ylliX - Online Advertising Network
နှစ်ပေါင်း ၁၄၀၀ ကျော်အထိ အသက်ရှည်နေသော တရုတ် Xi

နှစ်ပေါင်း ၁၄၀၀ ကျော်အထိ အသက်ရှည်နေသော တရုတ် Xi’an မြို့မှ ကမ္ဘာဦးသစ်ပင် (သို့မဟုတ်) Ginkgo သစ်ပင် ဆောင်းဦးရောက်တိုင်း အဝါနုရောင်ရွက်များဖြင့် ဝေဖြာလှပလျက်ရှိနေ – iMyanmarHouse.com


ကျောက်ဖြစ်ရုပ်ကြွင်းများထဲမှ တွေ့ရှိစိုက်ပျိုးခဲ့ရသောအပင်မျိုးစိတ်ဖြစ်တာကြောင့် ကျောက်ဖြစ်ရုပ်ကြွင်းသစ်ပင်ဟု ခေါ်ဆိုကြသော ဂင်ဂိုပင်များသည် ယပ်တောင်ပုံစံရွက်နုလှလှလေးများနှင့် အသီးသီးသောအပင်များဖြစ်သည်။

ဆောင်းဦးအရောက်မှာတော့ ရွက်ဝါလေးများအဖြစ်ပြောင်းသွားပြီး လှပစွာကြွေကျသည်။ ကျောက်ဖြစ်ရုပ်ကြွင်းမှယူဆောင်စိုက်ပျိုးခဲ့သောကြောင့် ဂင်ဂိုပင်များ၏ အသက်ရှည်မှုကိုတော့ ယုံမှားသံသယဖြစ်ဖွယ်ရာမရှိပေ။

 

 

နှစ်ပေါင်း ၁၄၀၀ ကျော်တိုင်အသက်ရှည်လှပနေသော ကမ္ဘာဦးသစ်ပင်ဟာ တရုတ်နိုင်ငံ Xi’an မြို့တွင်တည်ရှိပြီး သစ်ပင်ကြီးကိုလည်း ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင့် တွေ့ရှိရသည်။

 

 

ပုံထဲမှာတွေ့ရှိရသည့် ကမ္ဘာ့သက်ရှည်ပင်တည်ရှိရာ နေရာဟာလည်း တရုတ်ရှေးဟောင်း ဘုရားကျောင်း ပရဝုဏ်အတွင်းမှာဖြစ်ပြီး ဆောင်းဦးရောက်တိုင်း ပန်းသတင်းလေညင်းဆောင်သလို ထပ်ခါကျော်ကြားလာပြန်သည့် Ginkgo သစ်ပင်၏အကြောင်းကို အင်တာနက်အသုံးပြုသူများ စိတ်ဝင်စားနေကြသည်။

 

 

၆၁၈ ခုနှစ်မှာ ၉၀၇ အထိအုပ်စိုးခဲ့သည့် တန်မင်းဆက်လက်ထက်တွင် စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး နှစ်တစ်ထောင်ကျော်သက်တမ်းရှိနေခြင်းကြောင့် ကမ္ဘာဦးသစ်ပင်ကို ထိန်းသိမ်းစောင့်ရှောက်ရမည့် ရှေးဟောင်းသစ်ပင်စာရင်းထဲ ထည့်သွင်းထားလိုက်ကြပြီဖြစ်သည်။

 

သစ်ပင်ကြီး၏ ခြေရင်းတွင် အပူဇော်ခံဘုရားတစ်ဆူ သွန်းလုပ်ထားပြီး ဆောင်းဦးရာသီကို ရောက်ရှိလာလျှင် သစ်ပင်အောက် မြေပတ်ပတ်လည်တွင် ရွက်ကြွေဝါများဖုံးလွှမ်းကာ အဝါရောင်တောက်တောက် ပြောင်းလဲသွားပုံကို ခမ်းနားလှပစွာ တွေ့မြင်ကြရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com



Source link

Leave a Reply

Your email address will not be published. Required fields are marked *