ylliX - Online Advertising Network
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com

ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ – iMyanmarHouse.com


ရာဇသတ်ကြီးပုဒ်မ – ၉၆ အရ ကာကွယ်ခုခံပိုင်ခွင့် အခွင့်အရေးအရ ပြုလုပ်သော ပြစ်မှုများမှာ ပြစ်မှုမ မြောက်ပါ။ ခိုးမှု ၊ လုယက်မှု ၊ အကျိုးဖျက်စီးမှု ၊ ပြစ်မှုမကင်းသော ကျော်နင်းမှုတို့အား ပြုလုပ်ရန် အားထုတ်သူ၊ ကျူးလွန်သူအား တားဆီးခြင်း ပြုနိုင်ပါသည်။

မိမိပိုင် (သို့) အခြားသူပိုင် မရွှေ့မပြောင်းနိုင်သောပစ္စည်း၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများအား တားဆီးကာကွယ်ခြင်း ပြုနိုင်သည်ဖြစ်ရာ ကာကွယ်ခုခံမှုပြုရာတွင် လိုအပ်သည်ထက်ပို၍ ကာကွယ်ခုခံပိုင်ခွင့်တော့ မရှိပါ။ ပြည်သူ့ဝန်ထမ်းအား အကာအကွယ်စောင့်ရှောက်မှုပြုနိုင်ရန် တိုင်ကြားခွင့်အချိန်ရှိသော ကိစ္စရပ်များတွင် ကာကွယ်ခုခံပိုင်ခွင့် အခွင့်အရေး မရနိုင်ပါ။

ပြစ်မှုကျူးလွန်ခြင်း မရှိသေးသော်လည်း အားထုတ်ခြင်း၊ ခြိမ်းခြောက်ခြင်းဖြင့် မိမိအား ဘေးအန္တရာယ် စတင်ဖြစ်ပေါ်သည်နှင့် ကာကွယ်ခုခံနိုင်မှုလဲ စတင်ပါသည်။ ဘေးအန္တရာယ် ဖြစ်ပေါ်စေနိုင်သည့် ကာလတလျှောက်တွင် ကာကွယ်ခုခံပိုင်ခွင့်လဲ ဆက်လက်တည်ရှိနေမည် ဖြစ်ပါသည်။ ပြစ်မှုကျူးလွန်သူအား သေစေရန် ရည်ရွယ်၍ မည်သူမဆို ကာကွယ်ခုခံပိုင်ခွင့်မရှိပါ။

လုယက်မှုများတွင်လဲ ပြစ်မှုကျူးလွန်နေသမျှ ကာလပတ်လုံး ကာကွယ်ခုခံပိုင်ခွင့် ရှိနေပါသည်။ ပစ္စည်းကိုစိုးရိမ်ဖွယ်ရာအကြောင်းရှိသည့် ဘေးအန္တရာယ်ဖြစ်စေသည်နှင့် ပစ္စည်းအတွက် ကာကွယ်ခုခံပိုင်ခွင့်မှာလဲ အစပြုခြင်းဖြစ်ပါသည်။ ရာဇဝတ်မကင်းသော ကျော်နင်းမှုများတွင်လဲ ကျော်နင်းခြင်း (သို့) အကျိုးဖျက်ဆီးခြင်း ကျူးလွန်နေသမျှ ကာလပတ်လုံး ကာကွယ်ခုခံမှုပြုနိုင်ပါသည်။

စိတ်ပေါ့သွပ်သူ ၊ ရူးသွပ်သူ ၊အသက်ငယ်ရွယ်သူ၏ ပြုလုပ်မှုများသည် ပြစ်မှုမမြောက်သော်လည်း မည်သူမဆိုလိုအပ်ပါက တားဆီးကာကွယ် ခုခံပိုင်ခွင့်ရှိကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com



Source link

Leave a Reply

Your email address will not be published. Required fields are marked *