ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – မသာကောင် အာချောင်သမျှ
(မိုးမခ) အောက်တိုဘာ ၁၆ ၊ ၂၀၂၄
နပုကတော့ ခုခုပြီး မတန်မရာတွေချည်း လှမ်းလှမ်းပြောတာနော်။ ဘာတဲ့ NLD အစိုးရကြောင့် တိုင်းပြည်ဘဏ္ဍာနဲ့ ပြည်တွင်းရေးလျှို့ဝှက်ချက်များ ပေါက်ကြားဆုံးရှုံးခဲ့ရပြီး ပြည်ပရောက် မြန်မာများက မြှောက်ထိုးပံ့ပိုး၍ နိုင်ငံကို ဖျက်ဆီးနေသတဲ့။ မသိရင် NLD ကပဲ နိုင်ငံတော်သစ္စာ ဖောက်မှု လုပ်ထားသလိုလို၊ ပြောလိုက်ရင် အဲလို ပလုတ်ပလောင်း မဆံ့မပြဲတွေချည်းဘဲ။ တန်ရာတန်ရာလည်း မပြော၊ လူက ဂေါပကအဆင့်။ ပြည်ပရောက် မြန်မာတွေ ရန်ပုံငွေပို့ပြီး နိုင်ငံကို ဖျက်နေတယ်လို့ကလည်း အုပ်သေးတာ၊ ပြီးတော့ ပြည်ပထွက်အလုပ်လုပ်သူတွေ ပို့ငွေဆီက ၂၅ ရာခိုင်နှုန်းကလည်း ဖြတ်ဆွဲချင်သေးတာ။ ဒါဟာ သင်း ပြည်ပက ထောက်ပို့တပ်ကြီးကို အလွန်ကြောက်ရပါတယ်လို့ ပြောတာပါပဲ။ ကြောက်ရမယ်လေ။ အာဏာသိမ်းတဲ့အခါ ပြန်ကြိတ်မယ့်ထဲ ဒီပြည်ပထောက်ပို့တပ်သား သန်းချီကို သူ ယောင်လို့မှ မစဉ်းစားခဲ့တာကိုး။ ခု အလူးအလဲနဲ့ ဒူးကွဲဖျင်ပြဲမှ ဂရူးဂကြောင်နဲ့ ထဟောင်တော့တာ။
ထဘီသူခိုး သရေကြိုးက လက်နက်ကိုင် တောင်းဆိုမှုများကို လိုက်လျောဖြေရှင်းပေးဖို့မရှိဘဲ နိုင်ငံတဝန်း နှိမ်နင်းရေးများ ဆက်လုပ်မယ်လို့လဲ ပုပုကျယ်ကျယ် အူသေးတယ်။ သူက ခုထိ တောင်းဆိုနေတယ် ထင်နေတုန်း။ ဒီက ကန်ချနေကြတာ။ ကျသွားတဲ့ ဗိုလ်ချုပ်တွေတောင် လက်မချိုးနိုင်တော့ဘူး။ လေဘဲ အားကိုးနဲ့ အမြီးမြှောက်လိုက် အီးပေါက်လုပ်ရုံ ဟန်ကိုယ့်ဘို့ပဲ ကျန်တော့တာကိုး။ စစ်ဌာနချုပ်တွေက မကြာခင် ပလုံတော့မှာမို့ ခွေးနာလောက် ကိုက်သလို ထိုင်မရ ထမရ ဖြစ်နေတာ။
NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်များက ကတိကဝတ်ကို ဖောက်ဖျက်ပြီးတဲ့၊ အဲဒီလို မတန်မရာတွေ သုံးတာ။ ကတိကဝတ်နဲ့ သူနဲ့က အီးနဲ့ နံ့သာဆီ ဘာမှမဆိုင်။ ကိုယ်နဲ့မဆိုင်တဲ့ ပြည်သူ့အာဏာကို ဓားပြတိုက်ယူထားပြီး နိုင်ငံကို ဖျက်ဆီး လူထုကို သတ်နေတဲ့ ခွေးဝဲစားက နိုင်ငံတော်တို့၊ ဖက်ဒရယ်တို့၊ ရွေးကောက်ပွဲတို့ ဆိုတာတွေ မချ၊ ခွေးပါးစပ်က နတ်စကားထွက်လို့မရဘူးလေ။ NUG၊ CRPH တို့ကို ထောက်ခံအားပေးပြီး PDF များကို ထောက်ပံ့မှု မျိုးစုံပေးနေလို့တဲ့၊ ဟိုက စစ်ဗိုလ်ချုပ်တွေ လက်နက်နဲ့ လူဝါးဝတာ ပြန်ချဖို့ တပ်ထောင်ထားကြသူတွေချည်းလေ။ အခြေအနေအရ NCAထိုးခဲ့ကြတာ။ သူခိုးဓားပြနဲ့ ကတိကဝတ်ထားစရာမှ မလိုတာ။ အဲဒါကို သူ့ လက်အောက်ခံ သူ ပြောသမျှ နာခံရမယ် ထင်နေတုန်း။ MNDAA ၊ TNLA နဲ့ AA တို့ လုပ်ဆောင်ချက်များကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာတယ်တဲ့။ ဒီတခွန်းပဲ အမှန်ဝန်ခံသေးတာ။ မခံလို့လည်း မရ၊ MNDAAလက်ထဲ တိုင်းစစ်ဌာနချုပ် ကျသွားလို့ တရုတ်ကန်တော့ နင်တန်တော့ လုပ်ခိုင်းထားရတာကိုး။ ခု AA ကိုင်လို့ အမ်းဌာနချုပ်တောင် တည်းတည်းကျန်တော့၊ TNLA ခြေဖဝါးအောက် ပြားပြားထပ်မှောက်မယ့်ဟာကလဲ ရှိတော့ သူ့ကောင်တွေကို ကြိုနှစ်သိမ့်စကားပြောရတာပေါ့လေ။
တိုင်းရင်းသားလက်နက်ကိုင်များက ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းဖြင့် ပြည်ထောင်စု အတူတကွ တည်ဆောက်ရေးထက် တသီးတခြား ရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာကြတယ်တဲ့။ တိုင်းရင်းသားပေါင်းစုံက စစ်ကျွန်ကို သားစဉ်မျိုးဆက် ခံနေရမယ့် သဘော။ တပြည်လုံး သူတို့ ထားရာနေ ခွင့်ပြုတာစား သွားဆိုမှသွား အိပ်ဆိုမှ အိပ်ရမယ့်ပုံ။ စောက်ရူးက ပေါက်တူးစာမိနေတာကို လေက မလျှော့သေး။ မြေမြှုပ်ခံရတဲ့ စစ်သားပေါင်းက မနည်းတော့ဘူး။ မုဆိုးမတွေ တန်းစီနေပြီ။ ဘယ်သွားလို့ ဘာစားရမှန်း မသိတော့တဲ့ တပ်မိသားစုက တောင်လိုပုံ။ အပြတ်အသတ်တွေက မရေနိုင်။ ဘယ်သူမှ တိုက်ချင်စိတ်မရှိတော့လို့ တွေ့သမျှ လူဆွဲဖမ်း စစ်သင်တန်း ဇွတ်ပို့နေရတဲ့ကောင်က ဟောင်သံ မရပ်။ အင်း မရပ်ဆို သူ့မိသားစုအတွက်ကိုး။ သူနဲ့ သူ့မယား သူ့သား သူ့သမီး သူ့မြေးတွေ ဘယ်ပြေးရမလဲမသိ ဖြစ်လာတော့ မီးကုန်ယမ်းကုန် ကြမ်းနေတာလေ။ အေး မီးကုန် ယမ်းကုန် ရိက္ခာကုန် တပ်တွင်း သူပုန်ထချိန် နီးလာမှန်းသိတော့ ခုလို သွေးရူးသွေးတန်းတွေ ထထအူရတော့တာပေါ့။
ဘာတဲ့၊ စစ်တပ်အနေနဲ့ အကြမ်းဖက် သောင်းကျန်းသူများကို နှိမ်နင်းရေးအတွက် လုပ်သင့် လုပ်ထိုက်တာများ ထပ်မံဆောင်ရွက်မယ်တဲ့။ စစ်တပ်အနေနဲ့ဆိုပြီး တပ်မတော်တခုလုံးကို အလွဲသုံးစား ထပ်ဖြုန်းဖို့လုပ်တာ။ လက်ကျန်စစ်သား အပြတ်ရှင်းမယ့်သဘော။ ခေါင်းပစ်လို့ ပြန်ကြိတ်တော့ အကြမ်းဖက်တဲ့၊ သောင်းကျန်းသူတဲ့။ ကျားအိုက သမင်ကို နင် ရက်စက်တယ် လာလုပ်နေတာ။ အေးအေးဆေးဆေး အစားခံ၊ ငါ လိုက်ရတာ မောတယ်ပေါ့လေ။ အဲလိုကလဲ စောက်ရှက်မရှိသေးတာနော်။ သူ့တပ်သူ ဂျင်းကျွေးတာပေါ့လေ။ လုပ်သင့်လုပ်ထိုက်တာ ဆိုတာကတော့ ကလေးသူငယ်တွေ အဘိုး အဘွားတွေ အမျိုးသမီးတွေ စာသင်ကျောင်းတွေ ဈေးတွေ ဆေးရုံတွေ ရပ်ကွက်ထဲ ရွာထဲတွေအပေါ် ဗုံးကြဲမယ် လက်နက်ကြီးနဲ့ ထုမယ်လို့ ပြောတာပါပဲ။ သူလုပ်တာနဲ့ လေဘဲမိသားစုတွေလဲ တဖြည်းဖြည်း စစ်ရာဇဝတ်သားတွေ ဖြစ်လာပြီပေါ့။ ခွေးသူခိုးရဲ့ သေဖော်ညှိတာ ခံရပြီပေါ့။ ကိုယ့်နဲ့ ကိုယ့်မိသားစုရှေ့ရေး ကိုယ်တွေးကြပေါ့။ ဒီစောက်ပု ပွားတဲ့နိုင်ငံတော်တို့ ပြည်ထောင်စုတို့ ဆိုတဲ့ အူကြောင်ကြားဂျင်းတွေ ဆက်ငုံနေလို့ကတော့ တတိုင်းပြည်လုံးရဲ့ ထာဝရရန်သူ လူသတ်မိသားစုတွေအဖြစ် သားစဉ်မြေးဆက် နေရစ်ရမှာပဲ။ ဒါက တိုင်းပြည်ကာကွယ်ရေးမဟုတ်ဘူး၊ ပြည်သူ သတ်ဖြတ်မှုသက်သက်။ မဆင်ခြင်တတ်ရင် မအလကို ယုံစားရင် အခြေအနေတခုမှာ မျိုးလည်း ပြုတ်သွားနိုင်တာဘဲလေ။ မပြုတ်မချင်း အုပ်ကြမှာ မဟုတ်လား။
မေဘေးက “ပြီးခဲ့တဲ့ ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီအစိုးရ အုပ်ချုပ်တဲ့ ကာလများမှာ ပြည်သူလူထုအများစုဟာ ဒီမိုကရေစီအနှစ်သာရအပြင် ဒီမိုကရေစီယဉ်ကျေးမှုများနဲ့ အလှမ်းဝေးနေဆဲ ဖြစ်ခဲ့တာ တွေ့ရှိရပါတယ်” တဲ့။ သူနဲ့ကျမှ ဒီမိုကရေစီအနှစ်သာရကို ခံစားနေရသလိုလို။ ဗုံးနဲ့ကြဲတာဒီမိုကရေစီအနှစ်သာရ၊ လက်နက်ကြီးနဲ့ ထုတာ ဒီမိုကရေစီအနှစ်သာရ၊ ဆေးမကုရတာ ဒီမိုကရေစီယဥ်ကျေးမှု၊ ခေါင်းပစ်ခံရတာ ဒီမိုကရေစီယဉ်ကျေးမှု၊ မီးတိုက်ခံရတာ ဒီမိုကရေစီယဉ်ကျေးမှု၊ နေ့တိုင် းထင်သလို အသတ်ခံနေရတာ ဒီမိုကရေစီအနှစ်သာရ၊ စစ်သား ပြန်ပေးအလုပ်ခံရတာ ဒီမိုကရေစီယဉ်ကျေးမှုပေါ့လေ။ တရုတ်အားကိုး သရေကြိုးလေးက NLD ကြောင့်ပဲ ဘဏ္ဍာတွေ ဆုံးရှုံးရသလိုလို၊ လျှို့ဝှက်ကလည်း ပေါက်သေးသတဲ့၊ ဘာလျှို့ဝှက်လည်း မသိ။ NLDဟာ ဒီမိုကရေစီကျင့်စဉ်ကို လွဲမှားစွာ ကျင့်သုံးခဲ့ကြတယ်တဲ့။ သူက တော်တော်တည့်နေတာ ဆိုတော့။ တတပ်လုံးကလည်း ရူးနေပြီလို့ပဲ သတ်မှတ်ကြရော့မယ်။
ပြည်ပရောက် ထောက်ပို့တွေကိုတော့ ကိုယ့်နိုင်ငံကို သစ္စာမဲ့တယ်၊ အသိဉာဏ်အားနည်းတယ် ဆိုပြီး စိတ်နာနာနဲ့ ထောက်ပို့ဘွဲ့ထူးတွေ ပေးအပ်သွားသေးတယ်။
ကိုယ့်ဘာသာ စောက်ရူးထပြီး အာဏာသိမ်းတာကို မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ် ဆိုပြီး လုပ်သွားသေးတယ်။ အသိမ်းခံရတဲ့ ပါတီနဲ့ အပစ်သတ်ခံရတဲ့ ပြည်သူကျတော့ အကြမ်းဖက်တဲ့။ သူ့ကြောင့် မဟုတ်ဘဲ ခေါင်းငုံ့ အသတ်မခံတဲ့သူတွေကြောင့် မလိုလားအပ်တဲ့ လက်နက်ကိုင်လမ်းစဉ်များနဲ့ နိုင်ငံတဝန်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရသတဲ့။ အဲလိုဖြစ်တော့ အပြစ်မဲ့ပြည်သူများ၊ ကလေးသူငယ်များနဲ့ ရဟန်းသံဃာများပါမကျန် သေဆုံးခဲ့ကြခြင်းမှာ တိုင်းပြည်ရဲ့ နစ်နာမှုများတဲ့။ သူ လိုက်သတ်လို့ မဟုတ်ဘူးပေါ့လေ။ မင်းတို့ ငြိမ်မခံလို့ ငါ ဗုံးကြဲလိုက်ရတယ်။ ငါ့မှာ ခိုင်းစရာ လူလျော့သွားတယ်။ ဒါဟာ တိုင်းပြည်နစ်နာမှုဘဲ။ မင်းတို့တွေ နောက်ဘဝ လူပြန်ဖြစ်ရင် ကြွေးဆပ်လှည့်ကြဦးဆိုတဲ့ အထာ။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar