ylliX - Online Advertising Network
AA ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ဆမီးမြို့တွင် ချင်းအမျိုးသမီးတစ်ဦး မုဒိန်းကျင့်ခံရ၍ သတိမေ့နေသဖြင့် ဆေးရုံတင်ထားရ၊ မုဒိမ်းကျင့်ခံ အမျိုးသမီးနံဘေး AA ဘက်တံဆိပ်ပါအင်္ကျီတွေ့ရှိ

AA ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ဆမီးမြို့တွင် ချင်းအမျိုးသမီးတစ်ဦး မုဒိန်းကျင့်ခံရ၍ သတိမေ့နေသဖြင့် ဆေးရုံတင်ထားရ၊ မုဒိမ်းကျင့်ခံ အမျိုးသမီးနံဘေး AA ဘက်တံဆိပ်ပါအင်္ကျီတွေ့ရှိ


၂၄.၁၁.၂၀၂၄
Written by Zun

AA ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ချင်း အမျိုးသမီးတစ်ဦး မုဒိန်းကျင့်ခံရကာ သတိမေ့နေ၍ ဆေးရုံတင်ထားရကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအမျိုးသမီးသည် နိုဝင်ဘာလ ၂၂ ရက် နံနက် ၇ နာရီခန့်က ဟင်းစားရှာရန် နေအိမ်မှ ထွက်ခွာပြီးနောက် ပြန်မရောက်ဘဲ ပျောက်ဆုံးနေသည့်အတွက် ဝိုင်းဝန်းရှာဖွေကြရာ နိုဝင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တွေ့ရှိခဲ့သောနေရာမှာ ဆမီးမြို့အနီး စောချောင်းဝတွင် ဖြစ်ပြီး ၎င်းအား မြက်ပင်များဖြင့် ဖုံးထားကြောင်း၊ ယင်းအမျိုးသမီးအား မြက်ပင်များဖြင့် ဖုံးထားရာ အနီးတွင်လည်း AA လက်မောင်းဘက်တံဆိပ်ပါ ယူနီဖောင်း အင်္ကျီတစ်ထည် တွေ့ရှိထားကြောင်း သိရသည်။

“ငါတို့မြို့မှာ ဒီလို ရာဇဝင်သမိုင်းမရှိခဲ့ဘူး။ AAဆိုတာ အသိသာကြီးပဲ။ ဘယ်တုန်းကမှ မဖြစ်ဖူးတာတွေဖြစ်ပြီ။ လက်နက်အားကိုးအနိုင်ကျင့်နေတာ၊ သူတို့ ရှိနေသေးသရွေ့ ဘယ်သူမှ မလုံခြုံဘူး၊ အမျိုးသမီးတွေ ပိုပြီးတော့ မလုံခြုံဘူး”ဟု လူမှုကွန်ရက် အသုံးပြုသူတစ်ဦးက MT News ကို ပြောပြသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *