဆိုလျှင် အိမ်ထောင်မရှိ၊ သားသမီးမရှိသူ […]