ယခုဖော်ပြထားသည့် အကျိုးအမြတ်ရရှိမှုစာရင်းတွင် အထောက်အထားမဖော်ပြနိုင်သည့် အကြမ်းဖက်သမားများ၏ သေဆုံးမှုအရေအတွက်အား ထည့်သွင်းဖော်ပြထားခြင်းမရှိပါ။
အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးမှုများပြားခဲ့သော နယ်မြေများမှ ဖြစ်စဉ်အချို့ကို ထုတ်နုတ်ဖော်ပြအပ်ပါတယ်-
မောင်တောမြို့နယ်
1-10-2024 ရက်နေ့မှ 31-10.2024 ရက်နေ့ထိ မောင်တောမြို့နယ် နခခ-၅ တိုက်ပွဲ၊ ရွက်ညိုတောင်ဘုန်းကြီးကျောင်း၊ ဖားဝက်ချောင်းကျေးရွာ၊ မီးလောင်ရွာ၊ ရာတန်ရွာ၊ ညိုရောင်ရွာ၊ စပါးထားရွာ၊ ခမောင်းတောရွာ၊ ကန်ချောင်းရွာ၊ ဇူဠရွာ၊ ခရိုင်တရားရုံး၊ ၃ မိုင်တံတားတို့တွင် တပ်မတော်မှ လေကြောင်းမှ ဗုံးကြဲခြင်း၊ ဒရုန်းတပ်ဖွဲ့မှ ချေမှုန်းခြင်း၊ အမြောက်တပ်ဖွဲ့များ၏ ပစ်ခတ်ချေမှုန်းမှုကြောင့် အကြမ်းဖက် AA အဖွဲ့ဝင်များ ၆၂၀ ကျော် သေဆုံးခဲ့ပြီး ၂၅၀ ကျော် ထိခိုက်ဒဏ်ရာရ
အမ်းမြို့နယ်
1-10-2024 ရက်နေ့မှ 31-10.2024 ရက်နေ့ထိ အမ်းမြို့နယ် ကြောင်ဖြူကွင်းတိုက်ပွဲ၊ ပဲပဒုံစစ်ဆေးရေးဂိတ်၊ စရတ(နပခ)၊ ပူလောင်တောင်၊ တာဝါတိုင်ကုန်း၊ တဆရ(၂/၃၀၀)၊ ကံ့ကော်တစ်ထောင်တိုက်ပွဲ၊ သစ်တစ်ပင်ကုန်းတိုက်ပွဲ၊ ဆင်ဒိုးရွာတိုက်ပွဲတို့တွင် တပ်မတော်မှ လေကြောင်းမှ ဗုံးကြဲခြင်း၊ ဒရုန်းတပ်ဖွဲ့မှ ချေမှုန်းခြင်း၊ အမြောက်တပ်ဖွဲ့များ၏ ပစ်ခတ်ချေမှုန်းမှုကြောင့် အကြမ်းဖက် AA အဖွဲ့ဝင်များ ၅၉၁ ကျော် သေဆုံးခဲ့ပြီး ၃၂၀ ကျော် ထိခိုက်ဒဏ်ရာရ
သံတွဲမြို့နယ်
1-10-2024 ရက်နေ့မှ 31-10.2024 ရက်နေ့ထိ သံတွဲမြို့နယ် ကြံ့ခိုင်ရေးရုံးနှင့် တပ်သားသစ်စုဆောင်းရေးရုံးအပါအဝင် အကြမ်းဖက် AA အဖွဲ့များ စုဖွဲ့နေသည့် နေရာများအား တပ်မတော်မှ လေကြောင်းမှ ဗုံးကြဲခြင်း၊ ဒရုန်းတပ်ဖွဲ့မှ ချေမှုန်းခြင်း၊ အမြောက်တပ်ဖွဲ့များ၏ ပစ်ခတ်ချေမှုန်းမှုကြောင့် အကြမ်းဖက် AA အဖွဲ့ဝင်များ ၆၀ ကျော် သေဆုံးခဲ့ပြီး ၂၈ ကျော် ထိခိုက်ဒဏ်ရာရ
တောင်ကုတ်မြို့နယ်
အောက်တိုဘာလအတွင်း တောင်ကုတ်မြို့နယ် ကိုင်းရှည်ရွာ၊ ဖုန်ညိုကျေးရွာ၊ ပန်းမြောက်တောင်အနီးတိုက်ပွဲ၊တောင်ကုတ်တက္ကသိုလ်တိုက်ပွဲ၊ ခေါင်းလောင်းတူတိုက်ပွဲ၊ သိမ်တောင်တိုက်ပွဲ ၊ဒုံကျေးရွာတို့တွင် တပ်မတော်မှ လေကြောင်းမှ ဗုံးကြဲခြင်း၊ ဒရုန်းတပ်ဖွဲ့မှ ချေမှုန်းခြင်း၊ အမြောက်တပ်ဖွဲ့များ၏ ပစ်ခတ်ချေမှုန်းမှုကြောင့် အကြမ်းဖက် AA အဖွဲ့ဝင်များ ၇၀ ကျော် သေဆုံးခဲ့ပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ ဂွမြို့/ကျိန္တလီမြို့နယ်များတွင်် ဖြစ်ပွားခဲ့သောတိုက်ပွဲများ၌ AA အကြမ်းဖက် အဖွဲ့ဝင် ၂၀ ကျော်ထိခိုက်သေဆုံးခဲ့ကြောင်းသိရှိရပါသည်။
ကချင်ပြည်နယ်
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဖြစ်ပွားခဲ့သောတိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်သေဆုံးသူ ၁၉၁ဦးရှိခဲ့ကြောင်း မှတ်တမ်းအထောက်အထားများဖြင့် ဖော်ပြထားရှိခဲ့ပြီးဖြစ်ပါသည်။
အောက်တိုဘာ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ထပ်မံရရှိသောစာရင်းအရ လက်နက်ကြီး/အမြောက်ပစ်ကူ၊ဒရုန်းအပါအဝင်လေကြောင်းတိုက်ခိုက်မှုများအတွင်း မိုးမောက်မြို့နယ်တွင် KIA/PDF သေဆုံးသူ ၉၈ဦးခန့်အထိရှိခဲ့ပြီး၊ဝိုင်းမော်မြို့နယ်အတွင်း ၁၃ ဦးခန့်ရှိခဲ့သည့်အတွက် စုစုပေါင်းအနေဖြင့် အောက်တိုဘာလအတွင်း KIA/PDF အကြမ်းဖက်သမားများ ၃၀၀ ကျော် သေဆုံးခဲ့ပါသည်။
တိုက်ပွဲသတင်းစုံ Channel ဖော်ပြသည့် အကျိုးအမြတ်ရရှိမှုသတင်းများသည် အကြမ်းဖက်များထံမှမြေပြင်တွင်သိမ်းဆည်းရမိသော အလောင်းလက်နက်ရရှိမှုများ၊ ဝေဟင်ကင်းထောက်အဖွဲ့မှ ရရှိသည့် မှတ်တမ်းများ၊ ဖမ်းဆီးရမိသည့် အကြမ်းဖက် အဖွဲ့ဝင်များ၏ ထွက်ဆိုချက်များ နှင့်ရန်သူ့ဆက်သွယ်ရေးစက်များမှ ကြားဖြတ်ဖမ်းယူ ရရှိသော သတင်းပါ အရေအတွက်များကိုသာဖော်ပြထားခြင်းဖြစ်သဖြင့် အမှန်တကယ်ထိခိုက် သေဆုံးသည့်အရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။