နိုဝင်ဘာ ၁၆ ရက် မန္တလေးတိုင်းဒေသကြီး တွင်းငယ်မြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်တစ်ဝိုက်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် TNLA/PLA နှင့် အကြမ်းဖက်အင်အား ၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဖြစ်စဉ်အတွင်း အကြမ်းဖက်သမားများထံမှ-
TNLA/ PLA ကျား ၂ လောင်း
အမ်အေ(၁) ၁ လက်
Type-81 ၁ လက်
ကျည်အိမ် ၄ ခု
ကျည် ၄၅ တောင့်
လက်လုပ်မိုင်း ၂ လုံး
ကျည်ကာဦးထုပ် ၂ လုံး
ပြောက်ကျားယူနီဖောင်း ၂ စုံ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။