ylliX - Online Advertising Network

အကြမ်းဖက်တွေကို လက်မခံတောတဲ့ တောင်တွင်းကြီးသားများ

မကွေးတိုင်း သရက်ခရိုင်အကြမ်းဖက် PDF တပ်ရင်း(၁)ရှိ pdf များမှ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများထံမှ အစားအစာနှင့် ဆေးဝါးများကို အတင်းအဓမ္မ တောင်းခံနေတာကို မခံမရပ်နိုင်ဖြစ်နေတဲ့ တောင်တွင်းကြီးမြို့နယ် လက်ပံကွေ့ကျေးရွာမှ တာဝန်သိရွာသားများ၏ သတင်းပေးပို့ချက်အရ သရက် PDF အဖွဲ့မှ အရာခံ‌ဗိုလ်အဆင့်ရှိ မြတ်သူ ဦးစီးအင်အား (၆) ဦးခန့်ဟာ တောင်တွင်းကြီးမြို့နယ် ဂွေးပင်ရိုးကျေးရွာအနီး ရောက်ရှိနေကြောင်း သတင်းအတိအကျရရှိခဲ့ပါတယ်….. သတင်းရရှိသည်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကအကြမ်းဖက်သမားများ ခိုအောင်း‌ရောက်ရှိ နေသော ဂွေးပင်ရိုးကျေးရွာအနီး သွားရောက်ရှင်းလင်းစဉ် ပြောင်းခင်းများအတွင်း ပုန်းအောင်းနေသော အကြမ်းဖက်သမားများက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့များက ပြန်လည်ပစ်ခတ်ခဲ့ရာ……. သရက် PDF တပ်ရင်း (၁) မှ အရာခံဗိုလ်အဆင့်ရှိသူ မြတ်သူအပါအဝင် အကြမ်းဖက်သမား (၆) ဦးအား လက်ပစ်ဗုံး ၂ လုံး၊ […]

ဖယ်ခုံ စစ်ရှောင်စခန်းကို ဒုတိယအကြိမ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် – သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင် စခန်းကို စစ်ကောင်စီမှ ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံ စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) နံနက် ၁၁ နာရီ အချိန်တွင် စစ်ကောင်စီမှ ဘန်ကောက်စစ်ရှောင် စခန်းကို လေကြောင်းဖြင့် (၆ ) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စစ်ရှောင် ကူညီနေသူ တစ်ဦးထံမှ သိရသည်။ “ လအိရွာနားဘက်က ဘန်ကောက်စစ်ရှောင်စခန်းကို ကြဲသွားတာ။ လေယာဉ်နဲ့ ၆ ကြိမ်လာပစ်တယ်။ အရင်က ဗုံးကြဲခဲ့တဲ့ စစ်ရှောင်စခ န်းပဲ။ သူတို့က စစ်ရှောင်တွေကို အဓိက တိုက်ခိုက်နေတာ။ သတိနဲ့ နေကြရင်တော့ အကောင်းဆုံးပေါ့။” ဟု စစ်ရှောင်ကူညီနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ လေကြောင်း […]

ကိုးကန့်ခေါင်းဆောင်ဖုန်တာရွှင်ကို တရုတ်အစိုးရက အကျယ်ချုပ်ဖမ်းထားလိုက်ပြီ  – Myanmar Now

တရုတ်အစိုးရ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံရန် တရုတ်နိုင်ငံသို့ ခရီးထွက်ခဲ့သည့် ကိုးကန့်တိုင်းရင်းသား မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) ၏ ခေါင်းဆောင်ဖြစ်သူ ဖုန်တာရွှင်ကို တရုတ်အာဏာပိုင်များက အကျယ်ချုပ်ချထားသည်ဟု Myanmar Now က စုံစမ်းသိရှိရသည်။  အသက် ၅၉ နှစ်ခန့်ရှိသူ ဖုန်တာရွှင်သည် MNDAA တည်ထောင်သူ ဖုန်ကြားရှင်၏ သားဖြစ်ပြီး၊ ၎င်းနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့ လွန်ခဲ့သည့်လကုန်ပိုင်းက ယူနန်ပြည်နယ်တွင် တွေ့ဆုံမှုပြုလုပ်ခဲ့သည်။  ထိုတွေ့ဆုံပွဲပြီးဆုံးချိန်မှစ၍ ၎င်းအားတရုတ်အာဏာပိုင်များက မြန်မာနိုင်ငံဖက်သို့ ပြန်ခွင့်မပေးတော့ပဲ အကျယ်ချုပ်ဖမ်းဆီးထားကြောင်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံယူနန် ပြည်နယ်ရှိ သတင်းရင်းမြစ်များကဆိုသည်။  ကနဦးသတင်းများအရ ဆွေးနွေးပွဲအပြီး၎င်းမြန်မာနိုင်ငံသို့ ပြန်မလာနိုင်ခြင်းမှာ ယူနန်ပြည်နယ်ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေရသည်ဟုဆိုခဲ့သော်လည်း ယခုအခါ ၎င်းအား တရုတ်အစိုးရက အကျယ်ချုပ်ချထားသည်။ သို့ရာတွင် ဖုန်တာရွှင်သည် ၎င်း၏ MNDAA တပ်ခေါင်းဆောင်များနှင့်မူ […]

လပြည့်ည လမ်းပေါ်ထွက်သူတချို့ စစ်သားသစ်အဖြစ် စုဆောင်းခံရဟုဆို – Myanmar Now

နိုဝင်ဘာ ၁၅၊  တန်ဆောင်မုန်းလပြည့်နေ့ညပိုင်းက လမ်းပေါ်ထွက်မိသည့်  နေပြည်တော်ဒေသခံ လူငယ်အချို့ နောက်ပိုင်းတွင် ဖမ်းဆီးခံရပြီး  စစ်သားသစ်အဖြစ် စုဆောင်းခံနေရသည်ဟု ထိုလူငယ်တို့၏မိသားစုများနှင့် နီးစပ်သူတို့က ပြောသည်။ တန်ဆောင်မုန်း လပြည့်ညက  ပံ့သကူပစ်ထားသည်များကို ကောက်ယူရန်၊ သူခိုးကြီးညအဖြစ် နောက်ပြောင် ပြုမူရန် အပြင်ထွက်ကြရာမှ အဖမ်းခံရခြင်း ဖြစ်သည်ဟု သိရသည်။ နေပြည်တော် ပျဉ်းမနားမြို့နယ်၊  အာဟာရသုခဈေးအနီး သူဌေးကုန်းရွာနေ လူငယ် ၅ ဦးမှာ နေအိမ်တစ်အိမ်မှ ကြက်နှင့် အစားသောက်အချို့ကို ယူဆောင်သွားပုံကို အိမ်ရှင်က လုံခြုံရေးကင်မရာမှတစ်ဆင့် တွေ့ရှိတိုင်ကြားရာမှ အဖမ်းခံရသည်ဟု  ဖမ်းဆီးခံမိသားစုဝင်များနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ “နောက်မလုပ်အောင် သတိပေးဆုံးမပေးပါဆိုပြီး အုပ်ချုပ်ရေးမှူးကို သွားတိုင်တာ၊ နောက်နေ့ကျတော့ စစ်ကားတွေနဲ့လာဖမ်းပြီး တပ်ထဲပို့လိုက်တယ်” ဟု သူက ပြောသည်။ အသက် ၂၀မှ […]

တစ်ဖက်ရပ်ကွက်ကနေ သူခိုးကြီးည လာရာက်ဆင်နွှဲနေတဲ့ လူငယ်တွေကို ဟန့်တားမိရာက ရပ်ကွက်သား လူငယ်နှစ်ဦး ရန်ငြိုးဖွဲ့ ဓားထိုးခံရ

တစ်ဖက်ရပ်ကွက်ကနေ သူခိုးကြီးည လာရာက်ဆင်နွှဲနေတဲ့ လူငယ်တွေကို ဟန့်တားမိရာက ရပ်ကွက်သား လူငယ်နှစ်ဦး ရန်ငြိုးဖွဲ့ ဓားထိုးခံရ – Myanmar Transparency News Source link

မတ္တရာတွင် တိုက်ပွဲ ၂ ရက်ဆက်ဖြစ်၊ ကြည်းရေလေတပ်များ ပါဝင် – Myanmar Now

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းတစ်လျှောက်ကျေးရွာများတွင်  တိုက်ပွဲများ ၂ ရက်ကြာ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး  စစ်ကောင်စီတပ်က ကြည်းရေလေတပ်များ သုံးပြီးတိုက်ခိုက်နေသည်ဟု ဒေသခံများက ယနေ့ (နိုဝင်ဘာ ၁၈) တွင် ပြောသည်။  ယမန်နေ့ နံနက် ၃ နာရီခန့်တွင်   မြစ်ကမ်းဘေးကျေးရွာများဖြစ်သော သဖန်းဒေါင့်၊ ငယ်တိုး၊ ဆောက်ခြုံပေါက်၊ အောက်တောင်ကိုင်း အပါအဝင် မြစ်ရိုးတလျှောက် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။  ထိုနေရာများသည် မန္တလေးမြို့မြောက်ဘက် ၅ မိုင်ခန့်သာ ကွာဝေးသည်။ မွန်းတည့်ချိန်တွင် မန္တလေးမြို့ဆိပ်ကမ်းမှ စစ်သင်္ဘောနှစ်စီး ဧရာဝတီမြစ်အတိုင်း  ဆန်တက်သွားပြီး မတ္တရာ မရောက်မီ စစ်ကိုင်းဘက်အခြမ်း မင်းကွန်းမြို့အနီး ဆိုက်ကပ်ကာ မြစ်တစ်ဖက်ကမ်း မတ္တရာဘက်ကျေးရွာများကို ပစ်ခတ်ခဲ့သည်။ အနီးဆုံးဖြစ်သော သဖန်းဒေါင့်ရွာသည် မင်းကွန်းနှင့် ၅ မိုင်ကျော် ကွာဝေးသည်။ ညနေ  […]

ကွတ်ခိုင်နှင့် မိုင်းငေါ့မြို့များ ဗုံးကြဲခံရ၊ အရပ်သား ၃ ဦး သေဆုံး – Myanmar Now

တအာင်းတပ် (TNLA)  ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် မိုင်းငေါ့မြို့တို့ကို ယမန်နေ့ (နိုဝင်ဘာ ၁၇) တွင် လေတပ်က ဗုံးကြဲရာ ကလေးတစ်ဦး၊ အမျိုးသမီး ၂ ဦး သေဆုံးကာ ၁၈ ဦးခန့် ဒဏ်ရာရ ရှိသွားကြောင်း ဒေသခံများနှင့် TNLA ထံမှ သိရသည်။ ယမန်နေ့ ည ၁၁း၄၇ အချိန်တွင်  ကွတ်ခိုင်မြို့ပေါ်  ရပ်ကွက်(၄)ကို ဗုံးကြဲခြင်း ဖြစ်သည်ဟု TNLA က ဆိုသည်။  ထိုရပ်ကွက်ရှိ တရုတ်နှစ်ခြင်းခရစ်ယာန်ကျောင်းအနီး ဗုံး ကျရောက်ပေါက်ကွဲမှုအရှိန်ကြောင့် နေအိမ်များ၊ ဆိုင်ခန်းတံခါးများ ပျက်စီးခဲ့သည်ဟု ဒေသခံများကလည်း ပြောကြသည်။ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၆ ဦးလည်း ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၈ လုံးခန့် […]

တွင်းငယ်တိုက်ပွဲတွင် TNLA အလောင်း/လက်နက်များ သိမ်းဆည်းရရှိ – PCT NEWS HOMEPAGE

နိုဝင်ဘာ ၁၆ ရက် မန္တလေးတိုင်းဒေသကြီး တွင်းငယ်မြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်တစ်ဝိုက်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် TNLA/PLA နှင့် အကြမ်းဖက်အင်အား ၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဖြစ်စဉ်အတွင်း အကြမ်းဖက်သမားများထံမှ- TNLA/ PLA ကျား ၂ လောင်းအမ်အေ(၁) ၁ လက်Type-81 ၁ လက်ကျည်အိမ် ၄ ခုကျည် ၄၅ တောင့်လက်လုပ်မိုင်း ၂ လုံးကျည်ကာဦးထုပ် ၂ လုံးပြောက်ကျားယူနီဖောင်း ၂ စုံ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။ Source link

တရုတ်စီးပွားရေး အားပျော့နေချိန် ထရမ့်ရဲ့ ခြိမ်းခြောက်မှုကြောင့် ဖိအားတိုးလာ – BUR.MIZZIMA.COM

The Standard အောက်တိုဘာလအတွင်း တရုတ်၏ စက်မှုကုန်ထုတ်လုပ်မှု ကျဆင်းခဲ့ပြီး အကျပ်အတည်းဆိုက်နေသော အိမ်၊ ခြံ၊ မြေကဏ္ဍတွင် ဝယ်ယူမှုမြင့်တက်လာသော်လည်း အလှည့်အပြောင်းအဖြစ် သတ်မှတ်ရန် စောလွန်းသေးသောကြောင့် တရုတ်အစိုးရအနေဖြင့် စီးပွားရေး ပြန်လည်နာလန်ထူရေး အစီအမံများချမှတ်ရန် ဖိအားများ ဆက်လက်ကြုံတွေ့နေရသည်။ တရုတ်ထုတ်ကုန်များကို အခွန်တိုးမြှင့်ကောက်ခံမည်ဟု ကတိပြုထားပြီး တရုတ်ဆန့်ကျင်ရေးသမားကို အစိုးရအဖွဲ့ဝင်အဖြစ် ခန့်အပ်ရန် အမည်စာရင်းတင်သွင်းထားသည့် ဒေါ်နယ်ထရမ့်သည် အိမ်ဖြူတော်သို့ ပြန်လာရန် ပြင်ဆင်နေသောကြောင့် တရုတ်မူဝါဒချမှတ်သူများမှာ ဖိအားသစ်များနှင့် ကြုံတွေ့နေရသည်။ တရုတ်နိုင်ငံတော်စာရင်းအင်းဗျူရို(NBS)၏ နိုဝင်ဘာ ၁၅ ရက် ထုတ်ပြန်ချက်များအရ အောက်တိုဘာလအတွင်း စက်မှုကုန်ထုတ်လုပ်မှုသည် ယမန်နှစ်ကထက် ၅ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သော်လည်း စက်တင်ဘာတွင် ထုတ်လုပ်နိုင်ခဲ့သည့် ၅ ဒသမ ၄ ရာခိုင်နှုန်းအောက် လျော့ကျသွားခဲ့ကာ ၅ […]

အောက်တိုဘာလအတွင်း ရန်သူထံမှ အကျိုးအမြတ်ရရှိမှုစာရင်း – PCT NEWS HOMEPAGE

ယခုဖော်ပြထားသည့် အကျိုးအမြတ်ရရှိမှုစာရင်းတွင် အထောက်အထားမဖော်ပြနိုင်သည့် အကြမ်းဖက်သမားများ၏ သေဆုံးမှုအရေအတွက်အား ထည့်သွင်းဖော်ပြထားခြင်းမရှိပါ။ အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးမှုများပြားခဲ့သော နယ်မြေများမှ ဖြစ်စဉ်အချို့ကို ထုတ်နုတ်ဖော်ပြအပ်ပါတယ်- မောင်တောမြို့နယ် 1-10-2024 ရက်နေ့မှ 31-10.2024 ရက်နေ့ထိ မောင်တောမြို့နယ် နခခ-၅ တိုက်ပွဲ၊ ရွက်ညိုတောင်ဘုန်းကြီးကျောင်း၊ ဖားဝက်ချောင်းကျေးရွာ၊ မီးလောင်ရွာ၊ ရာတန်ရွာ၊ ညိုရောင်ရွာ၊ စပါးထားရွာ၊ ခမောင်းတောရွာ၊ ကန်ချောင်းရွာ၊ ဇူဠရွာ၊ ခရိုင်တရားရုံး၊ ၃ မိုင်တံတားတို့တွင် တပ်မတော်မှ လေကြောင်းမှ ဗုံးကြဲခြင်း၊ ဒရုန်းတပ်ဖွဲ့မှ ချေမှုန်းခြင်း၊ အမြောက်တပ်ဖွဲ့များ၏ ပစ်ခတ်ချေမှုန်းမှုကြောင့် အကြမ်းဖက် AA အဖွဲ့ဝင်များ ၆၂၀ ကျော် သေဆုံးခဲ့ပြီး ၂၅၀ ကျော် ထိခိုက်ဒဏ်ရာရ အမ်းမြို့နယ် 1-10-2024 ရက်နေ့မှ 31-10.2024 ရက်နေ့ထိ အမ်းမြို့နယ် ကြောင်ဖြူကွင်းတိုက်ပွဲ၊ ပဲပဒုံစစ်ဆေးရေးဂိတ်၊ […]