ylliX - Online Advertising Network

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – တရုတ်ဗိုက်အောက်က ကလေးမ

(မိုးမခ) နိုဝင်ဘာ ၁၉ ၊ ၂၀၂၄ ဗိုလ်နဂါးရဲ့ သူ့ပို့စ်အောက်မှာ သူ ရေးတဲ့ကွန့်မန့်ထဲက စကားတချို့ဟာ အတော်စိတ်ဝင်စားစရာကောင်းပါတယ်။  “ကျနော်တို့ BNRA ဟာ အားလုံးနဲ့ ပေါင်းစည်းဖို့ နည်းမျိုးစုံကြိုးစားခဲ့ပါတယ်။ လိုကယ်တွေတင်မက ကာကွယ်ရေးဝန်ကြီးနဲ့ပါ ၂၀၂၃ အစောပိုင်းက သွားရောက်တွေ့ဆုံညှိနှိုင်း သဘောတူခဲ့ပါတယ်။သို့ပေမဲ့ ကတိအတိုင်းပူးပေါင်းဆောင်ရွက်မှုအစား အခြားအခြေအနေတွေသာ ကျနော်တို့ ရရှိခဲ့ပါတယ်။ လိုကယ်တွေပဲ စုစည်းနိုင်ခဲ့ပါတယ်” “ကျနော်တို့ အရင်က တကြိမ် မြို့သိမ်းကိစ္စအတွက် မြို့နယ်အဆင့်ထိ အသေးစိတ်တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။ မြို့နယ်မှ ပကဖတာဝန်ခံတွေထဲက ဦးသိန်းအောင်၊ ဒေါက်တာနန်းဝင်းဆီအထိ ကိုယ်တိုင်သွားရောက်တွေ့ဆုံဖူးပါတယ်။ ၂၀၂၃ ကပါပဲ။  အဲဒီမှာလည်း သဘောတူညီမှုတွေ ရခဲ့ပေမယ့် အထက်အဆင့်ဆင့်က ပူးပေါင်းလုပ်ဆောင်ခွင့် မပြုလို့ဆိုကာ မပူးပေါင်းခဲ့ပါဘူး။ အဲဒီတော့ မပူးပေါင်းလို့ အပြစ်တင်မယ်ဆို ဉာဏ်ကိုလည်း နည်းနည်းတော့ထည့်ပေးဖို့ တိုက်တွန်းလိုပါတယ်။ […]

MNDAA ခေါင်းဆောင်ကို အကျယ်ချုပ်ချထားတဲ့ တရုတ်အစိုးရ

(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၂၄⁨⁨⁨⁨⁨⁨ MNDAA ခေါင်းဆောင်ကို အကျယ်ချုပ်ချထားတဲ့ တရုတ်အစိုးရ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ကိုးကန့်နယ်က MNDAA လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ထိပ်ဆုံးခေါင်းဆောင်ဖြစ်သူ ဖုန်တာရွှင်ကို မြန်မာနိုင်ငံထဲက ကိုးကန့်နယ်ထဲ တရုတ်နိုင်ငံ အစိုးရကပြန်လာခွင့် မပေးတဲ့ အဖြစ်အပျက်က နိုဝင်ဘာလလယ်မှာ သတင်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။  အခုလို ထွက်ပေါ်လာတဲ့ သတင်းနဲ့ ပတ်သက်လို့ သတင်းဌာနတွေ တခုနဲ့တခု မတူကွဲပြားတဲ့ဖေါ်ပြချက်တွေ ဖေါ်ပြနေကြတာတွေ့ရပါတယ်။ အချို့သတင်းဌာနက ဖမ်းဆီးထားတယ်လို့ ရေးသားကြသလို အချို့က တော့ ဖမ်းဆီးတာမဟုတ်ကြောင်း ကိုးကန့်နယ်ကို ပေးမပြန်တာဆိုတဲ့ သဘောမျိုးရေးသားတာလည်း တွေ့ရပါတယ်။ တချို့သတင်းဌာနတော့ အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားပြီး လားရှိုးကနေ တပ်ပြန်ဆုတ်ဖို့ ဖိအားပေးတယ်လို့ လည်းရေးသား […]

တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ပိတ်ပွဲကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၁၈ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ပိတ်ပွဲ ကို နိုဝင်ဘာလ ၁၇ ရက် ညပိုင်းတွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ အဝေရာ မီးပုံးပျံကွင်း၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယဉ်ကျေးမှု အကအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ခရီးသွားပွဲလာပရိတ်သတ်များ တက်ရောက်ကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များ၏ ဆီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေး ကြသည်။ ထို့နောက် ပြိုင်ပွဲဝင် စိန်နားပန် မီးပုံးပျံကြီး ၃ လုံး၊ ညမီးကြီး မီးပုံးပျံ ၄ လုံး တို့၏ လွှတ်တင်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ […]

ကေအိုဇေ – ကောက်ရိုးလေးတမျှင်

(မိုးမခ) နိုဝင်ဘာ ၁၈ ၊ ၂၀၂၄ နှင်းတွေ ဖျစ်ဖျစ်မြည်ကျလာရင် ပျော်ရ လျှပ်စစ်မီးညွန့်လေး အိမ်တံခါးလာခေါက်ချိန် ပျော်ရ အသက်ရှူပေါက်လေး ပါးလျလျရှိရင်ပဲ ကျေနပ်ရ မျက်ရည်ဟာ သူစိမ်းတရံတွေအတွက် ကျရတယ် ကိုယ့်ချစ်သူတွေအတွက် ကျရတယ် လူတချို့အတွက်လည်း နာကြည်းချက်နဲ့ ကျရတယ် နှစ် ၂၀ လောက်  နောက်ပြန်ကွေ့သွားတဲ့ မြစ်မှာ တိမ်တွေမော့ကြည့်ပြီး  ပျော်နေရတဲ့ သားလောင်းတွေလို အမျှားခံရတော့မယ့် အသွေးအသားတွေအတွက် ကူးခတ်လို့ ကိုယ့်တန်ဖိုးထားမှုမှန်သမျှကို  မတန်တဆ ညှစ်ထုတ်ခံနေရတာ မိမိတို့ ရသင့်တဲ့ ချစ်မေတ္တာကို  တောင်းပန်ခယ ရှာဖွေနေရတာ မိမိတို့ ဒုက္ခကို  လှလှပပ ပြန်ကန်သွင်းခံရပြီး ချွတ်ချော်မှုတိုင်းကို အောင်ပွဲခံရတာ အကန့်အသတ်/စွက်ဖက်ခံ  ပုဂ္ဂလိကနေထိုင်မှု ပုံစံအသစ်လား ပေးသလောက်ရတဲ့ အဓိပ္ပာယ်မရှိမှုထဲ ကိုယ့်အခွင့်အရေး ဆိုတာကို ထည့်စွက်မှုဟာ […]

သိမ်းပိုက်ထိန်းချုပ်မြို့ ၈၇ မြို့၊ နယ်မြေအလိုက် ထုတ်ထားတဲ့ စစ်မိန့်တွေ

(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၂၄⁨⁨⁨⁨⁨⁨ သိမ်းပိုက်ထိန်းချုပ်မြို့ ၈၇ မြို့၊ နယ်မြေအလိုက် ထုတ်ထားတဲ့ စစ်မိန့်တွေ တော်လှန် ရေးတပ် တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ ၈၇ မြို့ရှိပြီလို့ သတင်းများက ဆိုကြပါတယ်။  People’s Spring က ယနေ့သတင်းမှာ  အာရက္ခတပ်တော်(AA)က ရခိုင်ပြည်နယ်က ကျိန္တလီမြို့ကို သိမ်းပိုက်ထားတယ်လို့ နိုဝင်ဘာ ၁၄ ရက် မနက်အ စောပိုင်းက ထုတ်ပြန်တဲ့ “အာရက္ခ နှင့် ပလက်ဝဒေသစစ်ဆင်ရေး (၁) နှစ်ပြည့် သတင်းထုတ်ပြန်ချက်”မှာ ဖော်ပြထားပါတယ်လို့ ရေးပါတယ်။  လတ်တ လော ကချင်ပြည်နယ်ဘက်မှာ နောက်ဆုံးမြို့ဆိုရင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မြန်မာ-တရုတ်နယ်စပ်က မြို့ငယ် လေးဖြစ်တဲ့ ဖီမော်မြို့ကို နိုဝင်ဘာ ၂ ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် […]

ဝေါမြို့နယ်တွင် အကြမ်းဖက်သမားများကို ရှော့တိုက်ဒုံးများ၊ လက်လုပ်မိုင်းများ၊ လက်လုပ်သေနတ် ကျည်ဆံနှင့်အတူ ဖမ်းဆီးရမိ

  ဝေါ၊ နိုဝင်ဘာ ၁၇ ပဲခူးတိုင်းဒေသကြီး ၊ ဝေါမြို့နယ်တွင် အကြမ်းဖက်လှုပ်ရှားမှုများဆောင်ရွက်မည့် လက်နက်ပစ္စည်းများနှင့်အကြမ်းဖက်သမားများအား ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ်၏ လုပ်ငန်းလမ်းညွန်မှူများဖြင့် ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ( ၁၆ )ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ ဝေါမြို့နယ်နေသူ ဦးဝင်းမြင့် (၅၆)နှစ်၊ (ဘ)ဦးမောင်သိန်း၊ လယ်လုပ်၊ အောင်ဇေယျကျေးရွာ၊ ဆပ်သွားခြုံကျေးရွာအုပ်စုနေသူအား ရဲတပ်ဖွဲ့မှသတင်းအရ လယ်စောင့်တဲသို့သွားရောက်ဖမ်းဆီးစစ်ဆေးခဲ့ရာ  ၎င်း၏လယ်တဲ အနောက်ဘက်ရှိလယ်ကွင်းထဲတွင် မြေမြုပ်ထားသည့် ရှော့တိုက်ဒုံး ၃ လုံး၊ cp ပိုက်ဖြင့်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်ခု၊ ပွိုင့်၂၂ ကျဉ်ဆံထည့်ပစ်၍ရသည့် ဘောလ်ပင်သဏ္ဍန် လက်လုပ်သေနတ်တစ်ချောင်း၊ ပွိုင့်၂၂ ခဲကျည် အတို ၄၇တောင့်တို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။ ၎င်းနှင့်အတူ ပူးပေါင်းဆောင်ရွက်သည့် […]

မိုးမြင့် – ပေါ်တာ

(မိုးမခ) နိုဝင်ဘာ ၁၇ ၊ ၂၀၂၄ “တောင်ဘက် ကားလမ်းမထွက်ကြနဲ့နော်။ ဒီနေ့ ပေါ်တာဆွဲမှာ မထွက်နဲ့ သုံးဘီးဆရာ”  တွေ့တဲ့သူတိုင်း ပြောနေတာ။ မနက်စောပိုင်း ၆ နာရီပဲ ရှိသေးတယ်။ တောရွာ တောဓလေ့ဆိုတော့ လယ်ထဲ ယာထဲ သွားမယ့်သူတွေနဲ့ သီတင်းကျွတ်၊ တန်ဆောင်မုန်း မြေပဲပေါ်တဲ့ရာသီ ဆိုတော့ ပဲဆွတ်သွားမယ့်အဖွဲ့၊ စပါးတွေ ပေါ်ခါနီးပြီဆိုတော့ လယ်ထဲသွားမယ့်သူတွေ မြို့တက်ပြီး ဈေးဝယ်ထွက်မယ့် အဖွဲ့တွေနဲ့ အားလုံးက မိန်းမတွေကြီးပဲဆိုတော့ ပြောကြ ဆိုကြ ပွက်လောရိုက်နေတာပဲ။ ကျနော် လယ်ထဲသွားဖို့ ရွာအလယ် ထွက်လာခဲ့လိုက်တယ်။ သုံးဘီးဆရာရဲ့အသံ ကြားတာနဲ့ လှမ်းမေးလိုက်တယ်။ “ဘာဖြစ်လို့လဲဗျ သုံးဘီးဆရာ။ ဒီနေ့ ပေါ်တာဆွဲမှာတဲ့ ညကတည်းက မြို့ပေါ်က ဖုန်းဆက်တယ်။ ဒါနဲ့ သုံးဘီးဆရာကော သုံးဘီးမထွက်ဘူးလား။ […]

တန်ဆောင်တိုင် ပံ့သကူ ပစ်ခြင်းနဲ့ တာဝန်မဲ့ စိတ်ထားများ၊ မိုးမောက်မြို့နယ်ထဲက ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ၉ ဦး သေဆုံး

(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၂၄⁨⁨⁨⁨⁨⁨ တန်ဆောင်တိုင် ပံ့သကူ ပစ်ခြင်းနဲ့ တာဝန်မဲ့ စိတ်ထားများ၊ မိုးမောက်မြို့နယ်ထဲက ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ၉ ဦး သေဆုံး ရန်ကုန်မြို့ တန်ဆောင်တိုင်ပွဲတော်ရာသီတွေမှာ လုပ်ဆောင်လေ့ရှိတဲ့ အလေ့အထ တခုက ပံ့သကူ ပစ်ခြင်းလို့ ခေါ်တဲ့ ကားလမ်းတလျှောက် ငွေကြေးစွန့်ကြဲတဲ့ အလေ့အထဖြစ်ပါတယ်။ ဒီအလေ့အထက သိပ်မဝေးတဲ့ နှစ်ကာလတွေကျမှ ပေါ်ပေါက်လာတဲ့ အလေ့အထဖြစ်ပြီး ရှေးတုန်းက ပံ့သကူ အဖြစ်စွန့်ကြဲတယ်ဆိုတဲ့ အခေါ်အဝေါ်အပေါ် အခြေခံပေမယ်လို့ လုပ်ကိုင်ပုံနည်းလမ်းတော့ မတူပါဘူး။ ရှေးအစဥ်အလာ ပံ့သကူစွန့်ကြဲခြင်းက ပေးကမ်းသူက ဘယ်သူဘယ်ဝါဆိုတာ မသိရစေဘဲ တနေရာရာမှာ ထားခဲ့တဲ့သဘောမျိုး ဖြစ်ပြီး အခုလို တန်ဆောင်တိုင်ပွဲတော်ရက်မှာ ကားနဲ့ ပစ်ချစွန့်ကြဲတာမျိုး မဟုတ်ပါဘူး။  တန်ဆောင်မုန်းလပြည့် ပွဲတော်ကာလရက်တွေမှာ အခုလို ပံ့သကူ […]

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – တိုင်းပြည်ကို ထိုးအပ်လိုက်တဲ့ ခွေးဝဲစားတအုပ်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – တိုင်းပြည်ကို ထိုးအပ်လိုက်တဲ့ ခွေးဝဲစားတအုပ် (မိုးမခ) နိုဝင်ဘာ ၁၇ ၊ ၂၀၂၄ အယုတ် မသမာ ငနာတွေကြောင့် အချုပ်အခြာအာဏာကတော့ တရုတ်လအာ လက်ရောက်ရမယ့်ကိန်းဆိုက်လာပြီ။ မအလက ကြိုးစင်မတက်ရရေး ကျောပေးရပေးရဆိုပြီး ဘောပြေးပြေး မ တဲ့အကျိုးပေါ့လေ။ တရုတ်လက်နက်ကိုင်တွေ နိုင်ငံတွင်းခေါ်ပြီး နိုင်ငံတော်အာဏာကို အပ်ဖို့ ကြံပြီ။ အမိမြေတလက်မမှအထိမခံ ပြည်ပရန် ကာကွယ်မယ် ဆိုတဲ့တပ်မတော်ကြီးကိုယ်တိုင် နိုင်ငံကိုအပေါင်ဆုံးတဲ့အထိ မိုက်တွင်းနက်ဖို့ ကြံပြီလေ။ မြန်မာစစ်အစိုးရသည် တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီတစ်ခု တည်ထောင်ရန် လုပ်ငန်းကော်မတီတရပ် ဖွဲ့စည်းလိုက်ပတဲ့။ အမှန်တော့ မအေဘေးက နိုင်ငံကို မဲခေါင်စည်းဝေးသွားရင်း ဖဲပေါင်ပြီး ပေးခဲ့တာကို တပ်အသိုင်းဝိုင်းတခုလုံးက ပြုံးပြုံးကြီး ကုန်းခံလိုက်ကြတာမဟုတ်လား။ တကယ်တော့ မဘသတွေရဲ့ အမျိုး ဘာသာ […]

ကိုအောင်မှိုင်း – လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁၅)

ကိုအောင်မှိုင်း – လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁၅) (မိုးမခ) နိုဝင်ဘာ ၁၆ ၊ ၂၀၂၄ “Injustice anywhere is a threat to justice everywhere.” “မတရားမှုဟာ နေရာတိုင်းမှာ တရားမျှတမှုကို ခြိမ်းခြောက်နေတယ်” ဒေါက်တာမာတင်လူသာကင်း ( ၁၉၂၉ -၁၉၆၈ ) ဒီနေ့ Sun Tzu ရဲ့ The Art of War ထဲက ခေါင်းဆောင်မှုဆိုင်ရာ ပြဿနာတွေကို ချဥ်းကပ် သုံးသပ် တင်ပြလိုပါတယ်။ ၉။ ခေါင်းဆောင်မှု Leading ဆိုတာ ဘာလဲ ခေါင်းဆောင်မှုဆိုတာ လူတဦးတယောက် အဖွဲ့တဖွဲ့၊ စစ်တပ်တတပ် ကုမ္ပဏီတခု စသဖြင့် စုဖွဲ့မှုတခု ကို ရည်မှန်းချက်အောင်မြင်စေဖို့ ဦးဆောင်လမ်းညွှန်ခြင်းတို့ […]