ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်ရှိ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာတွင် ပေါင် ၃၆၀၀၀ ဖြင့် လေလံပြီးဆုံးသွားခဲ့သည်။
အဆိုပါတွင်းမှာ စစ်အေးခေတ်က အနုမြူစစ်ပွဲကြီးဖြစ်ပါက ရှောင်ပုန်းရန် ရည်ရွယ်ဆောက်လုပ်ခဲ့သော တွင်းကြီးဖြစ်ပြီး အတွင်းပိုင်းတွင် ရီနေးဆင်းဗိသုကာဟန်မွမ်းမံမှုများ တွေ့ရသည်။
ဗြိတိန်မှ ဒါဘီရှိုင်းယားခရိုင်ရှိ ကွင်းပြင်တစ်ခုထဲတွင် တည်ရှိပြီး ရည်ညွှန်းဈေးနှုန်းမှာ ပေါင် ၁၅၀၀၀ သာဖြစ်ရာ ဈေးနှုန်း ၂ ဆကျော်ဖြင့် ရောင်းထွက်သွားခြင်း ဖြစ်သည်။
လေလံပွဲနေ့က ဗြိတိန်တဝန်းမှ လေလံဆွဲသူ တစ်ဒါဇင်ကျော် အပြိုင်အဆိုင် ဈေးပေးခဲ့ကြသည်။
ယခင်ပိုင်ရှင်တို့က အလှဆင်မွမ်းမံမှုများ ပြုလုပ်ခဲ့ကြရာတွင် နံရံပြည့် ကတ္တီပါလိုက်ကာကြီးများ၊ မွှေးပွ ကော်ဇောကြီးများ၊ ရွှေပေါင်ကွပ်အလှဆင်ထားသော မှန်များ အပါအဝင်ဖြစ်သည်။
အိပ်ယာဘေးတွင် ထင်းသုံးမီးလင်းဖိုတစ်ခုရှိရာ တတိယကမ္ဘာစစ်ကြီးဖြစ်ကာ ဆောင်းကာလများတွင် ပုန်းခိုနေထိုင်ရမည်ဆိုပါက အပူဓာတ်ရရန် အသုံးပြုနိုင်မည် ဖြစ်သည်။
ရေချိုးခန်း မည်သည့်နေရာတွင် ရှိသည်ကို သိလိုပါသလား။
ရေချိုးခန်း မရှိပါ။
ထို့ကြောင့် သင့်အနေဖြင့် ညအချိန်များတွင် အိမ်သာတက်ရန် စိတ်ကူးရှိသည်ဆိုပါက ယခုနေရာကို ဝယ်ယူရန် အသေအချာ စဉ်းစားသင့်သည်။
(ဤအခန်းတွင် အဝါနှင့် သနပ်ခါးရောင်တို့ အသုံးပြုထားသည်။ ဓာတ်ပုံ-SDL Auctions)
(ပစ္စည်းထားသိုရန် နေရာများစွာရှိသည်။ ဓာတ်ပုံ-SDL Auctions)
(Peak District ကျင်းကို Royal Observer Corps က ဗြိတိန်နိုင်ငံတဝန်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အနုမြူလက်နက်ဖြင့် တိုက်ခိုက်ခံရပါက ပုန်းခိုရန်နေရာအဖြစ် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-SDL Auctions)
သို့သော် အရေးပေါ်အခြေအနေအတွက်ဆိုလျှင် မသုံးရသေးသော ဓာတုအိမ်သာတစ်ခုရှိပြီး ပုံးထဲတွင် အသစ်အတိုင်းရှိနေဆဲ ဖြစ်သည်။
အပန်းဖြေခရီးထွက်ခြင်း၊ ပျော်ပွဲစားထွက်ခြင်းမျိုးအတွက်သာ စိတ်ကူးကြည့်လျှင် ပိုမိုသင့်တော်နိုင်သည်။
မြေအောက်ဗုံးခိုကျင်းတွင် စစ်အေးခေတ် အကြွင်းအကျန်များ ယနေ့တိုင်ရှိနေဆဲဖြစ်ရာ မှန်ပြောင်းများ၊ အရေးကြီးပုဂ္ဂိုလ်တို့နှင့် တိုက်ရိုက်ဖုန်းလိုင်း၊ ကျောက်ဂွမ်းမှ ထုတ်လုပ်ထားသော အပူဒဏ်ခံ စောင်တစ်ထည်တို့ အပါအဝင်ဖြစ်သည်။
(မှတ်ချက်။ နောက်ပိုင်းတွင် ကျောက်ဂွမ်းထုတ်ကုန်စောင်များ ထုတ်လုပ်တော့ခြင်းမရှိချေ။ ကျောက်ဂွမ်းဖြင့် ထိတွေ့လျှင် mesothelioma ကင်ဆာ ဖြစ်ပွားနိုင်သောကြောင့် ဖြစ်သည်။)
ဤဗုံးခိုကျင်းကို သက်ရှိသမိုင်းတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။
ဗုံးခိုကျင်းတွင် ရေနှင့် အစားအစာ ၂ ပတ်စာ သိုလှောင်ထားနိုင်စွမ်းရှိသည်။
၁၉၉၃ ခုနှစ်တွင် ယခုကဲ့သို့ ဗုံးခိုကျင်း အများစုကို ရောင်းထုတ်ခဲ့ရာ ဖုန်းဆက်သွယ်ရေး ကုမ္ပဏီတို့က အများဆုံး ဝယ်ယူခဲ့ကြပြီး ဖုန်းတိုင်များအခြေစိုက်ရာအဖြစ် အသုံးပြုခဲ့သည်။
(တိုက်ရိုက်ဖုန်းလိုင်းတစ်ခုအပါအဝင် စစ်အေးခေတ်၏ လက်ကျန်များ ယနေ့တိုင်ရှိနေဆဲ ဖြစ်သည်။ ဓာတ်ပုံ-SDL Auctions)
(ရည်ညွှန်းဈေးထက် ၂ ဆပိုမိုမြင့်မားသော ဈေးနှုန်းဖြင့် ရောင်းထွက်ခဲ့သည်။ ဓာတ်ပုံ-SDL Auctions)
(မိုးလေဝသရုံးက ၁၉၈၇ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တစ်ခုကို နံရံပေါ်တွင် ယနေ့တိုင် တွေ့ရဆဲ ဖြစ်သည်။ ဓာတ်ပုံ-SDL Auctions)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Dusty hole in a UK field sells for £36,000 (metro) Photo Credit- SDL Auctions