ylliX - Online Advertising Network
မူဆယ်နှင့် မိုင်းလားနယ်စပ်မှ မြန်မာဘက်တင်သွင်းမည့် ကုန်စည်များကို တရုတ်အစိုးရပိတ်ပြီ - Myanmar Now

မူဆယ်နှင့် မိုင်းလားနယ်စပ်မှ မြန်မာဘက်တင်သွင်းမည့် ကုန်စည်များကို တရုတ်အစိုးရပိတ်ပြီ – Myanmar Now



မြန်မာနှင့် တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ မူဆယ်နှင့် မိုင်းလားနယ်စပ်ဂိတ်တို့မှ မြန်မာနိုင်ငံဘက်သို့ တင်သွင်းမည့် သွင်းကုန်ပစ္စည်းများကို ယမန်နေ့(အောက်တိုဘာ ၂၂) ရက်မှစတင်ကာ တရုတ်အစိုးရက ပိတ်ပင်လိုက်ကြောင်း နယ်စပ်ကုန်သည်များထံမှ စုံစမ်းသိရှိရသည်။ စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှုများရပ်တန့်ရန် ဖိအားပေးသည့်အနေဖြင့် မိုင်ပေါင်း ၁၃၀၀ ကျော် နယ်နိမိတ်ထိစပ်နေသည့် မြန်မာနှင့် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားတော်လှန်ရေးတပ်များ ထိန်းချုပ်သော နယ်စပ်ဂိတ်များကို တရုတ်အစိုးရက ပိတ်ပင်ထားသည်။ ရှမ်းမြောက်ဒေသ၌ စစ်ကောင်စီထိန်းချုပ်ထားသော မူဆယ်မြို့နယ်စပ်ဂိတ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလာနယ်စပ်ဂိတ်မှ ကုန်သွယ်ရန်ခွင့်ပြုထားသော်လည်း ယမန်နေ့မှစ၍ ထိုဂိတ်နှစ်ခုမှ တင်သွင်းမည့် ကုန်ပစ္စည်းများကို ယာယီပိတ်ပင်သွားမည်ဖြစ်ကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။ ထို့ကြောင့် တရုတ်နှင့် ကုန်သွယ်သည့် နယ်စပ်ဂိတ်အားလုံးမှ ကုန်စည်ကူးသန်းရောင်းဝယ်ခွင့်မရှိသည့် အခြေအနေဖြစ်လာသည်။  တရုတ်ကုန်စည်ဝယ်ယူတင်သွင်းရာတွင် ပေါက်ကွမ်းကုမ္ပဏီဟုခေါ်သည့် အခွန်ဆောင်ရှင်းလင်းပေးသော ကုမ္ပဏီများမှတစ်ဆင့် သွင်းကုန်ကုမ္ပဏီနှင့် ကုန်စည်ပို့ဆောင်ရေးဂိတ်တို့ကို …



Source link

Leave a Reply

Your email address will not be published. Required fields are marked *