ylliX - Online Advertising Network

ရခိုင်ဒေသ အငတ်ဘေးသင့်မည်ဟု ကုလသတိပေး၊ ထိခိုက်သူ ၂ သန်း ကျော်နိုင် – Myanmar Now

နိုင်ငံတွင်း တိုက်ပွဲများကြောင့် ကုန်သွယ်စီးပွားလုပ်ငန်းနှင့် စိုက်ပျိုးထုတ်လုပ်မှု ထိခိုက်ကာ ရခိုင်ပြည်နယ် အတွင်း အငတ်ဘေးကျရောက်တော့မည်ဟု ကုလသမဂ္ဂအဖွဲ့ကြီးက နိုဝင်ဘာ ၇ ရက်နေ့တွင် သတိပေးလိုက်သည်။ “ရခိုင်ပြည်နယ်၏ စီးပွားရေး ရပ်တန့်သွားပြီဖြစ်သည်” ဟု  ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ထိုနေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။  လတ်တလော ရိက္ခာအခက်အခဲကို ဖြေရှင်းနိုင်ခြင်း မရှိပါက ၂၀၂၅ နှစ်လယ်ပိုင်းတွင် အငတ်ဘေးသင့်နိုင် သည် ဟု ထိုအစီရင်ခံစာက ဆိုသည်။ အငတ်ဘေးဆိုက်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသူ ၂ သန်းခန့် ရှိနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။ ကုန်စည်စီးဆင်းမှု ကန့်သတ်ပိတ်ဆို့ထားခြင်း၊ တိုက်ပွဲများ  ဖြစ်ပွားနေခြင်းအပြင် ရခိုင်ပြည်နယ်တွင် နေထိုင်သူများသည် “ဝင်ငွေမရှိ၊ ငွေဖောင်းပွ၊ ဒေသတွင်း အစားအစာထုတ်လုပ်နိုင်မှု သိသိသာသာ လျော့ကျလာခြင်း”နှင့် ကြုံတွေ့နေရသည်ဟုလည်း […]

မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်တို့ တွေ့ဆုံ – Western News

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ယမန်နေ့ နိုဝင်ဘာ ၇ ရက်နေ့က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ရွှေ့ပြောင်းအလုပ်သမားအရေးကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ နှစ်နိုင်ငံ ချစ်ကြည်ရေးတိုးမြှင့်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ရွေးကောက်ပွဲအား ထောက်ခံပေးခြင်းနှင့် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကုန်သွယ်မှု၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများအား တိုက်ဖျက်ရေးတို့ကို မင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့သည်။ ယင်းအပြင် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ တည်နေရာ အတိအကျ၊ အသေးစိတ်အချက်အလက်များနှင့် အရေအတွက်များကို ရယူလိုကြောင်း မင်းအောင်လှိုင်က ဆက်လက် တောင်းဆိုခဲ့သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်တို့မှာ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပနေသည့် မဲခေါင်ထိပ်သီးအစည်းအဝေးသို့ ရောက်ရှိနေကြပြီး သီးခြားတွေ့ဆုံခဲ့ကြကြောင်း သိရသည်။ မင်းအောင်လှိုင်က မြန်မာနိုင်ငံသားများ၏ အချက်အလက်အသေးစိတ်များအား ရရှိရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးများနှင့် […]

၂၀၂၅ ခုနှစ်လယ်တွင် ရခိုင်ပြည်တွင် လူဦးရေ ၂သန်းကျော် အငတ်ဘေး ကြုံရနိုင် – Western News

လာမည့် ၂၀၂၅ ခုနှစ်လယ်တွင် ရခိုင်ပြည်အတွင်း လူဦးရေ ၂သန်းကျော်လောက်မှာ အငတ်ဘေးနှင့် ကြုံရနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က နိုဝင်ဘာလ ၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။ ရခိုင်ပြည်အတွင်း တိုက်ပွဲများပြင်းထန်နေခြင်းနှင့်အတူ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုအပါအဝင် ပြည်အတွင်း နိုင်ငံတကာ ကုန်ပစ္စည်းဝင်ရောက်မှု ကန့်သတ်ခြင်း၊ ဝင်ငွေမရှိခြင်း ငွေကြေးဖောင်းပွခြင်းတို့ကြောင့် လာမည်နှစ်အတွင်း ဆိုးဆိုးရွားရွားကြုံရနိုင်ကြောင်း ဆိုသည်။ ထို့အပြင် ရခိုင် ပြည်တွင်းထုတ်ကုန် သိသိသာသာကျဆင်းမှု အပါအဝင် ဝန်ဆောင်မှုများ၊ လူမှုဖူလုံရေးကွန်ရက်များ မရှိသောကြောင့် ပိုပြီးအကျိုးဆက်များ ခံစားရနိုင်ကြောင်း UNDP ၏ အစီရင်ခံစာက ဆိုသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ တစ်ကျော့ပြန် စတင်ဖြစ်ပွားခဲ့သည့် အာရက္ခတပ်တော် AAနှင့် စစ်ကောင်စီတပ်တို့သည့် […]

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်များသည် စစ်ကောင်စီနှင့် တရုတ်အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင်သာရှိရမည်ဟု တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်းပြော – Ayeyarwaddy Times

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်များသည် စစ်ကောင်စီနှင့် တရုတ်အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင်သာရှိရမည်ဟု တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်းပြော – Ayeyarwaddy Times Source link

ကန့်ကွက်မှုများကြောင့် မြဝတီ-ဘားအံကြား ဝါးတားဂိတ်များ ငွေလျှော့ကောက် – Myanmar Now

မြို့ခံများ၊ ခရီးသွားများ၏ ဝေဖန်ကန့်ကွက်မှုကို ရင်ဆိုင်ရပြီးနောက် ကရင်ပြည်နယ်အခြေစိုက် လက်နက်ကိုင်တပ်များက ဘားအံ-မြဝတီ လမ်းအသုံးပြုခကို  နိုဝင်ဘာ ပထမသီတင်းပတ်မှစတင်ပြီး လျှော့ချကောက်ခံနေသည်ဟု ခရီးသွားများထံက သိရသည်။  မိုင် ၈၀ ကျော်ရှည်လျားသည့် ထိုလမ်းတလျှောက်   လမ်းပေါ်တွင် ဝါးလုံးတားပြီး  ကားများထံမှငွေတောင်းသဖြင့် ‘ဝါးတားဂိတ်’ ဟု အမည်တွင်သည့်  စစ်ဆေးရေးဂိတ်များ   ၅၀ ကျော်ရှိသည်ဟု ယာဉ်မောင်းများနှင့် ခရီးသည်များက ပြောသည်။ မော်တော်ယာဉ်တစ်စီးကို  ကျပ်ထောင်ဂဏန်းမှ ကျပ်ရှစ်သောင်းအထိ  ကောက်ခံကြရာ ထိုလမ်း အသွားအပြန်ခရီးအတွက် ယာဉ်တစ်စီးလျှင်    သုံးသိန်းခွဲမှ  လေးသိန်းအထိ ပေးခဲ့ရသည်။ ယခုအခါ အသွားအပြန်ခရီးအတွက် ပေးရသည့် လမ်းကြေး ခေါ် ဆက်ကြေးမှာ ကျပ်တစ်သိန်းအောက် ဖြစ်သွားသည်ဟုလည်း ယာဉ်မောင်းများက ဆိုသည်။ အများဆုံးတောင်းခံသည့်ဂိတ်သည် မြဝတီနှင့်ကော့ကရိတ်အကြား ဒေါနတောင်အတက်တွင် […]

နိုင်ငံတကာငွေပေးချေဝန်ဆောင်မှုအချို့ မြန်မာတွင် အသုံးပြုခွင့်ရပ်ဆိုင်း – Myanmar Now

အွန်လိုင်းမှ ဝင်ငွေရှာဖွေသူ မြန်မာများအတွက် အသုံးတွင်ကျယ်သည့် နိုင်ငံတကာ ငွေပေးချေဝန်ဆောင်မှုများကို ပြည်ပကုမ္ပဏီနှစ်ခုက ယခုလမှစတင်ကာ ရပ်ဆိုင်းလိုက်ကြောင်း  စုံစမ်းသိရှိရသည်။ အရောင်းအဝယ်သမားများ၊ အွန်လိုင်းတွင် အလွတ်တန်းအလုပ်လုပ်ကိုင်သူများ၊ လူမှုကွန်ရက်တွင် ရုပ်သံ၊ ဓာတ်ပုံ၊ ဖျော်ဖြေရေးနှင့် ဗဟုသုတအကြောင်းရာများဖန်တီး၍ ဝင်ငွေရှာဖွေသူများ လုပ်အားခငွေလက်ခံကြရာတွင် အဓိကသုံးသည့် အာဖရိကအခြေစိုက် Perfect Money နှင့်  အမေရိကန်အခြေစိုက် Payoneer ကုမ္ပဏီနှစ်ခုက မြန်မာနိုင်ငံတွင် နေထိုင်သူများအတွက် ဝန်ဆောင်မှု ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် ရှုပ်ထွေးသည့် စည်းမျဉ်းစည်းကမ်းများကြောင့် လုပ်ငန်းလည်ပတ်ရန်ခက်သဖြင့်ဝန်ဆောင်မှုရပ်ဆိုင်းခြင်းဖြစ်သည်ဟု အကြောင်းပြချက် ပေးကြောင်း ကုမ္ပဏီများ၏ အသိပေးထုတ်ပြန်စာရရှိထားသည့် နေပြည်တော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “အဲ့ဒါတွေကိုဖွင့်ခွင့်မပေးတော့ဘူးဆိုရင် ကျွန်တော်တို့က ပိုက်ဆံထုတ်ဖို့ ခက်ခဲသွားတာပေါ့။ နောက် Global Platform မှာ မြန်မာဘဏ်တွေကို အကျုံးမဝင်ဘူး။ လူရာမသွင်းဘူးပေါ့။ […]

တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့ရှိ တပ်စခန်းနှစ်ခုကို AA သိမ်းပိုက် – Myanmar Now

အမ်းမြို့နယ်အတွင်း  ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေသည့် အာရက္ခတပ်တော် (AA) က စခန်းအများစု သိမ်းပိုက်ရရှိသွားပြီဖြစ်သဖြင့် စစ်ကောင်စီက ထိုမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်စခန်း ကို လက်လွှတ်ရခါနီးနေပြီဟု ဒေသခံများက ပြောသည်။  ယမန်နေ့ (နိုဝင်ဘာ ၆) တွင် အမှတ် (၃၇၁) ခြေမြန်တပ်ရင်း၊  စစ်လက်နက် ပစ္စည်းသိုလှောင်ရေးတပ် တို့ကို လက်လွှတ်လိုက်ရသည်ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။  “စစ်ဌာနချုပ်မှာလည်း တချို့အဆောက်အဦတွေ မီးလောင်နေတယ်လို့ သိရတယ်။ AA က လက်နက် ကြီးတွေနဲ့ လှမ်းပစ်လို့ မီးလောင်နေတာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ လေယာဉ်ကွင်းအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု သူက ဆက်ပြောသည်။ AA သည် အမ်းမြို့နယ်ရှိစစ်ရေးအရ အရေးပါသော တောဟိန်းတောင်ဗျူဟာကို ပြီးခဲ့သည့်ဇွန်လက သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် အမ်းမြို့နယ်တစ်ခုလုံးကို ဝိုင်းပိတ်ဆို့ကာ ကနဦးတွင်  တိုက်ပွဲ […]

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မောက်မယ်မြို့ ရေကြီးရေလျှံဖြစ် – သျှမ်းသံတော်ဆင့်

သျှမ်းပြည်မောက်မယ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၇ ရက်) မနက် ၃ နာရီခွဲကျော်စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် မောက်မယ်မြို့တွင် ချောင်းရေမြင့်တက်ပြီး ကွန်ကိုင်းရပ်ကွက်၊ဈေးတန်းရပ်ကွက်၊မွှေတော်ရပ်ကွက် စသည့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေကြောင်း မောက်မယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ရေတွေကတော့ ချောင်းရေတက် ပြီးတော့ မြေနိမ့်ပိုင်းက အိမ်တွေကိုရေဝင်တာပေါ့။ဒီမနက်မှာပဲ ရေတွေစတက်တာ။မနေ့ကလည်း တနေကုန်တညလုံးမိုးရွာနေတော့ ရေစတက်တာပဲ။အခုထိမိုးရွာတုန်းဆိုတော့ အရင်တခါလိုဖြစ်မလားမပြောတက်ဘူး။ရေတွေက ဆက်ပြီးတက်နေတုန်း”ဟု မောက်မယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မောက်မယ် လက်ရှိ ရေကြီးရေလျှံမှု ကြုံတွေ့နေရသည့် ပြည်သူအချို့သည် ကုန်မြင့်ပိုင်းရှိ ဆွေမျိုးအိမ်သို့ ပြောင်းရွှေ့ နေထိုင်နေကြပြီး မိုးများဆက်လက်ရွာသွန်းနေသောကြောင့် ရေများထပ်မံမြင့်တက်လာမည်ကို စိုးရိမ်နေကြောင်း မောက်မယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ဆင်ပြောသည်။ “ဟို့တစ်ကြိမ်က ရေကြီးလို့ […]

နယ်စပ်ဂိတ်များ စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု တရုတ် ဝန်ကြီးချုပ် ပြောဆို – သျှမ်းသံတော်ဆင့်

တရုတ်-မြန်မာနယ်စပ် ဂိတ်များ စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု တရုတ်ဝန်ကြီးချုပ် Mr. Li Qiang က စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ယမန်နေ့ (နိုဝင်ဘာ ၆ ရက်) က တွေ့ဆုံစဥ် ပြောဆိုလိုက်သည်။ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိင်ငံ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ထပ်လောင်း အသိအမှတ်ပြုကြောင်း တရုတ်နိုင်ငံ အတွင်း အခြေပြု၍ မြန်မာနိုင်ငံ အကျိုး ပျက်စီးအောင် ဆောင်ရွက်မှုများကို လက်ခံမည် မဟုတ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဂိတ်များသည် အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိရမည်ဖြစ်ပြီး အပြည့်အဝ စီမံခန့်ခွဲနိုင်ရေး အတွက် ဆက်လက် ဆောင်ရွက်သွာမည်ဖြစ်ကြောင်း တရုတ် ဝန်ကြီးချုပ်က ဆိုသည်။ ထို့အပြင် နိုင်ငံတကာ စာမျက်နှာတွင် တရုတ်နိုင်ငံ […]