ကမ်းခြေအမည်ရပေမယ့်ကမ်းခြေမဟုတ်တဲ့ Red Beach ဟာ တရုတ်နိုင်ငံ ပန်ကျင်းမြို့ကအနီရောင်ကမ်းခြေလွင်ပြင်ကြီးဖြစ်ပါတယ်။ ပေကျင်းမြို့ကနေ ၆ နာရီခန့်ကားမောင်းသွားရောက်နိုင်ပြီး အသွားသင့်ဆုံးရာသီကတော့ ယခုလို ပွင့်လင်းရာသီဖြစ်ပါတယ်။
မျက်စေ့တစ်ဆုံးကျယ်ဝန်းလှတဲ့အနီရောင်လွမ်းလွင်ပြင်ကြီးဟာ ဘာကြီးလဲဆိုရင်တော့ဆောင်းဦးရောက်တိုင်းအရောင်ပြောင်းတတ်တဲ့ ရေညှိပြင်ကြီးပဲဖြစ်ပါတယ်။ ထူးခြားတဲ့ဓာတ်ပြုမှုတစ်ခုကြောင့် နွေရာသီမှာအစိမ်းရောင်ဖြစ်နေတဲ့ ရေညှိကွင်းပြင်ကြီးဟာ ဆောင်းဦးရောက်တိုင်းအနီရောင်သို့ပြောင်းလဲသွားခြင်းဖြစ်ပါတယ်။
ခရီးသွားများအတွက် အနားယူလည်ပတ်ကြည့်ရှုနိုင်အောင်ကွင်းပြင်တစ်ခွင်ပြင်ဆင်ပေးထားပြီး ကွင်းပြင်တစ်လျှောက် လျှောက်လမ်းလေးပေါ်မှာ လှည့်လည်သွားလာနိုင်မှာဖြစ်ပါတယ်။
အလည်ပတ်သင့်ဆုံး ရာသီချိန်ကတော့ အောက်တိုဘာလဖြစ်ပါတယ်။ Red Beach ကွင်းပြင်ကြီးမှာ လျှောက်လမ်း၊အလှတံတားငယ်လေးများထည့်သွင်းထားပြီး ညနေခင်းပိုင်းအချိန်သွားရင်တော့ နေဝင်ချိန်ဆည်းဆာအလှနဲ့ အလှပဆုံးဖြစ်နေပါလိမ့်မယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com