ylliX - Online Advertising Network

တရုတ်၏ မြန်မာမူဝါဒ မျှခြေပျက်ယွင်းခြင်းနှင့် ဆုံးရှုံးနိုင်ခြေများ – Myanmar Now

ယနေ့ မြန်မာ့အရေးတွင် အိမ်နီးချင်းအင်အားကြီး တရုတ်အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုသည် ပထဝီနိုင်ငံရေး နှင့် စီးပွားရေး၊ ဒေသတွင်း တရုတ်၏ဩဇာချဲ့ထွင်ရေးနှင့် နယ်နမိတ်ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများကို ၎င်း၏လောင်းရိပ်အောက်တွက်သာ ရှင်သန်စေရေး စသည့် အကြောင်းချင်းရာများက လွှမ်းမိုးထားသည်။  အထူးသဖြင့် မြန်မာစစ်ခေါင်းဆောင်များ စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းများ ကြုံတွေ့နေရ ချိန်၊ ဒေသတွင်းနှင့် ကမ္ဘာ့အသိုက်အဝန်း၏ ပြစ်ပယ်ထားခြင်း ခံထားရချိန်၊ တရုတ်နိုင်ငံ၏ အကူအညီနှင့် အကာအကွယ်ကို အရေးတကြီးရှာဖွေလာခြင်းအပေါ် တရုတ်အစိုးရသည် “မြန်မာအခက်၊ တရုတ်အချက်” ဟု ကောင်းစွာတွက်ချက် အသုံးချပြီး၊ မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာသို့ အတားအဆီးမဲ့ကုန်သွယ်နိုင်ခွင့်၊ မြန်မာ့သယံဇာတများကို စိတ်ကြိုက်ထုတ်ယူသုံးစွဲနိုင်ခွင့် နှင့် တရုတ်နိုင်ငံ၏ မြန်မာပြည်တွင်းမှ အကျိုးစီးပွား များကို ကာကွယ်ရန် အကြောင်းပြချက်ဖြင့် စစ်ရေးအရ စွက်ဖက်နိုင်သော မဟာအခွင်အလမ်းကြီး ရရှိသွားပြီ […]

ပုလော ဇရပ်ဆိပ်ရွာသားတစ်ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်ပြီးမြေမြှုပ် – Dawei Watch

ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာသားတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး မြေမြှုပ်ထားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့်‌ ဒေသခံအချို့ထံမှ သိရသည်။ နိုဝင်ဘာလ ၂၃ရက် နေ့‌လယ်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ဇရပ်ဆိပ်‌ကျေးရွာအတွင်း နယ်မြေရှင်းလင်းစဉ် လည်လှီးသတ်ဖြတ်ထားသည့် အ‌လောင်းအား မြေမြှုပ်ထားသည်ကို တွေ့ရကြောင်း ၎င်းတို့က ပြောသည်။ လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခံထားရသည့်အလောင်းမှာ လူလတ်ပိုင်းအရွယ်အမျိုးသားဖြစ်ပြီး ဇရပ်ဆိပ်ရွာ အနောက် ပိုင်းရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း မြေမြှုပ်ထားသည်ကိုတွေ့ရကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “အသတ်ခံရတဲ့လူ ဘယ်သူဆိုတာကို စုံစမ်းနေတယ်။ (စစ်‌ကောင်စီတပ်) ဖမ်းဆီးထားတဲ့ အရပ်သား‌တွေရဲ့ မိသားစုဝင် တွေကို ဆက်သွယ်‌ထားတယ်။ မိသားစုဝင်တွေက စစ်ရှောင်နေကြလို့ အတည်ပြုရခက်နေတယ်” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ်သားများသည် ဇရပ်ဆိပ်ရွာဘုန်းကြီး‌ကျောင်းတွင် ရက်ပေါင်းများစွာ တပ်စွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းတို့မရှိသည့်အချိန် ဝင်ရောက်ရှင်းလင်းရာက အဆိုပါရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက […]

စနေညနှင့် တနဂ်နွေနံနက်အစောပိုင်းတွင် ယှဥ်ပြိုင် ကစားခဲ့သည့် ဥရောပအမှတ်ပေးပွဲစဥ်ရလဒ်များ

စပိန်လာလီဂါ ဆယ်လ်တာဗီဂို ၂-၂ ဘာစီလိုနာအက်သလက်တီကို ၂-၁ အလာဗတ်စ်ဂျီရိုနာ ၄-၁ အက်စ်ပန်ညိုဗလင်စီယာ ၄-၂ ဘက်တစ်လက်စ်ပါမားစ် ၂-၃ မာယော့ကာ အီတလီစီးရီးအေ ဗီရိုနာ ၀-၅ အင်တာမီလန်အေစီမီလန် ၀-၀ ဂျူဗင်တပ်စ်ပါးမား ၁-၃ အတ္တလန်တာ ဂျာမန်ဘွန်ဒစ်လီဂါ လေဗာကူဆင် ၅-၂ ဟိုင်းဟိုင်စတုဂတ် ၂-၀ ဘိုဟုမ်ဒေါ့မွန် ၄-၀ ဖရိုင်းဘတ်ဟော်ဖန်ဟင်မ် ၄-၃ လိုက်ပ်ဇစ်၀ုလ်ဖ်ဘတ် ၁-၀ အူန်ယွန်းဘာလင်ဖရန့်ဖတ် ၁-၀ ၀ါဒါဘရီမင် ပြင်သစ်လီဂူး လန်းစ် ၁-၃ မာဆေးလ်စိန့်အက်တီယန် ၁-၀ မောင့်ပယ်လီယာReims ၁-၁ လိုင်ယွန် Photos: Team’s facebook Source link

တောင်ခမ်းတွင် TNLA အလောင်း/လက်နက်များ သိမ်းဆည်းရရှိ – PCT NEWS HOMEPAGE

နိုဝင်ဘာ ၂၃ ရက် (ယနေ့) တောင်ခမ်းဒေသရှိ အကြမ်းဖက် TNLA အဖွဲ့များ အခြေပြုလျက်ရှိတဲ့ ပွိုင့်-၁၁၃၀ စခန်းကုန်းအား တပ်မတော်မှ စီးနင်းသိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်စဉ်တွင် မိမိဘက် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူများ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကာ ရန်သူ့ထံမှ –(၁) အကြမ်းဖက် TNLA အလောင်း ၄ လောင်း(၂) လက်နက်မျိုးစုံ ၅ လက် RPG ၁ လက် AK သေနတ် ၁ လက် Type-81 သေနတ် ၃ လက်(၃) မိုင်းမျိုးစုံ ၆ လုံး(၄) ကျည်အိမ် ၁၀ ခု(၅) ကျည်မျိုးစုံ ၁၀၀၀ ကျော်(၆) မြေစိုက်ဘန်ကာ ၉ လုံး(၇) ဆသရမြောင်း […]

မြန်မာစစ်ကောင်စီက အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေဟု ကုလကျွမ်းကျင်သူ ပြော – Ayeyarwaddy Times

မြန်မာစစ်ကောင်စီက အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေဟု ကုလကျွမ်းကျင်သူ ပြော – Ayeyarwaddy Times Source link

ခမရ(၃၇၂)တပ်ထဲ ဝင်လာတဲ့ အကြမ်းဖက် AA တွေကို ဒရုန်းနဲ့ကြည့်ပြီး လေယာဉ်နဲ့ဆော်တဲ့ Video

ခမရ(၃၇၂) တပ်အတွင်းဝင်ရောက်လာသည့် AA သောင်းကျန်းသူများအား ယနေ့နံနက်ပိုင်းက လက်နက်ကြီးများ/ Drone များဖြင့် ချေမှုန်းတိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ AA အဖွဲ့မှ အဆောင်အတွင်း ဆေးခိုးကုနေသည့် လူနာ ၄၀ ကျော်အပါအဝင် ဝင်ရောက်လာသည့် အင်အား ၁၂၀ ကျော်အားလုံးသေဆုံးခဲ့ကြောင်း သိရှိရသည်။ တပ်က တကယ်ဆော်နေပြီနော်…. Source link

ပင်လောင်းမြို့နယ် နေရပ်ပြန်သွားသော အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ – သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားမြို့သို့ ရောက်ရှိလာသည့် စစ်ရှောင်အမျိုးသားတစ်ဦးသည် နေရပ်ပြန်ပြီး ခြံစဉ်နေစဉ် မြေမြုပ်မိုင်းနင်းမိကာ အပြင်းအထန် ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ရက် နေ့လည် ၁၁နာရီတွင် ပင်လောင်းမြို့နယ် နောင်တရားမြို့သို့ စစ်ဘေးလာရှောင်သည့် အမျိုးသားသည် ၎င်း၏နေရပ်ဖြစ်သည် နောင်ဝိုးကျေးရွာပြန်သွားပြီး ခြံရှင်းနေစဉ် မြေမြုပ်မိုင်းနင်းမိကာ ပြင်းထန်ဒဏ်ရာရရှိကြောင်း အသက် ၃၅နှစ်အရွယ်ရှိ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ အိမ်ပြန်သွားတဲ့ အမျိုးသားတစ်ယောက် သူ့အိမ်နောက်ဖေးက ခြံထဲမှာ သန့်ရှင်းရေးလုပ်ရင်းနဲ့ မြေမြုပ်မိုင်းနင်းမိတာ။ သူခြေထောက်ကတော့ တော်တော်လေးထိသွားတယ်။ အခု အောင်ပန်းစစ်ဆေးရုံကို ပဲ ချက်ချင်းပို့‌ပေးတယ်။”ဟု ၎င်းကပြောသည်။ ပင်လောင်းစစ်ရှောင် အဆိုပါ မိုင်းနင်းမိသူသည် အသက် ၅၀အရွယ်ရှိ အမျိုးသားဖြစ်ပြီး၊ ပြီးခဲ့သည့် အောက်တိုဘာလ တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် […]

စစ်ကောင်စီအသုံးချခံ သတင်းမီဒီယာကောင်စီအသစ်ကို အသိအမှတ်မပြုကြောင်း IMJA နှင့် IPCM တို့ထုတ်ပြန်

RNA_နိုဝင်ဘာ(၂၃)၊၂၀၂၄ခုနှစ်။ စစ်ကောင်စီအသုံးချခံ မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာကောင်စီအသစ်ကို အသိအမှတ်မပြုကြောင်းနှင့် ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးအခြေအနေအရ ထိုင်းနိုင်ငံ တနေရာတွင် အခြေစိုက်ကြသော လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) နှင့် လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) တို့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီက ဖွဲ့စည်းလိုက်သော အသုံးချခံ သတင်းမီဒီယာကောင်စီအသစ်နဲ့ ကောင်စီ အဖွဲ့ဝင်တွေကို လုံးဝ (လုံးဝ) အသိအမှတ် မပြုကြောင်းနဲ့ ကန့်ကွက်ရှုတ်ချကြောင်း IMJA ကထုတ်ပြန်ထားပြီး၊ စစ်ကောင်စီ ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီသည် လွတ်လပ်သော မြန်မာသတင်းမီဒီယာသမားများကို ကိုယ်စားမပြုဘဲ စစ်ကောင်စီ သက်ဆိုးရှည်ရေး ဝါဒဖြန့်ချိရေးယန္တရား ပိုမိုခိုင်မာစေရေးနှင့် နိုင်ငံတကာကို သတင်းမှားဖြန့်ချိရေးလုပ်ဆောင်ရန် ဆောင်ရွက်ရန်အတွက်သာ ဖြစ်သည့်အတွက်ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။   စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ […]

နိုင်ငံရေးပါတီတွေနဲ့ EAO တွေသွားရောက်လေ့လာခဲ့တဲ့ အိန္ဒိယနိုင်ငံ ဖက်ဒရယ်လေ့လာခရီးစဉ်မှာ ရလဒ်ကောင်းတွေများစွာ ရရှိခဲ့တယ်လို့ ဆို

လက်ရှိမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေကိုရပ်တန့်ပြီး ပြုပြင်ပြောင်းလဲဖို့လိုနေပြီဟု ငြိမ်းချမ်းရေးကိုလိုလားတဲ့ EAO ခေါင်းဆောင်တွေ သုံးသပ် ၂၃.၁၁.၂ဝ၂၄Written by K Pyay Thein ယခု နိုဝင်ဘာလအတွင်းမှာ နိုင်ငံရေးပါတီတွေနဲ့ EAO အဖွဲ့တွေသွားရောက်လေ့လာခဲ့တဲ့ အိန္ဒိယနိုင်ငံ ဖက်ဒရယ်လေ့လာရေး ခရီးစဉ်မှာ ရလဒ်ကောင်းတွေများစွာ ရရှိခဲ့တယ်လို့ သိရှိရပြီး လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ လက်နက် ကိုင်ပဋိပက္ခတွေကိုရပ်တန့်ကာ ပြုပြင်ပြောင်း လဲဖို့လည်းလိုနေပြီလို့ ငြိမ်းချမ်းရေးကိုလိုလားတဲ့ တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့ခေါင်းဆောင်အချို့က သုံးသပ်ပြောကြားလိုက်ပါတယ်။ “အိန္ဒိယကိုသွားခဲ့တဲ့ခရီးစဥ်မှာ ကျွန်မတို့က အိန္ဒိယကိုအုပ်စိုးနေတဲ့ ပုဂ္ဂိုလ်တွေက အိန္ဒိယကို ဘယ်လိုဖွဲ့စည်းခဲ့ကြလဲဆိုတာကို ကျွန်မတို့ လေးလေးနက်နက်လေ့လာခွင့်ရခဲ့တယ်။ အိန္ဒိယနိုင်ငံဖြစ်ပေါ်လာဖို့အတွက် မဟာရာဂျာအုပ်စိုးတဲ့နယ်မြေပေါင်းများစွာကို စည်းရုံးပြီးတော့မှ အိန္ဒိယဆိုတာမျိူးဖြစ်ပေါ်လာအောင် အိန္ဒိယခေါင်းဆောင်တွေက ကြိုးပမ်းခဲ့ကြတယ်။ အိန္ဒိယက ပုဂ္ဂိုလ်တွေဆိုရင် အဲ့မှာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့နေရတယ်။ လူမျိုးပေါင်း ၁၀၀၀ […]

ဘန်ကောက်အနီး မဟာချိုင်ရောက် မြန်မာများ ဘတ်သိန်းချီငွေလိမ်ခံရ  – Myanmar Now

ထိုင်းနိုင်ငံ​တောင်ပိုင်း စမုဆာခွန်ခရိုင်၊ မဟာချိုင်မြို့ရောက် မြန်မာပြည်သား ၁၅၀ ခန့်ကို ထိုင်းအမျိုးသမီးနှစ်ဦးက အလုပ်အပ်ပေးမည်ဟု အယုံသွင်းပြီး  ဝန်ဆောင်ခ ဘတ်သိန်းချီ ကြိုတင်ရယူသွားကာ တိမ်းရှောင်နေသည်ဟု သိရသည်။ ထိုမြို့ရှိ ပစ္စည်းပို့ဆောင်ရေးလုပ်ငန်း Index Interfurn Company Limited တွင် အလုပ်လျှောက်ထားရန် ဝန်ဆောင်ခနှင့် စာရွက်စာတမ်းကြေးများ တောင်းယူ လိမ်လည်သွားခြင်းဖြစ်သည်ဟု ထိုင်းရောက် မြန်မာအလုပ်သမားရေးကူညီပေးနေသည့် AAC မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်ကြီးက ပြောသည်။  စာရွက်စာတမ်းပြည့်စုံသူများ ၃,၅၀၀ ဘတ်၊  မပြည့်စုံသူများ ဘတ် ၇,၀၀၀ စီ ပေးခဲ့ရသည်ဟု သိရသည်။  နိုဝင်ဘာ ၂၀ ရက်နေ့တွင် မြန်မာပြည်သားများ လုပ်ငန်းခွင်သို့ ရောက်သွားရာ ကုမ္ပဏီတာဝန်ရှိသူတို့က ထိုင်းအမျိုးသမီးနှစ်ဦးသည် ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း၊  အစုအပြုံလိုက် ရောက်လာသူများကို အလုပ်ရုံထဲသို့ […]