ylliX - Online Advertising Network

ရုပ်ရှင်ကားဝေဖန်သူကို နိုင်ငံမတည်ငြိမ်အောင်လုပ်သည်ဆိုကာ စစ်ကောင်စီဖမ်းထား – Myanmar Now

ဟိန္ဒူကျေးရွာတစ်ရွာကို ဇာတ်အိမ်တည်ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကား အမည်နှင့်ပိုစတာသည် အိန္ဒိယနွယ်ဖွားများကို ချိုးနှိမ်ရာရောက်ကြောင်း ဝေဖန်သည့် ရန်ကုန်မြို့ခံ အမျိုးသားကို စစ်ကောင်စီက နိုင်ငံမတည်ငြိမ်အောင်လှုံ့ဆော်မှုစွဲချက်ဖြင့် ဖမ်းဆီးထားသည်။ ရန်ကုန်၊ လှိုင်မြို့နယ်နေ အသက် ၃၀ ကျော်အရွယ် ဟိန္ဒူအမျိုးသား ဦးရှိုင်းထက်အောင် ခေါ် ဗွီးထက်ကူးမားသည် “ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီး” ဟု အမည်ပေးထားသည့် ရုပ်ရှင်ကားကို Facebook တွင် ဝေဖန် ရေးသားခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းထားသည့် ၄ နှစ်အတွင်း ဝေဖန်သူအများအပြားကို ဖမ်းဆီးထားသော်လည်း ဦးရှိုင်းထက်အောင်သည် ရုပ်ရှင်ဇာတ်ကားကို ဝေဖန်မှုဖြင့် ဖမ်းဆီးခံရသည့် ပထမဆုံးပုဂ္ဂိုလ်ဖြစ်သည်။ အောက်တိုဘာ ၂၇ တွင် စာအုပ်ဖတ် အသံသွင်းရန် မရမ်းကုန်းမြို့နယ် ခဝဲခြံမျက်မမြင်ကျောင်းတွင် သွားရာမှ မိသားစုနှင့်အဆက်အသွယ်ပြတ်သွားသည်။ စစ်ကောင်စီက အောက်တိုဘာ ၃၀ ရက်စွဲဖြင့် သတင်းထုတ်ပြန်ရာတွင် သူ့ကို လှိုင်မြို့နယ်ရဲစခန်းတွင် ဖမ်းဆီးအမှုဖွင့်ထားကြောင်း ဖော်ပြထားသည်။ ဦးရှိုင်းထက်အောင်ကို […]

အမှတ် (၁၂၂၂) တပ်ရင်း ရဲဘော်များ လူထုအပေါ် ကိုယ်အမူအရာ နှုတ်အမူအရာတို့ဖြင့် ရိုင်းပြစွာ စော်ကားပါက တိုင်ကြားနိုင်

RNA_အောက်တိုဘာ(၃၁)၊၂၀၂၄ခုနှစ်။ မန္တလေးတိုင်း၊ စဉ့်ကူနှင့် မိုးကုတ်မြို့သိမ်းတိုက်ပွဲအများပြင် အခြားသော ဒေသတွင်းတိုက်ပွဲများ ဆင်နွှဲနေသော NUG/MOD-PDF အမှတ် (၁၂၂၂) တပ်ရင်း ရဲဘော်များအနေဖြင့် လူထုအပေါ် ကိုယ်အမူအရာဖြင့် ဖြစ်စေ၊ နှုတ်အမူအရာအဖြင့်ဖြစ်စေ ရိုင်းပြစော်ကားမှုများရှိပါက တပ်ရင်း Page နှင့် တပ်ရင်းခေါင်းဆောင်များထံ တိုင်ကြားနိုင်ကြောင်း သိရသည်။ အမှတ် (၁၂၂၂) တပ်ရင်း ရဲဘော်များအနေဖြင့် ပြည်သူလူထုမှမဟုတ် မဟာမိတ်တပ်များအပေါ်တွင်လည်း ရိုင်းပြစွာ ကျူးလွန်မိပါက လာရောက်တိုင်ကြားနိုင်ကြောင်း၊ ပြည်သူလူထုအပေါ် ကျင့်သုံးရမည့် စည်းကမ်းကျင့်ဝတ်များနှင့် တပ်တွင်းချမှတ်ထားသော စစ်စည်းကမ်း ကျင့်ဝတ်များကို အမြဲမပြတ် စောင့်ထိမ်းလိုက်နာသော တပ်ဖြစ်သည်ဟု အမှတ် (၁၂၂၂) တပ်ရင်း စည်းကမ်းထိန်းသိမ်းရေးကော်မတီက ယနေ့ထုတ်ပြန်ထားသည်။ #RedNewsAgency #RedNews #RNA Source link

ဖာပွန်မြို့နယ်ရှိ စစ်စခန်းတစ်ခုကို KNU နှင့် ပူးပေါင်းတပ်များသိမ်းယူ – Myanmar Now

ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို ယနေ့ (အောက်တိုဘာ ၃၁ ရက်) နံနက်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပူးပေါင်းတပ်များက သိမ်းယူလိုက်ကြောင်း သိရသည်။ မြို့အရှေ့မြောက်ဘက် ခေါပုတ်ရွာရှိ အဆိုပါစခန်းကို KNU တပ်မဟာ ၅ မှ တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်များက ၄ လခန့် ဝန်းရံပိတ်ဆို့ထားခဲ့ပြီး အောက်တိုဘာ ၂၄ ရက်တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားသည်၊ ဖာပွန်မြို့နယ်အခြေစိုက် စစ်ဗျူဟာအခြေချ (စဗခ) စခန်းနှင့် လက်ကျန်တပ်ရင်းများကို ကာကွယ်ပေးခဲ့သော စစ်စခန်းတစ်ခုဖြစ်သည်ဟုလည်း တပ်မဟာ ၅ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။ “အရင်နယ်စပ်သံလွင်မြစ်ကမ်း နဖူးမှာရှိတဲ့ စစ်ကောင်စီ စစ်စခန်းအားလုံးအတွက် အထောက်အကူပြုတဲ့ စခန်းတစ်ခုလည်းဖြစ်တယ်။ ခေါပုတ်စခန်းဟာ စစ်ကောင်စီရဲ့ […]

ပေါက်မြို့နယ်  စစ်ရှောင်အရေးကူညီနေသူ ဘုန်းကြီးကို စစ်တပ် ဖမ်းခေါ်သွား – Myanmar Now

အောက်တိုဘာ ၂၈ ရက်နေ့က မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က စီးနင်းပြီး ဘုန်းကြီးတစ်ပါးနှင့် အရပ်သားများကို ဖမ်းသွားသည်ဟု ဒေသခံတို့က ပြောပြီး စီးနင်းသူများကို  ကြားဖြတ်တိုက်ခိုက်ရာ နှစ်ဖက်အကျအဆုံးရှိခဲ့သည်ဟု  ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က  ထုတ်ပြန်သည်။  နံနက် ၅ နာရီခန့်က မြို့တောင်ဘက် ၁၃ မိုင်ခန့်အကွာ မင်းတပ်-ပခုက္ကူလမ်းဘေးရှိ ဒီးဒုတ်ကွင်းရွာ အနီး စစ်ရှောင်စခန်းကို  အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် (ပျူစောထီး) တို့က ပစ်ခတ်စီးနင်းခဲ့သည်။ အသက် ၅၀ ကျော်အရွယ် ရွာသား ၂ ဦးကို ပစ်သတ်သွားသည်၊  ဆရာတော်တစ်ပါးအဝင် လူ ၁၈ ဦးခန့်ကို ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု စစ်ရှောင်အရေးကူညီနေသူနှင့် တော်လှန်ရေးအဖွဲ့များထံက သိရသည်။  မှန်တောင်ကွင်း […]

တရုတ်စီမံကိန်းများ ဖြတ်သန်းရာ အမ်းမြို့တွင် တိုက်ပွဲအပြင်းထန်ဆုံးဖြစ်နေ – Myanmar Now

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော်(AA)က အရှိန်အဟုန် မြှင့် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကလည်း လေကြောင်းဖြင့် အပြင်းအထန်ခုခံနေရာ အမ်းမြို့ကျလျှင် စစ်ကောင်စီ စစ်ရေး၊ နိုင်ငံရေး ဘက်စုံဆုံးရှုံးမည်ဟု လေ့လာသူတို့က ပြောသည်။   AA သည် အမ်းမြို့တွင် စစ်စခန်း ငါးခုထက်မနည်းကို သိမ်းပိုက်ရရှိထားပြီး အမ်းမြို့ဟောင်းကို ထိန်းချုပ် ထားသည်ဟု သတင်းများထွက်နေသော်လည်း မြို့ဟောင်းအနီး လေယာဉ်ကွင်းဝန်းကျင်၌ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။   လက်ရှိတွင် အမှတ် ၃၇၄ အမြောက်တပ်၊ စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် (COD)နှင့် လေယာဉ် ကွင်းအနီး တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း တိုက်ခိုက်နေသည်ဟု ဒေသခံတစ်ဦး က ပြောသည်။  “တိုက်ပွဲက အားလုံးဘက်မှာဖြစ်နေတယ်။ ဟိုဘက်က ဖြစ်လိုက်၊ ဒီဘက်ကဖြစ်လိုက်  ဘယ်နေရာက ငြိမ်နေတယ်မရှိဘူး” ဟု […]

ပြည်ကြီးတံခွန်အုပ်ချုပ်ရေးမှူးရုံးအား PDF များမှ ဗုံးဖြင့်ပစ်ခတ် –  PCT NEWS HOMEPAGE

Adore News Pro theme is a complete magazine theme, excellent for news, magazines, publishing and review sites. Amazing, fast-loading modern magazines theme for personal or editorial use. You’ve literally never seen or used a magazine that looks or works like this before. Source link

သပိတ်ကျင်းတိုက်ပွဲသတင်း

အောက်တိုဘာ ၃၀ ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသော စစ်ကြောင်းသည် ချမ်းသာကျေးရွာအနီးတွင် အကြမ်းဖက်အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ခဏတာဖြစ်ပွားခဲ့ရာ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး […] Source link

ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်တဲ့ KNDF –  PCT NEWS HOMEPAGE

ကယားမှာKNAပေါ်လာတော့ KNDF/KNPPတို့ထဲက ကယန်းတွေ KNAထဲရောက်ကုန်ပြီ KNDFက.ဘုံပျောက်ပြီ KNAက ကယန်းပြည်မှာ သေနတ်သံတွေမကြားချင်လို့ စားပွဲဝိုင်း ထိုင်ဖို့ လုပ်နေတယ်လို့လည်းကြားတယ်။ ကယားမှာ ခွက်ခေါက်‌နေတဲ့ဆယ်လီတွေ အခြေအနေမကောင်းလို့ ပြည်ပကိုဒိုးကြတော့မယ်၊(ကြာကူလီအပါ)တပ်မတော်ကလည်း ရှယ်ပလန်နဲ့ဗျင်းနေပြီ။ကဲဘာတွေဆက်ဖြစ်လာမလဲ….? Related Source link

ဆောင်းဝင်စချိန် ကျေးသီးမြို့ရောက် စစ်ဘေးရှောင် ၅၀၀ ကျော် အနွေးထည်၊ စောင်များ လိုအပ်နေ – သျှမ်းသံတော်ဆင့်

သျှမ်းပြည် ကျေးသီးမြို့နယ်သို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် (၅၀၀) ကျော်အတွက် စောင်နှင့် အနွေးထည်များ လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး လားရှိုး၊ ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ တိုက်ပွဲပြန်လည် ပြင်းထန်ခဲ့ပြီးနောက် ဒေသခံများ ဘေးလွတ်ကင်းရာ မြို့၊ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထို့နောက် ကျေးသီးမြို့သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင် (၅၀၀) ကျော်သည် (၃) လကျော်ကြာ တိမ်းရှောင်နေပြီးနောက် လက်ရှိတွင် စားဝတ်နေရေး ခက်ခဲသည့်အပြင် စောင်နှင့် အနွေးအထည် အဝတ်အစားများ လိုအပ်နေကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တိုက်ပွဲဖြစ်ကတည်းက ပြေးလာကြတာ ၃ လ ကျော်နေပြီ။ အခုကတော့ စားဝတ်နေရေး အတွက်ထက် […]

စစ်ခေါင်းဆောင်ခရီးစဉ်မတိုင်မီ စစ်ထောက်လှမ်းရေးဟောင်းများ တရုတ်သို့ရောက်နေ – Myanmar Now

ဗိုလ်ချုပ်ခင်ညွှန့်၏ စစ်ထောက်လှမ်းရေးတပ်မှ ထိပ်တန်းဗိုလ်ချုပ်ဟောင်းများဖြစ်ကြသည့်  ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေ၊ ဗိုလ်မှူးကြီးဟောင်း ဦးလှမင်းတို့သည် အာဏာသိမ်းစစ်ခေါင်းဆောင်၏ ခရီးစဉ်မတိုင်မီ ရက်ပိုင်းအလိုတွင် တရုတ်နိုင်ငံသို့ရောက်ရှိနေပြီး  တရုတ်အစိုးရ၏ မူဝါဒအကြံပေး အဖွဲ့များနှင့် တွေ့ဆုံနေသည်။ ဒီမိုကရေစီလိုလားသည့် နိုင်ငံရေးအကျဉ်းသားများကို ရက်ရက်စက်စက်နှိမ်နှင်းမှုများကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားသည့် MI (ခေါ်) စစ်ထောက်လှမ်းရေးတပ်မှ အရာရှိဟောင်းများသည် Paragon Institute အမည်ဖြင့် တရုတ်နိုင်ငံ ပေကျင်းအခြေစိုက်  Think-Tank ဟုခေါ်သည့် သုတေသနနှင့်မူဝါဒရေးရာ အကြံပေးများနှင့် လိုက်လံတွေ့ဆုံနေခြင်းဖြစ်သည်။ Paragon Institute တွင် စစ်အစိုးရလက်ထက်က စစ်ထောက်လှမ်းရေးတပ်၏ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲဟောင်း၊ ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေသည် ဥက္ကဌဖြစ်ပြီး  န.ဝ.တ စစ်အစိုးရ၏  ပြောခွင့်ရအရာရှိဟောင်းနှင့် ဗိုလ်မှူးကြီးဟောင်းလှမင်းသည် အထူးအကြံပေးဖြစ်သည်။အဆိုပါနှစ်ဦးနှင့်အတူ  Paragon Institute အတွင်းရေးမှူး ဦးပြည့်ဖြိုးမောင်တို့သည် တရုတ်အစိုးရကို  နိုင်ငံခြားရေးမူဝါဒများ ချမှတ်ရန်အတွက် အကူအညီပေးနေသည့် Chahar […]