ylliX - Online Advertising Network
အမှတ် (၁၂၂၂) တပ်ရင်း ရဲဘော်များ လူထုအပေါ် ကိုယ်အမူအရာ နှုတ်အမူအရာတို့ဖြင့် ရိုင်းပြစွာ စော်ကားပါက တိုင်ကြားနိုင်

အမှတ် (၁၂၂၂) တပ်ရင်း ရဲဘော်များ လူထုအပေါ် ကိုယ်အမူအရာ နှုတ်အမူအရာတို့ဖြင့် ရိုင်းပြစွာ စော်ကားပါက တိုင်ကြားနိုင်


RNA_အောက်တိုဘာ(၃၁)၊၂၀၂၄ခုနှစ်။

မန္တလေးတိုင်း၊ စဉ့်ကူနှင့် မိုးကုတ်မြို့သိမ်းတိုက်ပွဲအများပြင် အခြားသော ဒေသတွင်းတိုက်ပွဲများ ဆင်နွှဲနေသော NUG/MOD-PDF အမှတ် (၁၂၂၂) တပ်ရင်း ရဲဘော်များအနေဖြင့် လူထုအပေါ် ကိုယ်အမူအရာဖြင့် ဖြစ်စေ၊ နှုတ်အမူအရာအဖြင့်ဖြစ်စေ ရိုင်းပြစော်ကားမှုများရှိပါက တပ်ရင်း Page နှင့် တပ်ရင်းခေါင်းဆောင်များထံ တိုင်ကြားနိုင်ကြောင်း သိရသည်။


အမှတ် (၁၂၂၂) တပ်ရင်း ရဲဘော်များအနေဖြင့် ပြည်သူလူထုမှမဟုတ် မဟာမိတ်တပ်များအပေါ်တွင်လည်း ရိုင်းပြစွာ ကျူးလွန်မိပါက လာရောက်တိုင်ကြားနိုင်ကြောင်း၊ ပြည်သူလူထုအပေါ် ကျင့်သုံးရမည့် စည်းကမ်းကျင့်ဝတ်များနှင့် တပ်တွင်းချမှတ်ထားသော စစ်စည်းကမ်း ကျင့်ဝတ်များကို အမြဲမပြတ် စောင့်ထိမ်းလိုက်နာသော တပ်ဖြစ်သည်ဟု အမှတ် (၁၂၂၂) တပ်ရင်း စည်းကမ်းထိန်းသိမ်းရေးကော်မတီက ယနေ့ထုတ်ပြန်ထားသည်။


#RedNewsAgency #RedNews #RNA



Source link

Leave a Reply

Your email address will not be published. Required fields are marked *