ylliX - Online Advertising Network
နယ်ခြား ကင်းလှည့်ခြင်း ဆိုင်ရာ တရုတ် နှင့် သဘောတူညီခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနကပြော - BUR.MIZZIMA.COM

နယ်ခြား ကင်းလှည့်ခြင်း ဆိုင်ရာ တရုတ် နှင့် သဘောတူညီခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနကပြော – BUR.MIZZIMA.COM


AFP

၂၀၂၀ ခုနှစ်များ အတွင်း အိန္ဒိယ – တရုတ် နှစ်ဖက်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပြဿနာ တွေကို ဖြေရှင်းဖို့ ရည်ရွယ်ပြီး နယ်စပ်ဇုန်တွေမှာ စစ်ရေးကင်းလှည့်ခြင်းနဲ့ ပတ်သက်ပြီး အိမ်နီးချင်း တရုတ် နှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း အိန္ဒိယက အောက်တိုဘာ ၂၁ မှာ ပြောပါတယ်။

ရုရှား မှာ ပြုလုပ်မယ့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက နှင့် အခြား နိုင်ငံများ ပါဝင်သော နိုင်ငံတကာ ထိပ်သီးအစည်းအဝေး (BRICS) သို့ အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီ မတက်ရောက်မီ တရက်အလိုမှာ အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ယင်းအစည်းအဝေးကို တရုတ်သမ္မတ ရှီကျင့်ဖျင်လည်း တက်ရောက်ရန် စီစဥ်ထားပါတယ်။

ကမ္ဘာ့လူဦးရေအများဆုံး နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နှင့် အိန္ဒိယတို့က ပြင်းထန်တဲ့ ပြိုင်ဘက်တွေ ဖြစ်ကြပြီး နယ်စပ်ထိန်းချုပ်မျဥ်း တစ်လျှောက် တရား၀င် ခွဲခြားထားခြင်းမရှိတဲ့ နယ်မြေတွေကို သိမ်းပိုက်ဖို့ ကြိုးပမ်းတယ်ဆို တဲ့ စွပ်စွဲချက်တွေနဲ့ အချင်းချင်း အပြန်အလှန် မကြာခဏ စွပ်စွဲလေ့ရှိကြပါတယ်။

အိန္ဒိယနှင့် တရုတ်စစ်သား လေးဦးထက်မနည်း သေဆုံးခဲ့တဲ့ ၂၀၂၀ ခုနှစ် နယ်စပ်တိုက်ပွဲအပြီးမှာတော့ နှစ်နိုင်ငံလုံးက သောင်းနှင့်ချီတဲ့ တပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာခဲ့ပြီး ကျဥ်းမြောင်းတဲ့ နယ်စပ်ထိန်းချုပ်ရေးမျဥ်း ဧရိယာတစ်လျှောက် ကင်းလှည့်ခြင်းမပြုဖို့ သဘောတူညီခဲ့ကြပါတယ်။

“ပြီးခဲ့တဲ့ ရက်သတ္တပတ်များစွာအတွင်း အိန္ဒိယနဲ့ တရုတ် သံတမန်ရေးရာနဲ့ စစ်ဘက်ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ အပြန်အလှန် နီးကပ်စွာ အဆက်အသွယ်ရှိခဲ့ပါတယ်” လို့ အိန္ဒိယ ထိပ်တန်း နိုင်ငံခြားရေးဌာန ဗျူရိုကရက် ဗစ်ကရမ် မစ်စရီ က သတင်းထောက်တွေကို ပြောပါတယ်။

“ဒီဆွေးနွေးပွဲတွေရဲ့ ရလဒ်အနေနဲ့ အိန္ဒိယ-တရုတ်နယ်စပ် ထိန်းချုပ်ရေး မျဥ်းတလျှောက် ကင်းလှည့်ရေး အစီအစဥ်တွေကို သဘောတူညီမှု ရရှိခဲ့ပြီး ၂၀၂၀ မှာ ဖြစ်ပွားခဲ့တဲ့ ပြသနာတွေကို ကွဲလွဲမှုတွေ မရှိဘဲ နောက်ဆုံးမှာ ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့ပါတယ် ။” လို့ မစ်စရီ က ပြောပါတယ်။

အိန္ဒိယ က မြောက်ပိုင်း အိမ်နီးချင်း တရုတ် နှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိနေပြီး ၃,၅၀၀ ကီလိုမီတာ (မိုင် ၂,၂၀၀) နယ်နိမိတ်အပေါ် အငြင်းပွားမှုတွေကလည်း နှစ်ရှည်တင်းမာမှုပြဿနာ ရဲ့ အရင်းခံ ဖြစ်ပါတယ်။

အိန္ဒိယ အရှေ့မြောက်ပိုင်း အူရန်နာချယ် ပရာဒက်ရှ် ပြည်နယ်အားလုံးကို တိဗက်ရဲ့ အစိတ်အပိုင်းဟု တရုတ် က ယူဆနေပြီး ၁၉၆၂ မှာ နှစ်ဖက် နယ်ခြားစစ်ပွဲ ဖြစ်ပွားခဲ့ကြပါတယ်။

ထို့ပြင် အိန္ဒိယ-တရုတ် နှစ်နိုင်ငံ က တောင်အာရှတဝန်းမှာလည်း ပိုမိုကျယ်ပြန့်တဲ့ ဗျူဟာမြောက် သြဇာလွှမ်းမိုးမှုအတွက် ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်နေကြပါတယ်။

AFP



Source link

Leave a Reply

Your email address will not be published. Required fields are marked *