(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၄ ယာဂီမုန်တိုင်း ရေဘေးကနေ ပြန်လည်ရုန်းထဖို့ စိန်ခေါ်မှုတွေ စက်တင်ဘာလဆန်းမှာ တောင်တရုတ်ပင်လယ်ကနေ ဗီယက်နမ် နဲ့ တရုတ်နိုင်ငံတွေကို ကုန်းတွင်း ဝင်ရောက်ခဲ့တဲ့ အင်အားပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့တာ တလကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ တိုင်းဖွန်းမုန်တိုင်း တိုက်ခတ်မှုကို တိုက်ရိုက်ခံရတဲ့ ကမ်းခြေနိုင်ငံတွေမှာလည်း ပျက်စီးဆုံးရှုံးမှု ကြီးမားသလို ကုန်းတွင်းဝင်ရောက်လာရာမှာ မုန်တိုင်းအကြွင်းအကျန် တိမ်ထုတွေ လေပွေလှိုင်းတွေကြောင့် ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုက လာအို၊ ထိုင်းနိုင်ငံမြောက်ပိုင်း နဲ့ မြန်မာနိုင်ငံတွေ မှာ ရေကြီး မြေပြိုမှုတွေ ဖြစ်ပွားပြီး အသက်ဆုံးရှုံးမှုနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ၊ လယ်ယာစိုက်ခင်း ပျက်စီးမှုတွေ အများအပြား ဖြစ်ပွားခဲ့ပါတယ်။ မုန်တိုင်းဒဏ်ကို တိုက်ရိုက်ခံရတဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေမှာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမားသော်လည်း လူ့အသက်ဆုံးရှုံးမှုမှတော့ မုန်တိုင်းရဲ့ […]
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၂၄ လက်လွှတ်လိုက်ရတဲ့ မြို့အချို့ ပြန်လည်သိမ်းယူဖို့ စစ်ကောင်စီ ပြင်ဆင်နေ ၁၀၂၇ စစ်ဆင်ရေး နှစ်ကျော့အတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မြို့တွေထဲက အချို့ကို စစ်ကောင်စီက ပြန်လည်သိမ်းယူဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာ တွေ့နေရပါတယ်။ ယမန်နှစ် အောက်တိုဘာ လကုန်ခါနီးက စလို့ စစ်ဆင်ရေး ၁၀၂၇ ပထမအကျော့မှာ ရှမ်းမြောက်ဒေသက လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်လုံ၊ သိန္နီ၊ နမ့်ခမ်း၊ ဖောင်းဆိုင်၊ ဟိုပန်၊ ပန်လုံ၊ ကွတ်ခိုင် အစရှိတဲ့ မြို့တွေကို TNLA နဲ့ MNDAA တပ်ဖွဲ့တွေက အခြားသော ပူးပေါင်းတပ်ရင်းတပ်ဖွဲ့တွေနဲ့ အတူ တိုက်ခိုက်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ တဖန် ယခုနှစ် ဇူလိုင်လမှာ ပြန်လည်စတင်တဲ့ ဒုတိယအကျော့ စစ်ဆင်ရေးတွေမှာတော့ ကျောက်မဲ၊ […]
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၂၄ လားရှိုးမြို့မှာ စစ်ကောင်စီကို သတင်းပေးသူ ၂၀ ကျော် MNDAA က ဖမ်းဆီးထား ပြီးခဲ့တဲ့ သြဂုတ်လဆန်းမှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အကြီးဆုံးမြို့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အချက်အချာအကျဆုံးမြို့ဖြစ်တဲ့ လားရှိုးမြို့ ကို MNDAA ကိုးကန့်လက်နက်ကိုင် အဖွဲ့က ဦးဆောင်သိမ်းပိုက်ပြီးနောက် သီတင်းပတ် အတန်ကြာမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ စတင်ပြုလုပ်လာခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ကောင်စီနဲ့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေတဲ့ အခါမျိုးမှာ စစ်ကောင်စီဘက်က အထောက်အကူ ပစ်ခတ်တိုက်ခိုက်ပေးတဲ့ အနေနဲ့ အသုံးချသလို တိုက်ပွဲဖြစ်ပွားခြင်း မရှိပေမယ့် တဖက်လက်နက်ကိုင် အဖွဲ့တွေရဲ့ အခြေစိုက်စခန်း၊ စုဝေးရာ နေရာမျိုးတွေကို သတင်းအချက်အလက်စုဆောင်းရယူပြီး အလစ်အငိုက် ဗုံးကြဲတာ တိုက်ခိုက်တာတွေ အတွက်လည်း စစ်ကောင်စီက […]
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၂၄ မတူညီတဲ့ ရည်မှန်းချက်တွေနဲ့ မြန်မာနိုင်ငံအရေး မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခ အရပ်စကားနဲ့ ပြောရရင် ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ အခြေအနေကနေ ပါဝင်ပတ်သက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အသီးသီးရဲ့ ရည်မှန်းချက်တွေက ထပ်တူထပ်မျှတော့ မဟုတ်ကြဘူးဆိုတာ စေ့စေ့စပ်စပ်လေ့လာ သုံးသပ်ကြည့်ရင် နားလည်နိုင်ပါတယ်။ စစ်ကောင်စီ နဲ့ အချို့သော နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက တဖက်မှာ ရှိကြပြီး ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ အမျိုးသား ညီညွတ်ရေးအစိုးရ လက်အောက်က PDF အဖွဲ့တွေ၊ ၄င်း လက်အောက်က မဟုတ်တဲ့ ဒေသအလိုက်၊ မြို့၊ ကျေးရွာအလိုက်ဖွဲ့စည်းထားကြတဲ့ PDF အဖွဲ့တွေက တဖက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှု၊ လေကြောင်းက […]
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၂၄ မြန်မာ့အရေး အာဆီယံမူ ၅ ချက်ကို ဆက်လက် ကိုင်စွဲမယ်လို့ အာဆီယံ၊ မြန်မာ့အရေးမှာ တရုတ်နိုင်ငံက ပိုမိုကူညီဖို့ အာဆီယံက တောင်းဆို နှစ်စဥ်ကျင်းပနေကျ အာဆီယံ ထိပ်သီးညီလာခံ အလှည့်ကျ ဥက္ကဌနိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံ မြို့တော်မှာ ကျင်းပနေဆဲ ဖြစ်ပြီး မြန်မာ့အရေး နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ သဘောတူဆုံးဖြတ်မှု အချို့ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ လတ်တလော ထင်ရှားတဲ့အချက် တချက်က ၂၀၂၁ ခုနှစ် ဧပြီလက ချမှတ်ခဲ့တဲ့ အာဆီယံမူ ၅ ချက်ကို ဆက်လက်ကိုင်စွဲသွားမယ် ဆိုတဲ့အချက် နဲ့ အခြားသတင်းတပုဒ်မှာတော့ မြန်မာနိုင်ငံအရေးမှာ တရုတ်နိုင်ငံက ပိုမိုကူညီပေးဖို့ အာဆီယံအဖွဲ့က တောင်းဆိုခဲ့တယ် လို့လည်း ဖေါ်ပြထားတာတွေ့ရပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ […]
(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၂၄ အင်ဒိုနီးရှားက မြန်မာ့အရေး ဆွေးနွေးပွဲ၊ အာဆီယံ ထိပ်သီးညီလာခံနဲ့ နောက်ထပ်ကျင်းပဖို့ ရှိတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲများ ခုရက်ပိုင်းအတွင်း လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ ပုံမှန်အာဆီယံ ထိပ်သီးညီလာခံ နဲ့ ညီလာခံမတိုင်မီ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး အကြိုဆွေးနွေးပွဲ၊ ဒါ့အပြင် လာမယ့် ဒီဇင်ဘာမှာ ထိုင်းနိုင်ငံက ဦးဆောင်ပြီး စီစဥ်မယ့် မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲ အစရှိတဲ့ ဆွေးနွေးမှုတွေ တခုပြီးတခု ခပ်စိပ်စိပ် ကျင်းပနေကြခြင်းဟာ မြန်မာနိုင်ငံ လက်နက်ကိုင် ပဋိပက္ခမှာပါဝင်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို တိုက်ခိုက်တာရပ်တန့်ပြီး စာပွဲဝိုင်းပေါ်မှာ ဆွေးနွေးကြဖို့ အိမ်နီးချင်းနိုင်ငံအချို့နဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတချို့တို့က တိုက်တွန်းနေတဲ့ အနေအထားကို ထင်ထင်ရှားရှားတွေ့ရမှာ ဖြစ်ပါတယ်။ အခုလတ်တလော […]
(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၂၄ ဒေါက်တာဇော်မြင့်မောင် ဈာပန မန္တလေးလူထု ထောင်ချီလိုက်ပါပို့ဆောင် NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်ပြီး၊ မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် ၅ နှစ်တာ တာဝန်ယူခဲ့သူ ဒေါက်တာဇော်မြင့်မောင်ရဲ့ နောက်ဆုံးသောခရီးလို့ တင်စားခေါ်ဆိုကြတဲ့ ဈာပနကို မန္တလေးမြို့မှာ အောက်တိုဘာ ၈ ရက်နေ့က ကျင်းပခဲ့ရာမှာ မန္တလေးမြို့ခံ ထောင်နဲ့ချီပြီးလိုက်လံပို့ဆောင်ခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ NLD ပါတီကိုယ်စား ဒေါက်တာမျိုးညွန့်က ပါတီရဲ့ ပြန်တမ်းကို ဖတ်ကြားခဲ့တဲ့ ရုပ်သံဖိုင်၊ ဈာပန အခမ်းအနားကျင်းပရာ လမ်းတလျှောက် ဆိုင်ကယ်တွေ ကားတွေနဲ့ လိုက်လံပို့ဆောင်ကြတာ၊ အချို့ကတော့ ဒေါက်တာဇော်မြင့်မောင်ကို သယ်ဆောင်လာတဲ့ နာရေးကားကို ကတ္တာလမ်းပေါ်ကနေပဲ ကန်တော့ဂါရဝပြုနေကြတဲ့ ပုံတွေလည်း ရုပ်သံဖိုင်တွေမှာ တွေ့ကြရပါတယ်။ ကင်ဆာရောဂါကို ၂၀၁၉ ခုနှစ်ကတည်းက […]
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၂၄ သန်းခေါင်စာရင်း ကောက်ယူသူတွေ တနင်္သာရီတိုင်းမှာ PDF ဖမ်းဆီး သန်းခေါင်စာရင်းကောက်ယူရာမှာ စေခိုင်းခြင်းခံရတဲ့ စစ်ကောင်စီ လက်အောက်က အမျိုးသမီး ပညာရေးဝန်ထမ်း ၈ ဦးနဲ့ အုပ်ချုပ်ရေးရုံးက အမျိုးသမီးစာရေးဝန်ထမ်း ၁ ဦး စုစုပေါင်းကို လောင်းလုံ PDF အဖွဲ့တဖွဲ့က အောက်တိုဘာ ၆ ရက်နေ့က ဖမ်းဆီးလိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ စစ်ကောင်စီက လာမယ့် နှစ်မှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်မှန်ကန်ကန် ရအောင် ဆိုတဲ့ အကြောင်းပြချက်နဲ့ အောက်တိုဘာလ ၁ ရက်နေ့ကစလို့ သန်းခေါင်စာရင်း ကောက်ယူနေတာ ဖြစ်ပြီး အခုလို သန်းခေါင်စာရင်း ကောက်ယူရာမှာ လူဝင်မှုကြီးကြပ်ရေးက ဝန်ထမ်း၊ ပညာရေး ဝန်ထမ်းတွေနဲ့ အထွေထွေအုပ်ချုပ်ရေးက ဝန်ထမ်းတွေ […]