ယနေ့ မြန်မာ့အရေးတွင် အိမ်နီးချင်းအင်အားကြီး တရုတ်အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုသည် ပထဝီနိုင်ငံရေး နှင့် စီးပွားရေး၊ ဒေသတွင်း တရုတ်၏ဩဇာချဲ့ထွင်ရေးနှင့် နယ်နမိတ်ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများကို ၎င်း၏လောင်းရိပ်အောက်တွက်သာ ရှင်သန်စေရေး စသည့် အကြောင်းချင်းရာများက လွှမ်းမိုးထားသည်။ အထူးသဖြင့် မြန်မာစစ်ခေါင်းဆောင်များ စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းများ ကြုံတွေ့နေရ ချိန်၊ ဒေသတွင်းနှင့် ကမ္ဘာ့အသိုက်အဝန်း၏ ပြစ်ပယ်ထားခြင်း ခံထားရချိန်၊ တရုတ်နိုင်ငံ၏ အကူအညီနှင့် အကာအကွယ်ကို အရေးတကြီးရှာဖွေလာခြင်းအပေါ် တရုတ်အစိုးရသည် “မြန်မာအခက်၊ တရုတ်အချက်” ဟု ကောင်းစွာတွက်ချက် အသုံးချပြီး၊ မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာသို့ အတားအဆီးမဲ့ကုန်သွယ်နိုင်ခွင့်၊ မြန်မာ့သယံဇာတများကို စိတ်ကြိုက်ထုတ်ယူသုံးစွဲနိုင်ခွင့် နှင့် တရုတ်နိုင်ငံ၏ မြန်မာပြည်တွင်းမှ အကျိုးစီးပွား များကို ကာကွယ်ရန် အကြောင်းပြချက်ဖြင့် စစ်ရေးအရ စွက်ဖက်နိုင်သော မဟာအခွင်အလမ်းကြီး ရရှိသွားပြီ […]
Skip to content တရုတ်ရဲ့ Sany Renewable Energy က Jilin ပြည်နယ်မှာ ကမ္ဘာ့ အကြီးဆုံး Wind Turbine ကို တည်ဆောက်လိုက်ပါတယ်။ 15MW SI-270150 Turbine မှာ ဘောလုံးကွင်း တစ်ကွင်းစာလောက်ရှိတဲ့ ၁၃၁ မီတာ အရှည်ရှိတဲ့ ဒလက်တွေ တပ်ဆင်ထားပါတယ်။ Wind Turbine ရဲ့ ဧရိယာဟာ ၅၇,၂၅၆ စတုရန်းမီတာ ရှိပြီး ဘောလုံးကွင်း ၁၁ ကွင်းစာလောက် ရှိပါတယ်။ အဲဒီ Wind Turbine ဟာ နှစ်စဉ် နေအိမ် ၁၆၀,၀၀၀ အတွက် လုံလောက်တဲ့ လျှပ်စစ် ဓါတ်အား ထုတ်လုပ်ပေးနိုင်ပြီး သက်တမ်း ၂၅ နှစ်ကနေ ၃၀ နှစ်အထိ […]
ပုံစာ – ပါကစ္စတန်သည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ဒေါ်လာ ၁.၄ ဘီလီယံတန်ဖိုးရှိ တရုတ်ဆိုလာပြားများကို တင်သွင်းခဲ့ပြီး ကမ္ဘာတွင် တတိယအကြီးဆုံး ဝယ်ယူသူဖြစ်လာသည်။ Afghandiaspora လျှပ်စစ်ဓာတ်အားခ အဆမတန်မြင့်မားနေခြင်းမှ ကင်းလွတ်စေရန် စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများက စျေးပေါသော တရုတ်ဆိုလာပြားများကို ပိုမိုအသုံးပြုလာကြသဖြင့် ပါကစ္စတန်စွမ်းအင်ကဏ္ဍတွင် ကြီးမားသော အသွင်ကူးပြောင်းမှုဖြစ်ပေါ်နေသည်။ အပေါ်ယံအားဖြင့် ယင်းအပြောင်းအလဲက အမြဲဖြစ်ပေါ်နေသော စွမ်းအင်အကျပ်အတည်းမှ လွတ်မြောက်စေပုံ ပေါ်သော်လည်း ဈေးပေါသော သွင်းကုန်များအပေါ် မှီခိုအားထားမှု ကြီးမားလာခြင်းက ပါကစ္စတန်၏ ရုန်းကန်နေရသော စီးပွားရေးကို ပိုမိုနက်ရှိုင်းသော ဘဏ္ဍာရေးအကျပ်အတည်းသို့ ကျဆင်းသွားစေမည့် ဘဏ္ဍာရေးနှင့် ရေရှည်တည်တံ့မှုဆိုင်ရာ အကျပ်အတည်းကို ဖန်တီးနေသည်။ နိုင်ငံတဝန်းရှိ စက်ရုံများနှင့် အိမ်ထောင်စုများက ၎င်းတို့၏ အိမ်ခေါင်မိုးများပေါ်တွင် တင်သွင်းလာသော ဆိုလာ ပြားများတပ်ဆင်ရေးအတွက် ကြိုပမ်းနေကြသည်။ ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်အများအပြားက […]
ကျောက်ဖြစ်ရုပ်ကြွင်းများထဲမှ တွေ့ရှိစိုက်ပျိုးခဲ့ရသောအပင်မျိုးစိတ်ဖြစ်တာကြောင့် ကျောက်ဖြစ်ရုပ်ကြွင်းသစ်ပင်ဟု ခေါ်ဆိုကြသော ဂင်ဂိုပင်များသည် ယပ်တောင်ပုံစံရွက်နုလှလှလေးများနှင့် အသီးသီးသောအပင်များဖြစ်သည်။ ဆောင်းဦးအရောက်မှာတော့ ရွက်ဝါလေးများအဖြစ်ပြောင်းသွားပြီး လှပစွာကြွေကျသည်။ ကျောက်ဖြစ်ရုပ်ကြွင်းမှယူဆောင်စိုက်ပျိုးခဲ့သောကြောင့် ဂင်ဂိုပင်များ၏ အသက်ရှည်မှုကိုတော့ ယုံမှားသံသယဖြစ်ဖွယ်ရာမရှိပေ။ နှစ်ပေါင်း ၁၄၀၀ ကျော်တိုင်အသက်ရှည်လှပနေသော ကမ္ဘာဦးသစ်ပင်ဟာ တရုတ်နိုင်ငံ Xi’an မြို့တွင်တည်ရှိပြီး သစ်ပင်ကြီးကိုလည်း ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင့် တွေ့ရှိရသည်။ ပုံထဲမှာတွေ့ရှိရသည့် ကမ္ဘာ့သက်ရှည်ပင်တည်ရှိရာ နေရာဟာလည်း တရုတ်ရှေးဟောင်း ဘုရားကျောင်း ပရဝုဏ်အတွင်းမှာဖြစ်ပြီး ဆောင်းဦးရောက်တိုင်း ပန်းသတင်းလေညင်းဆောင်သလို ထပ်ခါကျော်ကြားလာပြန်သည့် Ginkgo သစ်ပင်၏အကြောင်းကို အင်တာနက်အသုံးပြုသူများ စိတ်ဝင်စားနေကြသည်။ ၆၁၈ ခုနှစ်မှာ ၉၀၇ အထိအုပ်စိုးခဲ့သည့် တန်မင်းဆက်လက်ထက်တွင် စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး နှစ်တစ်ထောင်ကျော်သက်တမ်းရှိနေခြင်းကြောင့် ကမ္ဘာဦးသစ်ပင်ကို ထိန်းသိမ်းစောင့်ရှောက်ရမည့် ရှေးဟောင်းသစ်ပင်စာရင်းထဲ ထည့်သွင်းထားလိုက်ကြပြီဖြစ်သည်။ […]
တရုတ်-မြန်မာနယ်စပ် ဂိတ်များ စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု တရုတ်ဝန်ကြီးချုပ် Mr. Li Qiang က စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ယမန်နေ့ (နိုဝင်ဘာ ၆ ရက်) က တွေ့ဆုံစဥ် ပြောဆိုလိုက်သည်။ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိင်ငံ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ထပ်လောင်း အသိအမှတ်ပြုကြောင်း တရုတ်နိုင်ငံ အတွင်း အခြေပြု၍ မြန်မာနိုင်ငံ အကျိုး ပျက်စီးအောင် ဆောင်ရွက်မှုများကို လက်ခံမည် မဟုတ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဂိတ်များသည် အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိရမည်ဖြစ်ပြီး အပြည့်အဝ စီမံခန့်ခွဲနိုင်ရေး အတွက် ဆက်လက် ဆောင်ရွက်သွာမည်ဖြစ်ကြောင်း တရုတ် ဝန်ကြီးချုပ်က ဆိုသည်။ ထို့အပြင် နိုင်ငံတကာ စာမျက်နှာတွင် တရုတ်နိုင်ငံ […]
တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နှစ်နိုင်ငံ သဘောတူညီပြီးဖြစ်သည့် စီမံကိန်းလုပ်ငန်းများအမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက် ရန် တရုတ်ဘက်မှ တိုက်တွန်းခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ ဝင်လည်း ဖြစ်သလို ယူနန်ပြည်နယ်ပါတီ ကော်မတီ အတွင်းရေးမှူးလည်း ဖြစ်သည့် Mr. Wang Ning က ယမန်နေ့ (နိုဝင်ဘာ ၅) ညနေ ကူမင်းမြို့ Haigeng Hotel တွင် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ တိုက်တွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် နှစ်နိုင်ငံကြား နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန်နှင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးများကိုလည်း အတူတကွပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေး ခဲ့သည်ဟု စစ်ကောင်စီ ထိန်းချုပ်သော နိုင်ငံပိုင်သတင်းဌာန MTRV တွင် ယနေ့ ဖော်ပြသည်။ စစ်ခေါင်းဆောင်က စီးပွားရေး […]
The Eur Asian Times အရေးပါသော ပေကျင်းအခြေစိုက် ထုတ်လုပ်ရေးနေရာတခု၌ ဒုံးလွှတ်စင်သစ် ၆၀ နီးပါးကို ဂြိုလ်တုဓာတ်ပုံသစ်များက ဖမ်းယူရရှိခြင်းနှင့်အတူ တရုတ်၏ DF-26 တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် (IRBMs) များ သိုလှောင်မှုက သိသိသာသာ ကြီးထွားလျက် ရှိသည်။ Umbra ဂြိုဟ်တုဖြင့် ၂၀၂၄ စက်တင်ဘာ ၉ ရက်က ရိုက်ယူထားသော synthetic aperture radar (SAR) ရေဒါဓာတ်ပုံတွင် ပေကျင်း ကျင်းဟန် လျှပ်စစ်ဓာတုစက်ရုံ၏ နေရာသစ်၌ ထားရှိထားသော DF-26 ဒုံးကျည်ပစ်စင် TELs ၅၉ ကို တွေ့ရှိရကြောင်း Janes ကာကွယ်ရေးကုမ္ပဏီမှ သုတေသီများအရ သိရသည်။ ၂၀၂၃ မှ ၂၀၂၄ အထိ ပုဂ္ဂလိကဂြိုဟ်တုဓာတ်ပုံများကို အခြေပြုသော […]
တိုင်းရင်းသားအင်အားစုတွေရဲ့ ၁၀၂၇ ထိုးစစ်ကို လွှတ်ပေးထားခဲ့တဲ့ တရုတ်ဟာ အခုအခါ သူတို့ကို ထိန်းချုပ်ပြီး စစ်ကောင်စီကို ပုံအောထောက်ပံ့လာပါတယ်။ ဒါဟာ သူ့အကျိုးစီးပွါးအတွက် တချိန်က မိတ်ဆွေဖွဲ့ထားတဲ့ လူမျိုးစုအရေးကို တရုတ်က စွန့်လွှတ်စတေးလိုက်တာလား။ Source link
AFP ၂၀၂၀ ခုနှစ်များ အတွင်း အိန္ဒိယ – တရုတ် နှစ်ဖက်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပြဿနာ တွေကို ဖြေရှင်းဖို့ ရည်ရွယ်ပြီး နယ်စပ်ဇုန်တွေမှာ စစ်ရေးကင်းလှည့်ခြင်းနဲ့ ပတ်သက်ပြီး အိမ်နီးချင်း တရုတ် နှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း အိန္ဒိယက အောက်တိုဘာ ၂၁ မှာ ပြောပါတယ်။ ရုရှား မှာ ပြုလုပ်မယ့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက နှင့် အခြား နိုင်ငံများ ပါဝင်သော နိုင်ငံတကာ ထိပ်သီးအစည်းအဝေး (BRICS) သို့ အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီ မတက်ရောက်မီ တရက်အလိုမှာ အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ယင်းအစည်းအဝေးကို တရုတ်သမ္မတ ရှီကျင့်ဖျင်လည်း တက်ရောက်ရန် စီစဥ်ထားပါတယ်။ […]
Skip to content Fujian Agriculture and Forestry University မှ တရုတ် သိပ္ပံပညာရှင်တွေက သစ်ရွက်တွေရဲ့ အငွေ့ထွက်တဲ့ ဖြစ်စဉ်ကို အသုံးပြုကာ လျှပ်စစ်စွမ်းအင် ထုတ်လုပ်တဲ့ နည်းလမ်းကို တီထွင်လိုက်ပါတယ်။ ပညာရှင်တွေက ကြာပန်းကို အသုံးပြုကာ Hydrovoltaic နည်းလမ်းကြောင့် သက်ရှိ သစ်ပင်တွေဟာ ရေရှည်တည်တန့်တဲ့ စွမ်းအင် အရင်းအမြစ် ဖြစ်နိုင်တယ်ဆိုတာ သရုပ်ပြသခဲ့ကြပါတယ်။ အဲဒီ နည်းပညာမှာ သစ်ပင်တွေထဲမှ ရေရွေ့လျားမှု သဘာဝ ဖြစ်စဉ်ကနေ စွမ်းအင်ကို ဖမ်းယူတာ ဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ ဒီနည်းပညာကို အသုံးပြုရင် နှစ်စဉ် လျှပ်စစ်စွမ်းအင် 67.5 Terawatt-hours ကို ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သစ်ပင်တွေရဲ့ အငွေ့ထွက်ခြင်းကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်တဲ့ နည်းလမ်းဟာ […]