ylliX - Online Advertising Network
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ - Property News in Myanmar from iMyanmarHouse.com

ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ – iMyanmarHouse.com


ယနေ့ကာလတွင် ပထမဆုံးနေအိမ်တစ်လုံး ပိုင်ဆိုင်လိုသူများမှာ မျိုးရိုးစဉ်ဆက် ချမ်းသာသူများမဟုတ်လျှင် (သို့မဟုတ်) ထီပေါက်ကာ ရုတ်တရက်ချမ်းသာလာခြင်းမျိုးမရှိလျှင် နှစ်ပေါင်းများစွာ ငွေစုဆောင်းကာ ဝယ်ယူကြရမည် ဖြစ်သည်။

နေအိမ်ပိုင်ဆိုင်ရေးအတွက် အခွင့်ထူးတစ်ခု ရှာဖွေနေသည်ဆိုပါက အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့ရှိ အိပ်ခန်း ၁ ခန်းပါ လူနေခန်းတစ်ခန်း ၁ ပေါင်မျှဖြင့် ရောင်းချရန် စီစဉ်နေသည်။

သို့သော် သတိပြုရမည့်အချက်ရှိနေသည်။

တတိယထပ်တွင် တည်ရှိသော အခန်းဖြစ်ပြီး ပြန်လည်ပြုပြင်မွမ်းမံမှုများ ကြီးမားစွာလုပ်ဆောင်ရန် လိုအပ်နေသော အခန်းဖြစ်သည်။

ပန်းရောင်ရေချိုးခန်းရှိ ရေစိမ်ကန်မှာလည်း မှိုစွဲနေသည်။

ယခင်က လျှပ်စစ်မီး၊ ရေပိုက်လိုင်းနှင့် ရေဆိုးထုတ်ပိုက်လိုင်းတို့ရှိခဲ့သော်လည်း ဈေးကွက်တင်ကြော်ငြာတွင် ဖော်ပြချက်အရ ထိုအရာများကို စစ်ဆေးကြည့်ရှုထားခြင်းမရှိကြောင်း ဖော်ပြထားသည်။

အခြေအနေအတိအကျဖော်ပြထားခြင်းမရှိရာ ဝယ်လက်အတွက် ကံကောင်းမည်ဟုသာ မျှော်လင့်ရသည်။

(ပြန်လည်ပြုပြင်မွမ်းမံမှု များစွာလိုအပ်သည်။ ဓာတ်ပုံ-Loveitts)

 

ပိုမိုအရေးတကြီး သတိပြုရမည့် အခြားတစ်ချက်မှာ ယခုအခန်း၏ နှစ်ရှည်ငှားရမ်းမှု စာချုပ်သက်တမ်းမှာ ၅ နှစ်သာ ကျန်ရှိတော့ရာ ဝယ်လက်အနေဖြင့် ငွေကြေးအကုန်အကျခံကာ သက်တမ်းတိုးရဦးမည် ဖြစ်သည်။

ကုန်ကျရမည့် ကိစ္စများမှ ထိုမျှဖြင့် မပြီးသေး။

ဝန်ဆောင်မှုစရိတ် တစ်နှစ်လျှင် ၁၃၇၄ ပေါင် ပေးရသည်။

စီမံအုပ်ချုပ်ကြေး ပေါင် ၁၂၀၀ တစ်ကြိမ်သွင်းရမည် ဖြစ်သည်။

ထို့အပြင် ဝယ်ယူသူမှ ပရီမီယံကြေး ပေါင် ၁၂၀၀ ပေးသွင်းရမည်ဟု ဆိုသည်။

လေလံကုမ္ပဏီ၏ ကြော်ငြာတွင် ဖော်ပြချက်အရ ရည်ညွှန်းဈေး ၁ ပေါင်သာ သတ်မှတ်ထားကြောင်း ဖော်ပြသည်။

ယင်းသို့ဆိုလျှင် မက်လောက်စရာ မည်သည့်အချက်များ ကျန်သေးသနည်း။ ယခုအခန်းတည်နေရာမှာ မြို့လယ်နှင့်နီးသည်။

ဘာဂင်ဂမ် ရုက္ခဥယျာဉ်၊ O2 Academy တို့နှင့် ခဲတစ်ပစ်စာသာ ကွာဝေးသည်။

 

(အခန်းအပြင်တွင် ဝရန်တာတစ်ခုရှိသည်။ ဓာတ်ပုံ-Loveitts)

 

အခန်းအပြင်တွင် ဝရန်တာရှိသောကြောင့် မနက်ခင်းများတွင် ကော်ဖီတစ်ခွက်ထိုင်သောက်ရန် (သို့မဟုတ်) West Midlands ဒေသ၏ လမ်းများကို ငေးကြည့်ရန် ပြီးပြည့်စုံသော နေရာလေးဖြစ်သည်။

ခြုံ၍ ဆိုရလျှင် အလွန်တန်သည်ဟု ဆိုနိုင်သည်။

ဗြိတိန်အစိုးရက ထုတ်ပြန်သော အချက်အလက်များအရ ပျမ်းမျှအိမ်ဈေးမှာ ပေါင် ၂၈၂၀၀၀ ဖြစ်ရာ ယခုအိမ်ကို ဈေးသက်သာစွာ ဝယ်ယူရရှိမည်ဆိုပါက အလွန်တန်သည်ဟု ဆိုနိုင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Britain’s cheapest flat is on sale for just £1 — but there’s a catch (metro) Photo Credit-Loveitts



Source link

Leave a Reply

Your email address will not be published. Required fields are marked *