ylliX - Online Advertising Network

ရဲဘော်တေး – ခွေးအို အရိုးနင်

(မိုးမခ) အောက်တိုဘာ ၁၇ ၊ ၂၀၂၄ တပ်ထဲ တိုင်ပတ်ချက်။ မအလက တရုတ်က အိမ်မွေးတိရစ္ဆာန်စာရင်း သွင်းပေးမယ် ဆိုတော့ ပျော်နေတာ။  တရုတ်မှာ ခွေးဆိုးကြီးဘဝကနေ အိမ်မွေးခွေးအဖြစ် မှတ်ပုံတင်သွားလုပ်ရမယ် ဆိုတော့ သူဟာ ခွေးလိမ္မာ ဖြစ်ကြောင်း နေရာတကာ မအိပ်မစား လှည့်ပွားရင်း ခေါ်သွားရမယ့် ကောင်နဲ့ ထားခဲ့ရမယ့်ကောင်စာရင်းက ဖျက်လိုက် သွင်းလိုက်နဲ့ မပြီးနိုင် အရီးမြိုင် ဖြစ်နေသတဲ့။ သူ သွားတုန်း အာဏာထပ်သိမ်းသွားနိုင်တဲ့ ကောင်တွေ စာရင်းပြုစုခိုင်းနေလို့ အတော်ရှုပ်နေကြသတဲ့။ သူကလည်း သူ့မိန်းမ ခေါသနီမတောင် မယုံ ဆိုတော့ ပြဿနာလေ။ စာရင်းထွက်လာရင် ခေါ်သွားခံရမလား၊ ဖမ်းချုပ်ခံရမလား မသိနိုင်ဘူးလေ။ ကုလားဖန်ထိုးပေးမယ့် ကောင်ကလည်းအများသား မဟုတ်လား။  သန်းရွှေကြီးတုန်းကတော့ သူ နိုင်ငံခြားသွားရင် ကတော်တွေအကုန် […]

ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးကို ဘယ်တော့ အဖြေရှာနိုင်မလဲ

(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးကို ဘယ်တော့ အဖြေရှာနိုင်မလဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက်ယူနွတ်စ်က ရိုဟင်ဂျာဒုက္ခသည်ပြဿနာကို ဖြေရှင်းဖို့အတွက် ရခိုင်ပြည်နယ်ထဲမှာ ကုလသမဂ္ဂက အာမခံတဲ့ လုံခြုံတဲ့ဇုန်တခု Safe Zone ဖန်တီးဖို့ ခုရက်ပိုင်းမှာ အဆိုပြုပြောဆိုလိုက်ပါတယ်။ ဒီ Safe Zone ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့တဲ့ သူတွေကို အကူအညီပေးဖို့နဲ့ ဖြစ်ပွားနေတဲ့ လူသားချင်းစာနာ ထောက်ထားရေး အကြပ်အတည်းကို ကိုင်တွယ် ဖြေရှင်းဖို့ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းဌာနတခုကို ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူး နဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တို့ ဒက္ကားမြို့မှာ တွေ့ဆုံစဥ် အဲလိုပြောဆိုခဲ့တာလို့လည်း ဆိုပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် […]

တပ်ကုန်းမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) နှင့် UNICEF (ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့) မှ စားနပ်ရိက္ခာများ လှူဒါန်း

တပ်ကုန်း၊ အောက်တိုဘာ ၁၆ ပြည်ထောင်စူနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ရေဘေးသင့်ခဲ့သည့် ပြည်သူများအား အောင်ဇေယျရပ်ကွက်ရှိ မြို့လယ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌  WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) နှင့် UNICEF (ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့) မှ ရိက္ခာများ ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။ WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) မှ ထောက်ပံ့သော လူတစ်ဦးလျှင် ဆန် ၁၅ ကီလိုဂရမ် (၇ ပြည် ၄ ဗူး)၊ အာဟာရဖြည့်ဘီစကစ်  ၁၅  ထုပ်၊  ကိုယ်ဝန်ဆောင် (သို့မဟုတ်) နို့တိုက်မိခင်တစ်ဦးလျှင် ဖြည့်စွက်အာဟာရမှုန့် ၁.၅ ကီလိုဂရမ်ပါ ၂ ထုပ်၊ ၆ လမှ ၅၉ လ အရွယ် ကလေးငယ်တစ်ဦးလျှင် ဖြည့်စွက်အာဟာရမှုန့် (နို့ပါဝင်သော) ၁.၅  ကီလိုဂရမ်ပါ ၂ ထုပ် […]

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – မသာကောင် အာချောင်သမျှ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – မသာကောင် အာချောင်သမျှ (မိုးမခ) အောက်တိုဘာ ၁၆ ၊ ၂၀၂၄ နပုကတော့ ခုခုပြီး မတန်မရာတွေချည်း လှမ်းလှမ်းပြောတာနော်။ ဘာတဲ့ NLD အစိုးရကြောင့်  တိုင်းပြည်ဘဏ္ဍာနဲ့ ပြည်တွင်းရေးလျှို့ဝှက်ချက်များ ပေါက်ကြားဆုံးရှုံးခဲ့ရပြီး ပြည်ပရောက် မြန်မာများက မြှောက်ထိုးပံ့ပိုး၍ နိုင်ငံကို ဖျက်ဆီးနေသတဲ့။ မသိရင် NLD ကပဲ နိုင်ငံတော်သစ္စာ ဖောက်မှု လုပ်ထားသလိုလို၊ ပြောလိုက်ရင် အဲလို ပလုတ်ပလောင်း မဆံ့မပြဲတွေချည်းဘဲ။ တန်ရာတန်ရာလည်း မပြော၊ လူက ဂေါပကအဆင့်။ ပြည်ပရောက် မြန်မာတွေ ရန်ပုံငွေပို့ပြီး နိုင်ငံကို ဖျက်နေတယ်လို့ကလည်း အုပ်သေးတာ၊ ပြီးတော့ ပြည်ပထွက်အလုပ်လုပ်သူတွေ ပို့ငွေဆီက ၂၅ ရာခိုင်နှုန်းကလည်း ဖြတ်ဆွဲချင်သေးတာ။ ဒါဟာ သင်း ပြည်ပက ထောက်ပို့တပ်ကြီးကို […]

NCA ၉ နှစ်မြောက်ကာလနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မယ့် အလားအလာ၊ တရုတ်နိုင်ငံနဲ့ ပိုပြီးနီးကပ်လာတဲ့ စစ်ကောင်စီ

(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂၄⁨⁨⁨⁨⁨⁨ NCA ၉ နှစ်မြောက်ကာလနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မယ့် အလားအလာ၊ တရုတ်နိုင်ငံနဲ့ ပိုပြီးနီးကပ်လာတဲ့ စစ်ကောင်စီ အောက်တိုဘာ ၁၅ ရက်နေ့ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးတဲ့ ၉ နှစ်မြောက်နေ့ ဖြစ်ပြီး စစ်ကောင်စီက နေပြည်တော်မှာ ကျင်းပတဲ့ နှစ်ပတ်လည် အခမ်းအနားမှာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က NCA နဲ့ ဆက်နွယ်ပြီး လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေကို ပြောဆိုခဲ့ပါတယ်။ ဒီလို ပြောဆိုရာမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ လက်မှတ်ရေးထိုးခဲ့တဲ့ NCA စာချုပ်ကို EAO လို့ အတိုကောက်ခေါ်ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အကြိမ်ကြိမ် […]

မိုးသက် ငြိမ်ဦး – လေဟုန်စီး

Art by Aung Htet လေဟုန်စီး မိုးသက် ငြိမ်ဦး (မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂၄ တစပြင်ကြီးကိုမျက်စိရှေ့မှာမြင်နေရ အလောင်းတွေကိုစိတ်အာရုံကဖျောက်မရ ဒါ့ကြောင့် ငါဟာ အမြင့်ကြီးက ခုန်ချလိုက်တယ် ။ အခုချိန်ထိ ပြုတ်ကျမသွားသေး ပြန်တက်မသွားသေး အားလုံးကိုရှင်းနေအောင်မြင်နေရ အပြိုအပျက်အယိုအယွင်းကြီးကို တစ်ကိုယ်စာသာယာမှုတွေကို လိပ်ပြာမလုံလို့ ငါဟာ အမြင့်ကြီးက ခုန်ချလိုက်တယ် ။ မတော်တဆ ငါပြုတ်ကျသွားရင် ငါ့လိပ်ပြာက ပျံဝဲနေမယ် ငါပြန်တက်သွားရင်လဲ ငါ့လိပ်ပြာကသန့်ရှင်းနေမှာပဲ ။ အခုချိန်ထိ ငါဟာလေထဲမှာ အခုချိန်ထိ ငါဟာ ပြုတ်မကျသေး ပြန်မတက်သေး ငါ့ဘဝကလေထဲမှာ ငါ့နိုင်ငံကပြာပုံမှာ ။ ပြာ‌တွေလေထဲလွင့်နေတာ လေထဲပြာတွေလွင့်နေတာ ဘဝတွေဟာ ပြာတွေ ဘဝတွေလေထဲလွင့်နေတာ လုံးဝကြည့်လို့မကောင်းဘူး ။ ။ 4.10.2024 t.me@moemaka […]

အန်ကယ် တူမီး – အမှောင်ထဲက ဒိုင်ယာရီ ( ၁၂၃ )

(မိုးမခ) အောက်တိုဘာ ၁၅ ၊ ၂၀၂၄ 15/10/24 Diary in the darkness  ရာသီဥတုက နေသာတယ်။ လျှပ်စီးမီးက မှန်မှန်မလာပေမယ့် မီတာခက တစ်သိန်းတစ်သောင်းကျော် ကျတယ်။ ရေ မီး အထူး ချွေတာနေရတယ်။ ဈေးဖိုးလည်း ချွေတာနေရတယ်။ စားတာ သွားတာလည်း ချွေတာ။ စကားလည်း ချွေတာပေါ့။ ရေမီတာ၊ လျှပ်စစ်မီတာ ဖတ်သူတွေက သူတို့နဲ့ ညှိဖို့ ပြောပေမယ့် လိပ်ပြာမလုံလို့ ဘာမှ မညှိနိုင်ဘူး။ လူတွေက ကိုယ်ကို ငတုံးလို့ ပြောရင်လည်း ခံရမှာပါပဲ။ မနေ့က သီပေါမြို့ ကို TNLA က အလုံးစုံထိန်းချုပ်လိုက်ပြီ ဆိုတဲ့ သတင်းတွေ တက်နေတယ်။ စစ်ကောင်စီ မိသားစုတွေကို တနေ့ကတည်းက မြို့ထဲက […]

ဒီမိုကရက်တွေ ဆေးချက်မှားတဲ့ အမေရိကန်နိုင်ငံရေးလား

ဒီမိုကရက်တွေ ဆေးချက်မှားတဲ့ အမေရိကန်နိုင်ငံရေးလား နိုင်ငံတကာသာဂိ (မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၄ နယူးယောက်တိုင်းမနက်ခင်းအာဘော်ကို ဖတ်ပြီး သင့်တော်သလို ပြန်ရေးပါတယ်။ ဆောင်းပါးရှင်ရေးထားတာက ဒီမိုကရက်တစ်ပါတီက လူမျိုးစုတွေ ပေါင်းစုမှုကနေ သူတို့အလေးသာလိမ့်မယ် ထင်နေကြပါတယ်။ နိုင်ငံသည် လူမျိုးရေးအရ ပိုမိုကွဲပြားလာသည်နှင့်အမျှ အာရှ၊ လူမည်းနှင့် ဟစ်စပန်နစ် (တောင်အမေရိကန် စပိန်စကားပြော) မဲဆန္ဒရှင်များ၏ ထောက်ခံမှုကြောင့် ဒီမိုကရက်များသည် အများစု၏ အနိုင်ရပါတီဖြစ်လာမည်ဟု စိတ်ကူးခဲ့ကြသည်။ ဤအမြင်မှာ အမေရိက၏ နိုင်ငံရေးသည် ကယ်လီဖိုးနီးယား၏ လစ်ဘရယ်နိုင်ငံရေးနှင့် အတူတူဖြစ်လာမည်ဟု အထင်ကြီးလွန်းခြင်း ဖြစ်ပါသည်။ ဒီနည်းနဲ့ အဆင်မပြေပါဘူး။ ယင်းအစား၊ အသားအရောင်ကွဲပြားသော လူဖြူမဟုတ်သော အမေရိကန်များသည် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း လက်ယာနိုင်ငံရေးသို့ ပိုတိမ်းညွတ်လာ၊ ပြောင်းလာခဲ့သည်။ နောက်ဆုံး New York Times/ Siena College […]

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ စတုတ္ထအကြိမ်မြောက် နာဂပုရ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ဟိုပုံး၊ အောက်တိုဘာ ၁၅ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရ သာသနာလင်္ကာရအသင်းကြီးမှ ကြီးမှူး၍ မြန်မာနိုင်ငံလုံးဆိုင်ရာ စတုတ္ထအကြိမ်မြောက် နာဂပုရ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီးနောက် ဆရာတော်၊ သံဃာတော်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက နာဂပုရသာမဏေကျော်စာမေးပွဲတွင် စာဖြေရန်ကြွရောက်လာကြမည့် ရဟန်း၊ သာမဏေ၊ သီလရှင်တို့၏ နေရာချထားပေးမှုအခြေ အနေများ၊ ဆွမ်း၊ ခဲဖွယ်များချက်ပြုတ် စီစဉ်ဆောင်ရွက်ထားရှိမှု ဝေယျာဝစ္စနှင့် သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လျှပ်စစ်မီး၊ ရေ၊ […]

ယာဂီမုန်တိုင်း ရေဘေးကနေ ပြန်လည်ရုန်းထဖို့ စိန်ခေါ်မှုတွေ

(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ယာဂီမုန်တိုင်း ရေဘေးကနေ ပြန်လည်ရုန်းထဖို့ စိန်ခေါ်မှုတွေ စက်တင်ဘာလဆန်းမှာ တောင်တရုတ်ပင်လယ်ကနေ ဗီယက်နမ် နဲ့ တရုတ်နိုင်ငံတွေကို ကုန်းတွင်း ဝင်ရောက်ခဲ့တဲ့ အင်အားပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့တာ တလကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ တိုင်းဖွန်းမုန်တိုင်း တိုက်ခတ်မှုကို တိုက်ရိုက်ခံရတဲ့ ကမ်းခြေနိုင်ငံတွေမှာလည်း ပျက်စီးဆုံးရှုံးမှု ကြီးမားသလို ကုန်းတွင်းဝင်ရောက်လာရာမှာ မုန်တိုင်းအကြွင်းအကျန် တိမ်ထုတွေ လေပွေလှိုင်းတွေကြောင့် ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုက လာအို၊ ထိုင်းနိုင်ငံမြောက်ပိုင်း နဲ့ မြန်မာနိုင်ငံတွေ မှာ ရေကြီး မြေပြိုမှုတွေ ဖြစ်ပွားပြီး အသက်ဆုံးရှုံးမှုနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ၊ လယ်ယာစိုက်ခင်း ပျက်စီးမှုတွေ အများအပြား ဖြစ်ပွားခဲ့ပါတယ်။ မုန်တိုင်းဒဏ်ကို တိုက်ရိုက်ခံရတဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေမှာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမားသော်လည်း လူ့အသက်ဆုံးရှုံးမှုမှတော့ မုန်တိုင်းရဲ့ […]