ylliX - Online Advertising Network
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများ သို့ လှူဒါန်း - Property News in Myanmar from iMyanmarHouse.com

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများ သို့ လှူဒါန်း – iMyanmarHouse.com


တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်အုပ်ချုပ်ရေးအဖွဲ့သည် Luxury ဟိုတယ်ကြီးများရှိ တပတ်ရစ် ပရိဘောဂများကို စုဆောင်းကာ ဝင်ငွေနည်းပါးသော မိသားစုများနှင့် အိမ်ရာမဲ့တို့အား လှူဒါန်းလျက်ရှိကြောင်း Koreatimes သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဆိုးလ်မြို့တော်အုပ်ချုပ်ရေးအဖွဲ့သည် ထိုသို့လှူဒါန်းနေသည်မှာ ၁၀ နှစ်ရှိပြီ ဖြစ်သည်။

အဆိုပါ ၁၀ နှစ်တာ ကာလအတွင်း ဆိုးလ်မြို့တော် နယ်နိမိတ်အတွင်းရှိ Luxury ဟိုတယ်ကြီး ၁၄ ခုနှင့် ပူးပေါင်းကာ တပတ်ရစ် ပရိဘောဂပေါင်း ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများသို့ လှူဒါန်းပေးခဲ့သည်။

ယခုနှစ်တွင် ဆိုးလ်မြို့တော်အုပ်ချုပ်ရေးအဖွဲ့သည် အစီအစဉ်ဆက်လက်တိုးချဲ့လာပြီး အခြား ဟိုတယ် ၁၀ လုံးနှင့် ဆက်လက်ပူးပေါင်းမှု ပြုလုပ်လာသည်။

သို့အတွက် ပရိဘောဂများ ပိုမိုရရှိလာမည်ဖြစ်သည့်အပြင် အလုပ်အကိုင်မရှိသူများ၊ လမ်းပေါ်တွင် နေထိုင်ရမည့် အခြေဆိုက်နေသူများအတွက် အခွင့်အလမ်းများ ရရှိလာစေမည်လည်း ဖြစ်သည်။

“အဖွဲ့အစည်းတွေရဲ့ လူမှုဝတ္တရားတွေအပြင် ရိုးသားတဲ့ကူညီမှုတွေ ပြုလုပ်ပေးပြီး ဆိုးလ်ကို ပိုမိုကောင်းမွန်တဲ့ မြို့တော်ဖြစ်လာဖို့ ကူညီပေးကြတဲ့ ဟိုတယ် ၂၄ ခုကို လေးစား ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်” ဟု ဆိုးလ်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“Luxury ဟိုတယ်တွေက လှူဒါန်းထားတဲ့ပစ္စည်းတွေကို အသုံးအဆောင်ပစ္စည်း နည်းပါးတဲ့ မိသားစုတွေကို ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။”

“ဒီလိုလုပ်ဆောင်မှုဟာ ဝင်ငွေနည်းပါးသူတွေအတွက် မိမိကိုယ်ကိုလေးစားမှုနဲ့ စိတ်ကျေနပ်မှုတွေကို မြှင့်တင်ပေးနိုင်မှာလည်း ဖြစ်ပါတယ်”

အဆိုပါ အသုံးအဆောင်ပစ္စည်းတို့သည် ဝင်ငွေနည်းပါးသူတို့အတွက် ရုပ်ဝတ္ထု အထောက်အပံ့အဖြစ်သာမက မိမိကိုယ်ကိုလေးစားမှုဟူသော အကျိုးကျေးဇူးလည်း ရရှိစေမည် ဖြစ်သည်။

ကောင်းစွာ ထုတ်လုပ်ထားသော သစ်ထည်များ၊ စတီးအသုံးအဆောင်ပစ္စည်းများ၊ စကျင်ကျောက်ပြား အစရှိသည်တို့ ပါဝင်သည်။

ထိုအရာတို့သည် ဆင်းရဲမွဲတေမှု မျဉ်းအနီးသို့ ရောက်ရှိနေသူတို့အတွက် လက်ဆုပ်လက်ကိုင် ပြနိုင်သော အကူအညီဆိုသည့်အပြင် လက်ဆုပ်လက်ကိုင်မပြနိုင်သည့် စိတ်ခွန်အား အကျိုးကျေးဇူးလည်း ရရှိစေမည် ဖြစ်သည်။

ဟိုတယ်များမှ ပရိဘောဂများကို အစိုးရအဖွဲ့က လိုက်လံစုစည်း ထိန်းသိမ်းစုဆောင်းထားကာ တောင်းခံလျှောက်ထားလာသူတို့ထံ ဖြန့်ဝေပေးသွားမည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 14 Luxury Hotels Are Donating Outdated Furniture to Low-Income Families in Need (koreatimes)

 



Source link

Leave a Reply

Your email address will not be published. Required fields are marked *