ylliX - Online Advertising Network

စစ်မှုထမ်းအကောင်အထည်ကို မြို့ပေါ်ထက် ကျေးရွာများကို အဓိက ပစ်မှတ်ထားလုပ်ဆောင်နေ

RNA_အောက်တိုဘာ(၂၃)၊၂၀၂၄ခုနှစ်။ စစ်ကောင်စီတပ်၏ တပ်သားသစ်လိုအပ်ချက်အရ စစ်မှုထမ်းအကောင် အထည်ဖော်ရာတွင် မြို့ပေါ်ထက် ကျေးရွာများကို ပစ်မှတ်ထားလုပ်ဆောင်မှုနှင့်အတူ လူသစ်စုဆောင်းမှုကို ပြင်းပြင်းထန်ထန်လုပ်ဆောင်နေသည်လည်း သတင်းပေါက်ကြားမှုနည်းအောင် လုပ်ဆောင်နေကြောင်း သိရသည်။   စစ်ကောင်စီသည် စစ်မှုထမ်းအပတ်စဉ် ၁ တွင် သင်တန်းသား ၅ထောင်ဝန်းကျင်ကို အောင်မြင်စွားခေါ်ယူနိုင်ခဲ့သော်လည်း အပတ်စဉ် ၂ အတွက် လူသစ်စုဆောင်းရာတွင် ခက်ခဲခဲ့ပြီး သတ်မှတ်အရေအတွက်ရရှိရန် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများကို ပြုလုပ်ခဲ့ကြောင်း၊ အပတ်စဉ် ၃ မှစ၍ လူသစ်စုဆောင်းမှုကို တစ်လကျော်ကြာ အချိန်ယူကာ နီးစပ်ရာ တပ်ရင်းစခန်းများတွင် ပို့ဆောင်ခဲ့ပြီး သင်တန်းဖွင့်သည့်အခါမှ ပို့ဆောင်ခြင်းကို လုပ်ဆောင်ခဲ့သည်ဟု ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး (BACS)၏ အောက်တိုဘာ ၁၉ နေ့က ထုတ်ပြန်သည့် “စစ်ကောင်စီ၏ စစ်မှုထမ်းစနစ် အကောင်အထည်ဖော်ခြင်း” အစီရင်ခံစာတွင် ဖော်ပြထားသည်။ စစ်ကောင်စီက […]

မူဆယ်နှင့် မိုင်းလားနယ်စပ်မှ မြန်မာဘက်တင်သွင်းမည့် ကုန်စည်များကို တရုတ်အစိုးရပိတ်ပြီ – Myanmar Now

မြန်မာနှင့် တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ မူဆယ်နှင့် မိုင်းလားနယ်စပ်ဂိတ်တို့မှ မြန်မာနိုင်ငံဘက်သို့ တင်သွင်းမည့် သွင်းကုန်ပစ္စည်းများကို ယမန်နေ့(အောက်တိုဘာ ၂၂) ရက်မှစတင်ကာ တရုတ်အစိုးရက ပိတ်ပင်လိုက်ကြောင်း နယ်စပ်ကုန်သည်များထံမှ စုံစမ်းသိရှိရသည်။ စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှုများရပ်တန့်ရန် ဖိအားပေးသည့်အနေဖြင့် မိုင်ပေါင်း ၁၃၀၀ ကျော် နယ်နိမိတ်ထိစပ်နေသည့် မြန်မာနှင့် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားတော်လှန်ရေးတပ်များ ထိန်းချုပ်သော နယ်စပ်ဂိတ်များကို တရုတ်အစိုးရက ပိတ်ပင်ထားသည်။ ရှမ်းမြောက်ဒေသ၌ စစ်ကောင်စီထိန်းချုပ်ထားသော မူဆယ်မြို့နယ်စပ်ဂိတ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလာနယ်စပ်ဂိတ်မှ ကုန်သွယ်ရန်ခွင့်ပြုထားသော်လည်း ယမန်နေ့မှစ၍ ထိုဂိတ်နှစ်ခုမှ တင်သွင်းမည့် ကုန်ပစ္စည်းများကို ယာယီပိတ်ပင်သွားမည်ဖြစ်ကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။ ထို့ကြောင့် တရုတ်နှင့် ကုန်သွယ်သည့် နယ်စပ်ဂိတ်အားလုံးမှ ကုန်စည်ကူးသန်းရောင်းဝယ်ခွင့်မရှိသည့် အခြေအနေဖြစ်လာသည်။  တရုတ်ကုန်စည်ဝယ်ယူတင်သွင်းရာတွင် ပေါက်ကွမ်းကုမ္ပဏီဟုခေါ်သည့် အခွန်ဆောင်ရှင်းလင်းပေးသော ကုမ္ပဏီများမှတစ်ဆင့် သွင်းကုန်ကုမ္ပဏီနှင့် ကုန်စည်ပို့ဆောင်ရေးဂိတ်တို့ကို […]

MNDAA ရဲ့ ဘိန်းချက်စခန်းအား လေကြောင်းမှဗုံးကြဲ –  PCT NEWS HOMEPAGE

ယနေ့ အောက်တိုဘာလ ၂၃ ရက် မနက် ၈ နာရီကျော်ခန့်က လားရှိုးမြို့တွင် MNDAA အဖွဲ့က ဘိန်းချက်စခန်းအဖြစ် အသုံးပြုနေတဲ့ အရက်ချက်စက်ရုံ (ဟောင်း)အား ဒေသခံပြည်သူများရဲ့ တိကျစွာသတင်းပေးမှုကြောင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ တိကျတဲ့ ဗုံးကျရောက်မှုကြောင့် ဘိန်းချက်စခန်း (ယခင် အရက်ချက်စက်ရုံ)မှာ ကြီးမားစွာပျက်စီးသွားပြီး MDAA အကြမ်းဖက်သူပုန်များ ထိခိုက်ဆုံးရှုံးမှုများပြားခဲ့တယ်လို့သိရပါတယ်။ နောက်ဆက်တွဲ သတင်းဖြင့် ထပ်မံဖော်ပြပေးပါမယ်. #Crd Related Source link

မကွေးမှာ ညဘက် ဆိုင်ကယ်စီးလာသူကို ယာဉ်တစ်စီးက တိုက်ပြေးလို့ ဆိုင်ကယ်စီးနင်းလာသူ နေရာတင်သေဆုံး

မကွေးမှာ ညဘက် ဆိုင်ကယ်စီးလာသူကို ယာဉ်တစ်စီးက တိုက်ပြေးလို့ ဆိုင်ကယ်စီးနင်းလာသူ နေရာတင်သေဆုံး – Myanmar Transparency News Source link

လားရှိုးမြို့ကို စစ်တပ်ဆက်တိုက်‌ဗုံးကြဲနေ – Myanmar Now

ကိုးကန့်တပ် (MNDAA) သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးမြို့ကို စစ်တပ်က ယနေ့ ( အောက်တိုဘာ ၂၃) တစ်မနက်အတွင်း လေကြောင်းမှ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြို့ပေါ်ရှိ ရိုးရာ အရက်ချက်စက်ရုံကို ဗုံးထိမှန်ပြီး မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။ နံနက် ၈ နာရီခွဲခန့်တွင် လေယာဉ်တစ်စီးက လားရှိုးမြို့အဝင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရိုးရာ ဆန်အရက် ချက်စက်ရုံကို ဗုံးထိမှန်ခဲ့သည်ဟု MNDAA အဖွဲ့နှင့် နီးစပ်သူ လားရှိုးဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ “မြို့အဝင် ရိုးရာဆန်အရက် စက်ရုံထိသွားပါတယ်၊ စက်ရုံက အရက်စက်ရုံဆိုတော့ (အပျက်အစီး) များပါတယ်၊ စက်ရုံအဆောက်အဦတွေ ပါသွားတာပေါ့” ဟု ၎င်းက ဆိုသည်။ အဆောက်အဦနေရာတချို့မှာ မီးလောင်နေသည့်အတွက် MNDAA ၏လားရှိုးမြို့အုပ်ချုပ်ရေးအဖွဲ့မှ မီးသတ်သမားများက မီးငြိမ်းသတ်ခဲ့သည်ဟု […]

KIA ဖမ်းထားသည့် သတင်းထောက်နှစ်ဦးကို ပြန်လွှတ်ပေးရန် CPJ တောင်းဆို – Western News

(သတင်းလုပ်ငန်းက ရာဇဝတ်ပြစ်မှုကျူးလွန်ခြင်း မဟုတ်ကြောင်း IPCM ပြော) ကချင်လွတ်မြောက်ရေးတပ်မတော် KIA က Red News Agency သတင်းထောက်နှင့် အလွတ်တန်းသတင်းထောက်ကို ဖမ်းဆီးထားသည့်အတွက် အမြန်ဆုံး ပြန်လွှတ်ပေးရန် သတင်းသမားများ ကာကွယ်ရေးကော်မတီ CPJ က တောင်းဆိုလိုက်သည်။ စက်တင်ဘာလ ၂၉ ရက်နှင့် ၃၀ ရက်တွင် သတင်းထောက်နှစ်ဦးကို ဖားကန့်မြို့နယ်ရှိ ၎င်းတို့နေအိမ်ကနေ KIA က ဖမ်းဆီးသွားခြင်းဖြစ်ပြီး တာဝန်ခံမှုရှိရမည်ဟု အောက်တိုဘာ ၂၂ ရက်တွင် CPJ က ထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးခံရသည့် သတင်းထောက်နှစ်ဦးမှာ Red News Agency က သတင်းထောက် တာလင်းမောင်နှင့် အလွတ်တန်းသတင်းထောက် နောင်ရိုးတို့ဖြစ်သည်။ CPJ ၏ အရှေ့တောင်အာရှ ကိုယ်စားလှယ် Shawn Crispin […]

စစ်တပ် စစ်ကြောင်းထိုးခဲ့သည့် လောင်းလုံးဒေသတွင် ရုပ်အလောင်း ၅ လောင်းတွေ့ရှိ – Myanmar Now

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စုကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အောက်တိုဘာ ၁၂ ရက်မှ အောက်တိုဘာ ၁၉ ရက်အထိ တစ်ပတ်ကြာ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ဒေသခံ ရုပ်အလောင်း ငါးလောင်း တွေ့ရှိရသည်။ စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သုံးဦး ၊ တိုက်ပွဲဖြစ်ပွားစဉ် စစ်တပ်က ပစ်ခတ်သည့် သေနတ်ကျည်ဆန် ထိမှန်၍ တစ်ဦး ၊ ကြောက်လန့်ပြီး နှလုံးရောဂါဖြင့် တစ် ဦး တို့ သေဆုံးသွားကြသည်ဟု ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ် ကော်မတီ (DMSC)  ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။သေဆုံးသူများမှာ ကဒက်ငယ်ထိန် ရွာသား ကိုမင်းအောင် (ခ)  ကိုကန်းကန်း  (၃၀ နှစ်) ၊ ကဒက်ငယ်ထိန် ရွာမှ ဒေါ်ခင်မြင့် (ခ) ဒေါ် […]

မန္တလေးမြို့ဘေးရှိ ပုသိမ်ကြီးတွင် တိုက်ပွဲဖြစ်၊ ပြင်ဦးလွင်တွင် တပ်မိသားစု စစ်ရှောင် – Myanmar Now

ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF) က ၎င်းတို့ထိန်းချုပ်ထားသည့် ပုသိမ်ကြီးမြို့နယ် ဖယောင်းတောင်ရွှေလုပ်ကွက်အနီး အောက်တိုဘာ၂၂ ရက်တွင် တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ပြောသည်။ နံနက် ၁၁ နာရီမှစကာ ညနေအထိ ထိုနေရာအနီးကျေးရွာများ  လေကြောင်း တိုက်ခိုက်မှုဒဏ် ခံခဲ့ရပြီး  သီလရှင်ကျောင်းတစ်ကျောင်းလည်း ပစ်မှတ်ဖြစ်ခဲ့သည်ဟု MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ဆိုသည်။ “ဖယောင်းတောင်ဘက်မှာလည်း ကျွန်တော်တို့ မနေ့က တိုက်ပွဲတစ်နေကုန်နီးပါး ဖြစ်ခဲ့ပါတယ်ဗျ ”ဟု ကိုအော်စမွန်က ပြောသည်။ အောင်သပြေကျေးရွာ Alpha ဘိလပ်မြေစက်ရုံသို့သွားရာလမ်းတွင် ရှိသည့် “ဝေပုလ္လ”သီလရှင်ကျောင်း တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု အသက် ၆၀ အရွယ် မတ္တရာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ပထမဆုံးလာပစ်တဲ့ လေယာဉ်က သီလရှင်တိုက်ကို အပေါ်က ကြဲတယ်။ စက်သေနတ်နဲ့လည်း ပစ်တယ်။ ၄ […]

mytel ခဲခြစ်နံပါတ်လေးတွေ ဝင်ယူလို့ရပါပြီခင်ဗျာ –  PCT NEWS HOMEPAGE

ရဲဝံ့စွန့်စားပြည်ချစ်သား website ရဲ့ ဖုန်းဘေလ်မဲဖောက်ပေးခြင်း အစီအစဉ်လေးကနေကြိုဆိုပါတယ်..သတင်းလေးတွေဖတ်ရင်း အောက်က ခဲခြစ်နံပါတ်လေးတွေကို ဝင်ယူလို့ရပါပြီ…အမျိုးတို့ရေ… ၃၀၀၀ တန်ခဲခြစ်နံပါတ် ၁၀၀၀ တန်ခဲခြစ်နံပါတ် Related Source link

အရှေ့တောင်အာရှနိုင်ငံများ ရုပ်ကြွင်းလောင်စာအပေါ် ပိုမိုမှီခိုလာရမည့် အန္တရာယ်ရှိ – Dawei Watch

များပြားလာသော လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကို ဖြည့်တင်းရန် ရုန်းကန်နေသည့် အရှေ့တောင်အာရှဒေသသည် ရုပ်ကြွင်းလောင်စာများအပေါ် ပိုမိုမှီခိုလာရမည့် အန္တရာယ်ရှိနေကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနအဖွဲ့အစည်းတစ်ခုက သတိပေးထုတ်ပြန်လိုက်သည်။ ပြီးခဲ့သည့်နှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၌ လျှပ်စစ်စွမ်းအင်လိုအပ်ချက် ၃.၆ ရာခိုင်နှုန်း ပိုတိုးလာခဲ့ကြောင်း သည်။ ရုပ်ကြွင်းလောင်စာများကို အသုံးပြု၍ အဆိုပါ စွမ်းအင်လိုအပ်ချက်ကို ဖြည့်တင်းခဲ့ကြောင်း ယူကေနိုင်ငံအခြေစိုက် သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် Ember အဖွဲ့က ယနေ့ အောက်တိုဘာ ၂၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ရုပ်ကြွင်းလောင်စာ ဆိုသည်မှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မဟုတ်သည့် သဘာဝဝန်းကျင်နှင့် ရေမြေထိခိုက်ပျက်စီးစေပြီးမှ ထုတ်ယူရသော စွမ်းအင်ဖြစ်သည်။ ယင်းတို့တွင် ကျောက်မီးသွေး၊ ကျောက်မီးသွေးထုတ်ကုန်၊ သဘာဝဓာတ်ငွေ့၊ ရေနံ စသည့် စွမ်းအင်များ ပါဝင်သည်။ ရုပ်ကြွင်းလောင်စာအသုံးပြုခြင်း ကြောင့် ရေထု လေထုညစ်ညမ်းခြင်းနှင့် သဘာဝဝန်းကျင်ဖောက်ပြန်ခြင်းတို့ကို ဖြစ်စေနိုင်သည်။ အာဆီယံနိုင်ငံများ၌ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုသည် […]