သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်သို့ စစ်ကောင်စီတပ်မှ နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၂ ရက်) နံနက် ၁ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံး ကြဲချတိုက်ခိုက်ခဲ့ပြီး သေဆုံးမှုများ ရှိခဲ့ကြောင်း နမ့်ဆန်မြို့နယ် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မနေ့ကော ဒီနေ့ကော ၂ ရက်ဆက်တိုက် ကြဲတာ။ ဒီနေ့က ဟိုမိန်းဘက်ကို လာကြဲတာ မနက် ၁ နာရီကျော်လောက်။ ကျောက်ဖြူလေးဘက်လည်း မနေ့က ဗုံးကြဲခဲ့တာ။ လူတွေထိတယ်လို့တော့ သိရတယ်”ဟု နမ့်ဆန်မြို့ ဒေသခံ ၎င်းအမျိုးသားက ပြောသည်။ […]
AA ထိုးစစ်သတင်းကြောင့် ရခိုင်ရိုးမတောင်ခြေမှကျေးရွာများကို စစ်ကောင်စီအတင်းအကျပ်ဖယ်ရှား – Myanmar Now
စစ်ကောင်စီက ရခိုင်ရိုးမနှင့် ထိစပ်နေသည့် နေရာများမှ ကျေးရွာ၂၀ ကျော်ကို ယခုလအတွင်း ဖယ်ရှား ပေးရန် ခြိမ်းခြောက်နေသဖြင့် လူအများအပြား ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။ ယခုလ ၂၁ ရက်နောက်ဆုံးထားကာ ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ကျေးရွာ ၂၀ ခန့် နှင့် ဂွမြို့နယ်ရှိ ရွာတချို့အပါအဝင် စုစုပေါင်း အိမ်ခြေ ၃၀၀ ကျော်ခန့်ကို ပြောင်းရွှေ့ခိုင်းထားခြင်းဖြစ်သည်ဟု ဒေသခံ များထံမှသိရသည်။ ထိုနေရာသည် ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်နှင့် နယ်မြေထိစပ်နေသော နေရာဖြစ်ပြီး မပြောင်းပါက လေယာဉ်ဖြင့် ဗုံးလာချမည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်ပြောဆိုသော ကြောင့် ဘေးလွတ်ရာသို့ ကြောက်လန့်တကြားရွှေ့ပြောင်းနေရကြောင်း ဒေသခံတချို့က ရခိုင်တပ် AA နှင့်နီးစပ်သည့် Arakan Princess သတင်းဌာနကို ပြောသည်။ စစ်တပ်က ပြောင်းရွှေ့ခိုင်းနေသည့် […]
မြစ်ကြီးနား–မန္တလေးကားလမ်းပိုင်း ပြေးဆွဲနေတဲ့ခရီးသည်တင်ကားတွေ လမ်းပိုင်းမှာ ၅ ရက်နီးပါးကြန့်ကြာတဲ့အတွက် ခရီးသွားပြည်သူတွေအတွက် အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။ ပုံမှန်အားဖြင့် မန္တလေး–မြစ်ကြီးနားကားလမ်းပိုင်းမှာ တစ်ရက်ကျော် နာရီပေါင်း ၃၀ ဝန်းကျင်မောင်းနှင်ရပေမယ့် လက်ရှိ စစ်ရေးအခြေနေကြောင့် လမ်းခရီးကြန့်ကြာနေတာဖြစ်တယ်လို့ မန္တလေးကနေ မြစ်ကြီးနားပြန်လာတဲ့အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ကျွန်တော်တို့တက်လာတုန်းကတော့လမ်းမှာ သုံးညအိပ်ခဲ့ရတယ် လေးရက်ကြာတာပေါ့။ အရင်ဆိုရင်တစ်ညအိပ်နောက်မနက်ဆိုရောက်ပြီအခုက အိပ်တာကလည်းကြုံတဲ့နေရာအိမ်ရတာ။ မြို့တွေရွာတွေထဲအိပ်ရတာမဟုတ်ဘူးဗျ တောတောင်တွေထဲအိပ်ရတာအဆင်မပြေဘူး”လို့ အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ ဇူလိုင်လကစပြီး စစ်ကိုင်းတိုင်းထဲမှာလည်းတိုက်ပွဲတွေပြင်းထန်နေတာကြောင့် ခရီးသည်တင်ကားတွေ လမ်းပိုင်းမှာတိုက်ပွဲအခြေအနေအရ အိပ်ရတာဖြစ်တယ်လို့ မန္တလေး–မြစ်ကြီးနားလမ်းပိုင်းမှာ ခရီးသည်တင်ကားမောင်းနှင်နေတဲ့ကားသမားတစ်ဦးကပြောပါတယ်။ “ညအိပ်ရတာကဒီစစ်ကိုင်းတိုင်းထဲမှာပဲညအိပ်ရတာ ဘယ်နေရာမှာညအိပ်ရမယ်လို့သတ်မှတ်မထားဘူး အဖွဲ့အစည်း(KIA၊KPDFနှင့်စစ်ကောင်စီတပ်) တွေကလမ်းပိတ်ထားတဲ့နေရာအိပ်ရတာပဲ။ သူတို့သွားခိုင်းမှသွားရတာသူတို့ကလည်းစစ်ရေးအရပိတ်ချင်တဲ့နေရာမှာပိတ်လိုက်တာပဲ”လို့အသက် ၃၀ ကျော်အရွယ်ကားသမားတစ်ဦးကပြောပါတယ်။ KIA၊KPDF တပ်နဲ့ စစ်ကောင်စီတပ်တို့အကြား မြစ်ကြီးနား–မန္တလေးလမ်းပိုင်းကို တိုက်ပွဲဖြစ်ပွားတဲ့အနေအခြေအပေါ်မူတည်ပြီး တစ်ချို့နေရာတွေမှာ နာရီပိုင်းနဲ့ပိတ်ထားတာမျိုးရှိသလို တချို့နေရာတွေကို တစ်ရက်(သို့မဟုတ်)တစ်ညအထိကြာပိတ်ထားတာမျိုးရှိတယ်လို့သိရပါတယ်။ အခုလိုမြစ်ကြီးနားမန္တလေးလမ်းပိုင်းမှာအရင်ကထက် သုံးရက်ခန့်ကြာအောင်သွားနေရတာကြောင့်အခက်အခဲအမျိုးမျိုးနဲ့ကြုံတွေ့ခဲ့ရကြောင်း ခရီးသွားအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။ “လမ်းမှာကြာမယ်တော့သိထားတယ်။ဒါပေမယ့် နှစ်ည သုံးညကြာမယ်လို့တော့မထင်ထားဘူးလေ လေယာဥ်ခများလို့ကားနဲ့သွားရတာ ဒါပေမယ့်ကုန်ကျစရိတ်တွေကလမ်းမှာစားရတာနဲ့ဆိုအတူတူလောက်ပဲကုန်မှာဗျ တောထဲမှာ ခြင်ကိုက် ဖြုတ်ကိုက်နဲ့ပိုတောင်ဒုက္ခရောက်သေးတယ်”လို့ ပြောပါတယ်။ မြစ်ကြီးနား –မန္တလေးလမ်းပိုင်း မော်တော်ယာဥ်စီးခဟာ လူတစ်ဦးကို ကျပ် ၁၅၀၀၀၀ (တစ်သိန်းငါးသောင်း) ကနေ ကျပ် ၂၀၀၀၀၀ (နှစ်သိန်း) အထိရှိတယ်လို့ မြစ်ကြီးနားမြို့ High Class ကားဂိတ်က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “အံစာတုံးလိုမျိုးကားသေးလေးတွေကတော့ တစ်သိန်းခွဲပါ နောက်ပြီးကျ မှန်ကားအကြီးတော့မဟုတ်ဘူးမှန်လုံကားအလတ်ပေါ့အဲ့တာကျတော့ နှစ်သိန်းဗျတစ်ယောက်ကိုလမ်းမှာ သုံးလေးရက်တော့ကြာနိုင်တယ်ဗျအာမခံလို့မရဘူးအခြေအနေပေါ်မူတည်တယ်”လို့ သူကပြောပါတယ်။ ခရီးသည်တင်ကားတွေနဲ့အလားတူ ကုန်တင်ကားတွေလည်းမန္တလေး– မြစ်ကြီးနားလမ်းပိုင်းမှာ အနည်းဆုံး ၈ရက်ကနေ ၁၃ရက်လောက်အထိကြန့်ကြာနေတာကြောင့် လက်ရှိကချင်ပြည်နယ်ထဲမှာ မန္တလေးဘက်က ကုန်စည်အဝင်နှေးတာကြောင့် ကုန်ပစ္စည်းအချို့ရှားပါးတာ၊ ကုန်စျေးနှုန်းအဆမတန်မြင့်တက်တာတွေဖြစ်နေတယ်လို့သိရပါတယ်။ အင်းတော်မြို့နယ်ထဲမှာတိုက်ပွဲတွေကြောင့်မန္တလေး–မြစ်ကြီးနားကုန်သွယ်ရေးလမ်းမကြီးကို အင်းတော်မြို့နယ်ထဲမှာသြဂုတ်လကတည်းကပိတ်ထားလိုက်တာဖြစ်ပြီး အင်းတော်မြို့နယ်ကိုပတ်တဲ့ဖြတ်လမ်းနဲ့ခက်ခက်ခဲခဲ သွားလာနေကြရကြောင်းကားသမားတွေဆီကနေသိရပါတယ်။ By – Zaw Zaw The post မြစ်ကြီးနား-မန္တလေးလမ်းခရီး ၄ ရက်နီးပါးကြန့်ကြာတဲ့အတွက် ခရီးသွားများအခက်အခဲဖြစ်နေ appeared first on Kachin News Group (KNG). Source link
ကျွန်မတို့ ရဲဝံ့စွန့်စားပြည်ချစ်သား website ရဲ့ ဖုန်းဘေလ်မဲဖောက်ပေးခြင်း အစီအစဉ်ကို ယခုည ၈ နာရီချိန်မှာ mytel ခဲခြစ်နံပါတ်လေးတွေကို တင်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ယခုည ၈ နာရီမှာ website မှာ သတင်းလေးတွေဖတ်ရင်း ဖုန်းဘေလ်လေးတွေ ယူလိုက်ကြရအောင်နော်..အမျိုးတို့ရေ… Related Source link
စစ်ကောင်စီသည် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းမှ မြွေတလှိုင်း၊ ဝန်စု၊ဝေါစု၊ သမင်တွင်း စသည့်ကျေးရွာများကို ယမန်နေ့ (အောက်တိုဘာ ၂၁) ညနေက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တစ်နှစ်သားကလေးတစ်ဦးနှင့်မိခင်တို့ သေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ဒေသခံတို့ကဆိုသည်။ စစ်ကောင်စီလေတပ်သည် ဧရာဝတီမြစ်ကမ်းဘေးမှ ထိုကျေးရွာများကို ယမန်နေ့တစ်ရက်ထဲတွင် ငါးကြိမ် ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုသိရသည်။ ထိုတိုက်ခိုက်မှု များကြောင့် မြွေတလှိုင်းကျေးရွာမှ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးနှင့် သားဖြစ်သူတို့ သေဆုံးသွားကြခြင်း ဖြစ် ကြသည်။ “ညနေပိုင်းက စပြီး ညအထိ လေယာဉ်အဆင်းပေါင်းမနည်းဘူးလာပစ်တာ” ဟု အသက် ၆၀ အရွယ် မတ္တရာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ သမင်တွင်းကျေးရွာပစ်ခတ်မှုတွင်လည်း လူအသေအဆုံးအထိအခိုက်များရှိနိုင်ကြောင်းနှင့် အသေးစိတ် စုံစမ်းနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။ “မြွေတလှိုင်းကျေးရွာကိုက တိုက်ပွဲမဖြစ်ပွားဘဲ သက်သက်လာကြဲတာလို့သိရတယ်။ သမင်တွင်းကတော့ […]
အောက်တိုဘာလ ၂၁ ရက် နံနက် ၆ နာရီခန့်က ပခုက္ကူမြိုနယ် ရွှေတန်းတစ်ကျေးရွာအနီး နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များသည် အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ- -လက်လုပ်သေနတ်အရှည် […] Source link
မန္တလေးမြို့ပေါ်ရှိ စစ်ကောင်စီတပ် လုံခြုံရေး တင်းကျပ်ထားသည့် ကောင်စစ်ဝန်ရုံးချုပ် ဗုံးခွဲ တိုက် ခိုက်ခံရမှုတွင် ကျူးလွန်သူကို အမြန်ဆုံးဖော်ထုတ်အရေးယူပေးရန် တရုတ်အစိုးရက တိုက်တွန်းလိုက်သည်။ အောက်တိုဘာ ၁၈ ရက်နေ့ ညနေက ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ သိပ္ပံလမ်းနှင့် ငုရွှေဝါ လမ်းကြားရှိ ကောင်စစ်ဝန်ရုံး ပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူမရှိသော်လည်း အဆောက်အဦတချို့ ထိခိုက်ခဲ့သည်ဟု ဆိုသည်။ ဖောက်ခွဲတိုက်ခိုက်မှုကို ပြင်းထန်စွာရှုတ်ချသည်၊ အလွန်တုန်လှုပ်မိသည်ဟု ယမန်နေ့ (အောက်တို ဘာ ၂၁) ဘေကျင်းမြို့ သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian က ထည့်သွင်းပြောဆိုခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကို သေချာစုံစမ်းစစ်ဆေး၍ ကျူးလွန်သူများကို ပြင်းထန်စွာအပြစ်ပေးအရေးယူနိုင် ရေးနှင့် အစွမ်းကုန်ကြိုးစားဖမ်းဆီးပေးရန် မြန်မာနိုင်ငံဘက်သို့ လေးလေးနက်နက် တိုက်တွန်းထားသည် ဟု Mr. […]
ကရင်ပြည်နယ်၊ ဘားအံခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ဌာနချုပ်ကို ယနေ့ (အောက်တို ဘာ ၂၂) နံနက် ၁၁ နာရီခွဲ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ KNU ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်နေသည့် ပုံမှန်အစည်းအဝေး တစ်ခု ကျင်းပနေချိန် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အစည်းအဝေးဖျက်သိမ်းကာ လူစုခွဲခဲ့ကြောင်း KNU တပ်မဟာ (၇) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ KNU ၏ ဌာနချုပ်လည်းဖြစ်သလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ဌာနချုပ် နယ်မြေ တိုက်ခိုက်ခံရမှုသည် အာဏာသိမ်းပြီး ၄ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် ဖြစ်ပြီး လူအထိအခိုက်မရှိကြောင်း KNU အဆင့်မြင့်အရာရှိတစ်ဦး ကလည်း အတည်ပြုသည်။ “ဒီနေ့ ၁၁ နာရီခွဲမှာ ဖြစ်တာပါ။ ဒီနေ့ […]
ဗဟိုဘဏ်မှ ဒေါ်လာနှစ်သန်းကျော်နှင့် တရုတ်ယွမ်တစ်သန်းခွဲ ထပ်မံထုတ်ရောင်း၍ နှစ်လခွဲကျော်တွင် ဒေါ်လာ ၃၈၅ သန်းကျော် ထုတ်ရောင်းပေးထား – Myanmar Transparency News Source link
AFP ၂၀၂၀ ခုနှစ်များ အတွင်း အိန္ဒိယ – တရုတ် နှစ်ဖက်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပြဿနာ တွေကို ဖြေရှင်းဖို့ ရည်ရွယ်ပြီး နယ်စပ်ဇုန်တွေမှာ စစ်ရေးကင်းလှည့်ခြင်းနဲ့ ပတ်သက်ပြီး အိမ်နီးချင်း တရုတ် နှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း အိန္ဒိယက အောက်တိုဘာ ၂၁ မှာ ပြောပါတယ်။ ရုရှား မှာ ပြုလုပ်မယ့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက နှင့် အခြား နိုင်ငံများ ပါဝင်သော နိုင်ငံတကာ ထိပ်သီးအစည်းအဝေး (BRICS) သို့ အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီ မတက်ရောက်မီ တရက်အလိုမှာ အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ယင်းအစည်းအဝေးကို တရုတ်သမ္မတ ရှီကျင့်ဖျင်လည်း တက်ရောက်ရန် စီစဥ်ထားပါတယ်။ […]