ylliX - Online Advertising Network
မြစ်ကြီးနား-မန္တလေးလမ်းခရီး ၄ ရက်နီးပါးကြန့်ကြာတဲ့အတွက် ခရီးသွားများအခက်အခဲဖြစ်နေ - Kachin News Group (KNG)

မြစ်ကြီးနား-မန္တလေးလမ်းခရီး ၄ ရက်နီးပါးကြန့်ကြာတဲ့အတွက် ခရီးသွားများအခက်အခဲဖြစ်နေ – Kachin News Group (KNG)



မြစ်ကြီးနားမန္တလေးကားလမ်းပိုင်း ပြေးဆွဲနေတဲ့ခရီးသည်တင်ကားတွေ လမ်းပိုင်းမှာ  ရက်နီးပါးကြန့်ကြာတဲ့အတွက် ခရီးသွားပြည်သူတွေအတွက် အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။

ပုံမှန်အားဖြင့်  မန္တလေးမြစ်ကြီးနားကားလမ်းပိုင်းမှာ တစ်ရက်ကျော် နာရီပေါင်း ၃၀ ဝန်းကျင်မောင်းနှင်ရပေမယ့် လက်ရှိ စစ်ရေးအခြေနေကြောင့် လမ်းခရီးကြန့်ကြာနေတာဖြစ်တယ်လို့ မန္တလေးကနေ မြစ်ကြီးနားပြန်လာတဲ့အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

ကျွန်တော်တို့တက်လာတုန်းကတော့လမ်းမှာ သုံးညအိပ်ခဲ့ရတယ် လေးရက်ကြာတာပေါ့။ အရင်ဆိုရင်တစ်ညအိပ်နောက်မနက်ဆိုရောက်ပြီအခုက အိပ်တာကလည်းကြုံတဲ့နေရာအိမ်ရတာ။ မြို့တွေရွာတွေထဲအိပ်ရတာမဟုတ်ဘူးဗျ တောတောင်တွေထဲအိပ်ရတာအဆင်မပြေဘူးလို့ အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။

ဇူလိုင်လကစပြီး  စစ်ကိုင်းတိုင်းထဲမှာလည်းတိုက်ပွဲတွေပြင်းထန်နေတာကြောင့် ခရီးသည်တင်ကားတွေ လမ်းပိုင်းမှာတိုက်ပွဲအခြေအနေအရ အိပ်ရတာဖြစ်တယ်လို့ မန္တလေးမြစ်ကြီးနားလမ်းပိုင်းမှာ ခရီးသည်တင်ကားမောင်းနှင်နေတဲ့ကားသမားတစ်ဦးကပြောပါတယ်။

ညအိပ်ရတာကဒီစစ်ကိုင်းတိုင်းထဲမှာပဲညအိပ်ရတာ ဘယ်နေရာမှာညအိပ်ရမယ်လို့သတ်မှတ်မထားဘူး  အဖွဲ့အစည်း(KIAKPDFနှင့်စစ်ကောင်စီတပ်တွေကလမ်းပိတ်ထားတဲ့နေရာအိပ်ရတာပဲ။ သူတို့သွားခိုင်းမှသွားရတာသူတို့ကလည်းစစ်ရေးအရပိတ်ချင်တဲ့နေရာမှာပိတ်လိုက်တာပဲလို့အသက် ၃၀ ကျော်အရွယ်ကားသမားတစ်ဦးကပြောပါတယ်။

KIAKPDF တပ်နဲ့ စစ်ကောင်စီတပ်တို့အကြား မြစ်ကြီးနားမန္တလေးလမ်းပိုင်းကို တိုက်ပွဲဖြစ်ပွားတဲ့အနေအခြေအပေါ်မူတည်ပြီး တစ်ချို့နေရာတွေမှာ နာရီပိုင်းနဲ့ပိတ်ထားတာမျိုးရှိသလို တချို့နေရာတွေကို တစ်ရက်(သို့မဟုတ်)တစ်ညအထိကြာပိတ်ထားတာမျိုးရှိတယ်လို့သိရပါတယ်။

အခုလိုမြစ်ကြီးနားမန္တလေးလမ်းပိုင်းမှာအရင်ကထက် သုံးရက်ခန့်ကြာအောင်သွားနေရတာကြောင့်အခက်အခဲအမျိုးမျိုးနဲ့ကြုံတွေ့ခဲ့ရကြောင်း ခရီးသွားအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

လမ်းမှာကြာမယ်တော့သိထားတယ်။ဒါပေမယ့် နှစ်ည သုံးညကြာမယ်လို့တော့မထင်ထားဘူးလေ လေယာဥ်ခများလို့ကားနဲ့သွားရတာ ဒါပေမယ့်ကုန်ကျစရိတ်တွေကလမ်းမှာစားရတာနဲ့ဆိုအတူတူလောက်ပဲကုန်မှာဗျ တောထဲမှာ ခြင်ကိုက် ဖြုတ်ကိုက်နဲ့ပိုတောင်ဒုက္ခရောက်သေးတယ်လို့ ပြောပါတယ်။

မြစ်ကြီးနား –မန္တလေးလမ်းပိုင်း မော်တော်ယာဥ်စီးခဟာ လူတစ်ဦးကို ကျပ် ၁၅၀၀၀၀ (တစ်သိန်းငါးသောင်းကနေ ကျပ် ၂၀၀၀၀၀ (နှစ်သိန်းအထိရှိတယ်လို့ မြစ်ကြီးနားမြို့ High Class ကားဂိတ်က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အံစာတုံးလိုမျိုးကားသေးလေးတွေကတော့ တစ်သိန်းခွဲပါ နောက်ပြီးကျ မှန်ကားအကြီးတော့မဟုတ်ဘူးမှန်လုံကားအလတ်ပေါ့အဲ့တာကျတော့ နှစ်သိန်းဗျတစ်ယောက်ကိုလမ်းမှာ သုံးလေးရက်တော့ကြာနိုင်တယ်ဗျအာမခံလို့မရဘူးအခြေအနေပေါ်မူတည်တယ်လို့ သူကပြောပါတယ်။

ခရီးသည်တင်ကားတွေနဲ့အလားတူ ကုန်တင်ကားတွေလည်းမန္တလေး– မြစ်ကြီးနားလမ်းပိုင်းမှာ အနည်းဆုံး ၈ရက်ကနေ ၁၃ရက်လောက်အထိကြန့်ကြာနေတာကြောင့် လက်ရှိကချင်ပြည်နယ်ထဲမှာ မန္တလေးဘက်က ကုန်စည်အဝင်နှေးတာကြောင့် ကုန်ပစ္စည်းအချို့ရှားပါးတာ၊ ကုန်စျေးနှုန်းအဆမတန်မြင့်တက်တာတွေဖြစ်နေတယ်လို့သိရပါတယ်။

အင်းတော်မြို့နယ်ထဲမှာတိုက်ပွဲတွေကြောင့်မန္တလေးမြစ်ကြီးနားကုန်သွယ်ရေးလမ်းမကြီးကို အင်းတော်မြို့နယ်ထဲမှာသြဂုတ်လကတည်းကပိတ်ထားလိုက်တာဖြစ်ပြီး အင်းတော်မြို့နယ်ကိုပတ်တဲ့ဖြတ်လမ်းနဲ့ခက်ခက်ခဲခဲ သွားလာနေကြရကြောင်းကားသမားတွေဆီကနေသိရပါတယ်။

By – Zaw Zaw

The post မြစ်ကြီးနား-မန္တလေးလမ်းခရီး ၄ ရက်နီးပါးကြန့်ကြာတဲ့အတွက် ခရီးသွားများအခက်အခဲဖြစ်နေ appeared first on Kachin News Group (KNG).



Source link

Leave a Reply

Your email address will not be published. Required fields are marked *