(မိုးမခ) အောက်တိုဘာ ၂၉ ၊ ၂၀၂၄ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်က ကျောင်းသားတွေကိုတော့ သေတွင်းပို့ဖို့ ပြင်နေပြီ။ အင်း စကစရဲ့ တရသတွေကလည်း ပေါသကိုး။ သရေကြိုးကောင်က နိုင်ငံမှာ သယံဇာတကြွယ်ဝတာမို့ ကြိုးစားရင် ကမ္ဘာ့ထိပ်တန်းအဆင့်အထိ ရောက်မယ်လို့ စောက်ကြီးစောက်ကျယ်တွေ ပြောရင်း လောလောဆယ်တော့ သူတို့မိသားစုရဲ့အချုပ်အခြာအာဏာ စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ရမယ့်အချိန် ဖြစ်လို့ တပ်ထဲဝင်ဖို့ဟာ တာဝန်ဖြစ်တယ်ဆိုပြီး တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်မှာ ကျောင်းသားတွေကို သေတွင်းထဲ ခြေဆင်းထိုင်ပေးကြဖို့ သွားပွားတယ်။ သယံဇာတက သူတို့ ဖြုန်းလို့ကုန်ပြီ။ မြေပေါ်လည်း မကျန်၊ မြေအောက်လည်း မဟန်၊ ရေထဲလည်း မရှိတော့ဘူး။ လေတောင် သွေးညှီနံ့တွေ ယမ်းနံ့တွေ ဖုံးနေလို့ လူသားသယံဇာတပါ မရှိတော့ဘူး။ အားလုံး နိုင်ငံခြားထွက်ရင်ထွက်၊ မထွက် လက်နက်ကိုင်နေကြရပြီကိုး။ နိုင်ငံမှာ ကျောင်းမရှိ ဆရာမရှိ၊ […]
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၂၄ “ကျွတ်မနေနဲ့ ကြုံး” ဆိုတဲ့အတိုင်း ကြုံးမှ။ မြန်နိုင်သမျှ မြန်မြန်ကြုံးမှ၊ မဟုတ်ရင် တရုတ်နဲ့ ပေါင်းပြီး တရစ်ချင်း တက်လာတဲ့ ဖြတ်ငါးဖြတ်ဒဏ် ပြည်သူတွေ ကော့နေအောင် ခံရတော့မှာ။ အဲဒါကို သရေကြိုးကိုးကွင်း ဦးဆောင်လုပ်နေတာ။ ဒီမသာက ရပ်ရွာလိုက် ပလအနဖွဲ့ဖို့နဲ့အတူ ကုန်စည်စီးဆင်းမှု ဖြတ်တောက်ဖို့ တပါတည်းလုပ်နေတာ။ ရပ်ရွာကာကွယ်ရေးအဖွဲ့ ဖွဲ့ လက်နက်တပ်၊ သတင်းပေးပါ လုပ်ခိုင်းပြီး ရပ်ရွာမှာလဲ ဆေးကစ ဘာကုန်စည်မှ မရှိအောင် လုပ်တော့တာ။ သူတို့လူကလွဲ ဘယ်သူမှ မရောင်းချနိုင်အောင် ကြံတာ။ ဝယ်ရင်လည်း သူတို့ဆိုင်တွေမှာ စာအုပ်နဲ့မှ ဝယ်ရမလိုမျိုး သမဝါယမပုံစံချိုးမလို့။ အခု အဲဒီ မဟုတ်တရုတ်ဥပဒေကို အကောင်အထည်ဖော်နေပြီ။ မြန်မာနိုင်ငံတဝန်းရှိ ပြည်ပထုတ်ကုန်ပစ္စည်းမှန်သမျှကို ဖမ်းဆီး စစ်ဆေး […]
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – မသာကောင် အာချောင်သမျှ (မိုးမခ) အောက်တိုဘာ ၁၆ ၊ ၂၀၂၄ နပုကတော့ ခုခုပြီး မတန်မရာတွေချည်း လှမ်းလှမ်းပြောတာနော်။ ဘာတဲ့ NLD အစိုးရကြောင့် တိုင်းပြည်ဘဏ္ဍာနဲ့ ပြည်တွင်းရေးလျှို့ဝှက်ချက်များ ပေါက်ကြားဆုံးရှုံးခဲ့ရပြီး ပြည်ပရောက် မြန်မာများက မြှောက်ထိုးပံ့ပိုး၍ နိုင်ငံကို ဖျက်ဆီးနေသတဲ့။ မသိရင် NLD ကပဲ နိုင်ငံတော်သစ္စာ ဖောက်မှု လုပ်ထားသလိုလို၊ ပြောလိုက်ရင် အဲလို ပလုတ်ပလောင်း မဆံ့မပြဲတွေချည်းဘဲ။ တန်ရာတန်ရာလည်း မပြော၊ လူက ဂေါပကအဆင့်။ ပြည်ပရောက် မြန်မာတွေ ရန်ပုံငွေပို့ပြီး နိုင်ငံကို ဖျက်နေတယ်လို့ကလည်း အုပ်သေးတာ၊ ပြီးတော့ ပြည်ပထွက်အလုပ်လုပ်သူတွေ ပို့ငွေဆီက ၂၅ ရာခိုင်နှုန်းကလည်း ဖြတ်ဆွဲချင်သေးတာ။ ဒါဟာ သင်း ပြည်ပက ထောက်ပို့တပ်ကြီးကို […]
(မိုးမခ) အောက်တိုဘာ ၁၄ ၊ ၂၀၂၄ BGF ခေါင်းဆောင်စောချစ်သူ နဲ့ DKBA ခေါင်းဆောင်တချို့ကို ပြစ်ဒဏ်ခတ်အရေးယူသင့်တယ်လို့ USIP ထောက်ပြပါတယ်။ အကြောင်းကတော့ ကရင်ပြည်နယ်က အွန်လိုင်းကျားဖြန့်လုပ်ငန်းတွေ တိုက်ဖျက်ထိန်းချုပ်နိုင်ဖို့အတွက်ပါ။ အမေရိကန်အနေနဲ့ ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုပြီး ကျားဖြန့်လုပ်ငန်းအကာအကွယ်ပေးနေတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူနဲ့ DKBA ခေါင်းဆောင်တချို့ကို ပြစ်ဒဏ်ခတ်အရေးယူဖို့လိုတယ်လို့ ပြောပါတယ်။ နဂါးကြီးပြီးလို့ လင်းယုန်ကြီး အလှည့်ကျလာတဲ့ ကျားဖြန့်ပြဿနာပေါ့။ မကျလို့လဲ မရတော့၊ အမေရိကန်တွေလဲ ဘီလျံချီထိနေပြီလေ။ တရုတ်က ကိုဗစ်-၁၉ ခေါ် ဝူဟန်ဗိုင်းရပ် ဖြန့်သလို ဖြန့်လိုက်တာကလား။ သူ့ဘက် သက်သာသွားတော့ ကျားဖြန့်နှိမ်နင်းတာရပ်ပြီး စစ်တပ်နဲ့ပေါင်း တခြားဘက်ကို ကျားဖြန့်အပေါင်း ပြောင်းစေလုပ်တော့တာကိုး။ အမေရိကန်အစိုးရအနေနဲ့ ထိုင်းအစိုးရနဲ့မိတ်ဖက်ဖွဲ့ကာ ထိုင်းနယ်စပ်လုံခြုံရေးကို ကာကွယ်ပြီး ကျားဖြန့်လုပ်ငန်းစင်တာအတွက် […]
(မိုးမခ) အောက်တိုဘာ ၁၁ ၊ ၂၀၂၄ မင်းအောင်လှိုင်က ပြင်ပရင်းနှီးမြှုပ်နှံမှုမလာတော့လို့ စီးပွားရေးလုပ်ငန်းရှင်တွေကို စိုက်ပျိုးမွေးမြူရေးပဲ လုပ်တော့လို့ ပြောနေချိန် သူ့ကောင်တွေကလဲ အားကျမခံ ကျိုးကန်းတွေအတွက် ထီလက်မှတ် ဆယ်ရွက် တသိန်းနဲ့ လုပ်ငန်းရှင်တွေကို အတင်းအကျပ်လိုက်ရောင်းနေတယ်။ သန်ကောင်စာရင်းကောက်ရင်း စာရင်းလုပ်ဖို့ ကွန်ပျူတာမရှိလို့၊ ကွန်ပျူတာဖိုး ငွေကောက်တဲ့အဖွဲ့ကလဲ သပ်သပ်။ သူတို့ ကံကောင်းတာပေါ့လေ၊ ဘားအံဘက်တော့ သန်ကောင်အဖွဲ့ကို RPGနဲ့တောင် ဘုလွှတ်လိုက်တာ။ သန်ကောင်တွေအားလုံးကို စစ်ရေးပစ်မှတ်လို့ ပြောပြီးသားဘဲလေ၊ သေချင် ကောက်ကြပေါ့။ သန်ကောင်ကနေ သေကောင် ဖြစ်သွားနိုင်တာဘဲ။ စကားမစပ် ဇော်မဲလုံးတူ မုဒိမ်းကောင် ငတ်ကြီးကျချက်တော့ သေရေးရှင်ရေး ပြေးနေတာတောင် ကျောက်စိမ်းလက်ကောက်နဲ့ ကျောက်စိမ်းတုံးလေး လက်က မလွှတ်ဘူး။ အဲဘက်မှာ တခြားစစ်ဗိုလ်တွေဆို KTVမှာ အမြှီးနှန့်ရင်း သေရတာ၊ သူ့ကျမှ […]
(မိုးမခ) အောက်တိုဘာ ၉ ၊ ၂၀၂၄ စစ်ဥထမ်းဖို့ အိမ်ထဲ ဝင်ဆွဲတဲ့အဆင့် ဆိုတော့ စစ်ရေး ဘယ်လောက်ရှုံးနိမ့်နေပြီလဲ ဆိုတာ တွက်ကြည့်စရာတောင် မလိုတော့။ အညာကလဲ မညှာတော့ဘူး။ ဘုတလင်မှာ စစ်ကြောင်းလိုက် ဖြုတ်တာနဲ့။ မြင်းခြံနယ်က ကျောက်ကန်ပျူတရွာလုံးဝင်စီးတာနဲ့။ သပိတ်ကျင်း၊ စဉ့်ကူး၊ ဒီပဲယင်း မြို့သိမ်းတာနဲ့။ ဌာနချုပ်ကို အမြှောက်နဲ့ ထုတာနဲ့။ အလင်းဝင်တာနဲ့။ ပင်လည်ဘူးမှာ လက်နက်ချတာနဲ့။ ပြောနေ ဆိုနေတုန်းကို အမ်းကို အမ်းတော့မှာနဲ့။ အနောက်ပိုင်းတခုလုံး အမ်းခံရတော့မှာ ဖြစ်သလို မြောက်ပိုင်းလည်း ဘန်းခံရတော့မယ့်အခြေ။ ရှမ်းမြောက်မှာလည်း လမ်းပျောက်။ လမ်းပျောက်ရုံမက လမ်းပါ မလျှောက်နိုင်တော့လို့ တရုတ် ချိုင်းထောက်နဲ့ ထော့နင်းထော့နင်းသွားနေရ။ တောင်ပိုင်းလည်း ရောင်ကိုင်း။ ကရင့်ဒုတ်ချက်နဲ့ ပြုတ်ထုတ်သွားတဲ့ စခန်းတွေ များပြီ။ မြိတ်၊ […]
(မိုးမခ) အောက်တိုဘာ ၈ ၊ ၂၀၂၄ စစ်တပ် သက်ဆိုးရှည်တာဟာ တရုတ်ကြောင့်ပါပဲ။ သူသာ ယူအန်မှာ ဗီတိုသုံး မကာကွယ်ခဲ့၊ ထောက်ပံ့ကူညီတာတွေ မလုပ်ခဲ့၊ စစ်အုပ်စုနဲ့ စီမံကိန်းတွေ မလုပ်ခဲ့ဘူးဆိုရင် ဒီစစ်အုပ်စု အာဏာလုတာတွေ ရပ်သွားတာ ကြာပါပြီ။ ဆရာကြီးတင်မိုး ဖွဲ့သလို စစ်အားမကောင်းလို့ ဂျစ်ကားတောင် မမောင်းနိုင်တာ ကြာရောပေါ့။ ခုတခါ အာဏာလုမှုမှာလဲ လက်နက်တွေ၊ တိုက်လေယာဉ်တွေ၊ လေယာဉ်ဆီတွေ နည်းပညာတွေ မပံ့ပိုးခဲ့ဘူးဆိုရင် ငုတ်ပျောက်တော့မယ့်အချိန် ရောက်ပါပြီ။ မြန်မာပြည်လဲ စစ်တပ်က ပေးတဲ့ ဘေးဒုက္ခဆိုးတွေ ခံစားနေစရာမရှိတော့သလို တရုတ်နဲ့လဲ ဆွေမျိုးပေါက်ဖော် ဖြစ်နေကြရောပေါ့။ ဘာလို့ ဒီလိုမျိုး တရုတ်က စစ်အုပ်စုဘက်သားလုံးလုံး ဖြစ်လာသလဲဆို တချိန်က တရုတ်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီကို ပံ့ပိုးပြီး နေဝင်း စန်းယု […]