ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို ယနေ့ (အောက်တိုဘာ ၃၁ ရက်) နံနက်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပူးပေါင်းတပ်များက သိမ်းယူလိုက်ကြောင်း သိရသည်။ မြို့အရှေ့မြောက်ဘက် ခေါပုတ်ရွာရှိ အဆိုပါစခန်းကို KNU တပ်မဟာ ၅ မှ တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်များက ၄ လခန့် ဝန်းရံပိတ်ဆို့ထားခဲ့ပြီး အောက်တိုဘာ ၂၄ ရက်တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားသည်၊ ဖာပွန်မြို့နယ်အခြေစိုက် စစ်ဗျူဟာအခြေချ (စဗခ) စခန်းနှင့် လက်ကျန်တပ်ရင်းများကို ကာကွယ်ပေးခဲ့သော စစ်စခန်းတစ်ခုဖြစ်သည်ဟုလည်း တပ်မဟာ ၅ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။ “အရင်နယ်စပ်သံလွင်မြစ်ကမ်း နဖူးမှာရှိတဲ့ စစ်ကောင်စီ စစ်စခန်းအားလုံးအတွက် အထောက်အကူပြုတဲ့ စခန်းတစ်ခုလည်းဖြစ်တယ်။ ခေါပုတ်စခန်းဟာ စစ်ကောင်စီရဲ့ …
Source link