ylliX - Online Advertising Network

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – စောချစ်သူ၊ DKBA နဲ့ အမေရိကန်ကျားဖြန့်ပြဿနာ KNU ပူးတွဲနှိမ်နင်းမှာလားနဲ့ ဝမ်ယိဖျင် မအလ နှိုက်မှုကြီး

(မိုးမခ) အောက်တိုဘာ ၁၄ ၊ ၂၀၂၄ BGF ခေါင်းဆောင်စောချစ်သူ နဲ့ DKBA ခေါင်းဆောင်တချို့ကို ပြစ်ဒဏ်ခတ်အရေးယူသင့်တယ်လို့ USIP ထောက်ပြပါတယ်။  အကြောင်းကတော့ ကရင်ပြည်နယ်က အွန်လိုင်းကျားဖြန့်လုပ်ငန်းတွေ တိုက်ဖျက်ထိန်းချုပ်နိုင်ဖို့အတွက်ပါ။ အမေရိကန်အနေနဲ့ ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုပြီး ကျားဖြန့်လုပ်ငန်းအကာအကွယ်ပေးနေတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူနဲ့ DKBA ခေါင်းဆောင်တချို့ကို ပြစ်ဒဏ်ခတ်အရေးယူဖို့လိုတယ်လို့ ပြောပါတယ်။  နဂါးကြီးပြီးလို့ လင်းယုန်ကြီး အလှည့်ကျလာတဲ့ ကျားဖြန့်ပြဿနာပေါ့။ မကျလို့လဲ မရတော့၊ အမေရိကန်တွေလဲ ဘီလျံချီထိနေပြီလေ။ တရုတ်က ကိုဗစ်-၁၉ ခေါ် ဝူဟန်ဗိုင်းရပ် ဖြန့်သလို ဖြန့်လိုက်တာကလား။ သူ့ဘက် သက်သာသွားတော့ ကျားဖြန့်နှိမ်နင်းတာရပ်ပြီး စစ်တပ်နဲ့ပေါင်း တခြားဘက်ကို ကျားဖြန့်အပေါင်း ပြောင်းစေလုပ်တော့တာကိုး။ အမေရိကန်အစိုးရအနေနဲ့ ထိုင်းအစိုးရနဲ့မိတ်ဖက်ဖွဲ့ကာ ထိုင်းနယ်စပ်လုံခြုံရေးကို ကာကွယ်ပြီး ကျားဖြန့်လုပ်ငန်းစင်တာအတွက် […]

လက်လွှတ်လိုက်ရတဲ့ မြို့အချို့ ပြန်လည်သိမ်းယူဖို့ စစ်ကောင်စီ ပြင်ဆင်နေ

(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၂၄⁨⁨⁨⁨⁨⁨ လက်လွှတ်လိုက်ရတဲ့ မြို့အချို့ ပြန်လည်သိမ်းယူဖို့ စစ်ကောင်စီ ပြင်ဆင်နေ ၁၀၂၇ စစ်ဆင်ရေး နှစ်ကျော့အတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မြို့တွေထဲက အချို့ကို စစ်ကောင်စီက ပြန်လည်သိမ်းယူဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာ တွေ့နေရပါတယ်။ ယမန်နှစ် အောက်တိုဘာ လကုန်ခါနီးက စလို့ စစ်ဆင်ရေး ၁၀၂၇ ပထမအကျော့မှာ ရှမ်းမြောက်ဒေသက လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်လုံ၊ သိန္နီ၊ နမ့်ခမ်း၊ ဖောင်းဆိုင်၊ ဟိုပန်၊ ပန်လုံ၊ ကွတ်ခိုင် အစရှိတဲ့ မြို့တွေကို TNLA နဲ့ MNDAA တပ်ဖွဲ့တွေက အခြားသော ပူးပေါင်းတပ်ရင်းတပ်ဖွဲ့တွေနဲ့ အတူ တိုက်ခိုက်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ တဖန် ယခုနှစ် ဇူလိုင်လမှာ ပြန်လည်စတင်တဲ့ ဒုတိယအကျော့ စစ်ဆင်ရေးတွေမှာတော့ ကျောက်မဲ၊ […]

လင်းလက်နွေဦး – ငရဲခန်းပျို့

ငရဲခန်းပျို့ လင်းလက်နွေဦး (မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၂၄   ဒီစာရဲ့ ခေါင်းစဉ်က လျှာရှည်ကြည့်မယ်ဆိုရင် (ငရဲ)ရယ်+ (ခန်း)ရယ်+ (ပျို့)ရယ် ဆိုပြီး ခွဲပါမယ်။ ကျမ်းတတ်ကြီးလိုလို ဆရာကြီးလိုလို လုပ်ပြတာပါ။ နည်းနည်းမှ လူအထင်ကြီးကြီးဆိုပြီး။ ‘ငရဲ’ဆိုတာ နိရယ= နိ (မရှိ)+ အယ (ချမ်းသာ) = ချမ်းသာမှု တစိုးတစိ မရှိတဲ့ အရပ်၊ နေရာကို ငရဲလို့ ခေါ်ပါတယ်။ ‘ခန်း’ဆိုတာ အခန်းကဏ္ဌပေါ့။ ‘ပျို့’ဆိုတာ ကျနော်တို့ ကြားဖူးပါတယ်၊ ဘူရိဒတ်ပျို့တို့၊ လောကသာရပျို့တို့၊ ဂမ္ဘီသာရပျို့တို့ ဘာတို့ပေါ့ဗျာ။ အပိုဒ်တွေ အများကြီး ခန်းခန်းနားနား စပ်ဆိုထားတဲ့ လင်္ကာရှည်ကြီးတွေ။ “သာကိယဟု၊ တေဇကျော်ဟိုး၊ မင်းရိုးအပေါင်း၊ ရှစ်သောင်းမျိုးနွယ်၊ သုံးဆယ်ပါရမီ၊ ဖြည့်ညီသမ္ဘာ၊ ဉာဏ်စကြာဖြင့်….’ […]

နွေဦးကြယ် – မဲဆောက်မှာမိုးတွေရွာရင်

Art by Than Htay Maung မဲဆောက်မှာမိုးတွေရွာရင် နွေဦးကြယ် (မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၂၄ ရေခဲတောင်တွေ ပင်လယ်ထဲမျောပါစီးဆင်းနေသလို တိမ်ညိုတိမ်မည်းတွေ မုတ်သုန်လေထဲမျောပါစီးဆင်းနေတာမြင်ရရင် မကြာခင်မိုးတွေရွာသွန်းတော့မယ်ဆိုတာကို မဲဆောက်ကသိပါတယ်။ မဲဆောက်ကိုသားသည်မိခင်တစ်ဦးလိုဝန်းရံထားတဲ့ ဟိုမဝေးမနီးကတောင်တန်းပြာပြာကြီးတွေမှာ မှိုင်းပြာမြူငွေ့တွေထွေးပွေ့အုံ့ဆိုင်းလို့ မြင်ရသူရင်ထဲမှာလှိုင်းထ မျက်ရေတပေါက်ပေါက်ကျခါနီးရင် မကြာခင်မိုးတွေရွာသွန်းတော့မယ်ဆိုတာ မဲဆောက်ကသိပါတယ်။ ဟိုးအဝေးမှာမြင်နေရတဲ့ ဒေါနတောင်တန်းကြီးတွေအပေါ် ပျော်တတ်တဲ့ငှက်ကလေးတွေ လေအဟုန်ကိုခိုစီး အရေးတကြီးပျံသန်း သူတို့ရဲ့လမ်းမှာ မှိုင်းပြာမှုန်ဝေ သောကတွေနဲ့လှုပ်ရှား ရပ်နားစခန်းကိုရှာဖွေနေကြပြီဆိုရင် မကြာခင်မိုးတွေရွာသွန်းတော့မယ်ဆိုတာ မဲဆောက်ကသိပါတယ်။ သောင်ရင်းမြစ်ထဲကရေတွေ ဠာနာဂီရိဆင်အရက်မူးသလို ကမ်းနှစ်ဘက်ကိုရိုက်ခတ် ကမ်းစပ်ကရေလှိုင်းကလေးတွေခုန်ပေါက် ခိုးကူးလှေကလေးတွေမြောက် မြောက်တက်သွားရင် မကြာခင်မိုးတွေရွာသွန်းတော့မယ်ဆိုတာ မဲဆောက်ကသိပါတယ်။ မြန်မာပြည်နှာခေါင်းပေါက်နဲ့ ထိုင်းနှာခေါင်းပေါက်တွေကို ဂျက်ပင်လိုလှမ်းထိုးထားတဲ့ မြဝတီတံတားအပေါ်မှာ အအေးဓါတ်ပါတဲ့လေနုအေးကလေးတွေ တိုးဝှေ့ပြေးလွှားလာပြီဆိုရင် မကြာခင်မိုးတွေရွာသွန်းတော့မယ်ဆိုတာ မဲဆောက်ကသိပါတယ်။ မဲဆောက်မှာမိုးတွေရွာရင် ရင်ခွင်မဲ့ကလေးလေးတွေ နွေးထွေးတဲ့နှလုံးသားတွေကိုမှန်း နှုတ်ခမ်းမှာအပြုံးတွေခမ်းလို့ […]

စက္ကိန်းတဲ စေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်နေ့၌ ဆီမီးပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲများ ကျင်းပမည်

မင်းဘူး၊ အောက်တိုဘာ ၁၃ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက် ကေလာသဖတောင်ထိပ်တွင် တည်ထားကိုးကွယ်လျက်ရှိသော ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်နေ့၌ ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲများလည်း ကျင်းပသွားမှာဖြစ်ကြောင်း သိရသည်။ မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီးကို သက္ကရာဇ် ၁၂၃ ခုနှစ်တွင် သိကြားမင်းလှူဒါန်းထားသော ရွှေတည်းကျောင်းကို ဌာပနာကာတည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး၊ ရှေးမင်းအဆက်ဆက်တို့က ဉာဏ်တော်မြှင့်ခြင်း၊ ရွှေထီးတော်တင်လှူခြင်းများဖြင့် တည်ထားကိုးကွယ်လာခဲ့ရာ စကုမြို့ဝန်လက်ထက်တွင် ကုန်းပွဲ၊ ရေပွဲ၊ ဇာတ်ပွဲများဖြင့် ခမ်းခမ်းနားနားကျင်းပလာခဲ့သည်။ ယခုနှစ်တွင် ဇာတ်ပွဲ၊ အငြိမ့်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာမကျင်းပနိုင်သော်လည်း ဆီမီးပူဇော်ပွဲ၊ စတုဒိသာကျွေးမွေးပွဲ၊ မီးပုံးပျံလွှတ်တင်ပွဲများဖြင့် ထည့်သွင်းကျင်းပသွားဖို့စီစဉ်ထားကြောင်း စေတီတော်ဘဏ္ဍာထိန်းဂေါပကဥက္ကဋ္ဌ ဦးကျော်သိန်းက ပြောသည်။ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီးတွင်ကျင်းပမည့် ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းများကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဝန်ထမ်းများ၊ အလှူရှင်မိသားစုများ ပူးပေါင်းပါဝင်လှူဒါန်းကာ ကျွေးမွေးသွားမှာဖြစ်ပြီး၊ သီတင်းကျွတ်လပြည့်နေ့ ညနေ ၆ နာရီအချိန်မှစ၍ ဆီမီးထွန်းညှိပူဇော်ပွဲကို […]

လားရှိုးမြို့မှာ စစ်ကောင်စီကို သတင်းပေးသူ ၂၀ ကျော် MNDAA က ဖမ်းဆီးထား

(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၂၄⁨⁨⁨⁨⁨⁨ လားရှိုးမြို့မှာ စစ်ကောင်စီကို သတင်းပေးသူ ၂၀ ကျော် MNDAA က ဖမ်းဆီးထား ပြီးခဲ့တဲ့ သြဂုတ်လဆန်းမှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အကြီးဆုံးမြို့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အချက်အချာအကျဆုံးမြို့ဖြစ်တဲ့ လားရှိုးမြို့ ကို MNDAA ကိုးကန့်လက်နက်ကိုင် အဖွဲ့က ဦးဆောင်သိမ်းပိုက်ပြီးနောက် သီတင်းပတ် အတန်ကြာမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ စတင်ပြုလုပ်လာခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ကောင်စီနဲ့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေတဲ့ အခါမျိုးမှာ စစ်ကောင်စီဘက်က အထောက်အကူ ပစ်ခတ်တိုက်ခိုက်ပေးတဲ့ အနေနဲ့ အသုံးချသလို တိုက်ပွဲဖြစ်ပွားခြင်း မရှိပေမယ့် တဖက်လက်နက်ကိုင် အဖွဲ့တွေရဲ့ အခြေစိုက်စခန်း၊ စုဝေးရာ နေရာမျိုးတွေကို သတင်းအချက်အလက်စုဆောင်းရယူပြီး အလစ်အငိုက် ဗုံးကြဲတာ တိုက်ခိုက်တာတွေ အတွက်လည်း စစ်ကောင်စီက […]

လူသတ်တဲ့မုန်တိုင်းအောက်က ဖလော်ရီဒါ

လူသတ်တဲ့မုန်တိုင်းအောက်က ဖလော်ရီဒါနိုင်ငံတကာသာဂိ၊ (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၂၄Patricia Mazzei နှင့် Yan Zhuang တို့မှ Newyork Times သတင်းစာအတွက် ရေးသည် မုန်တိုင်းဗဟိုချက်မှာ ဖလော်ရီဒါမှာ သတင်းထောက်တွေရှိပါတယ်။ သူတို့က ဖြစ်ရပ်တွေကို မှတ်တမ်းတင်ကြပါတယ်။ဟာရီကိန်း Milton သည် ဖလော်ရီဒါကို ဖြတ်ကျော်ဝင်ရောက်နေသည်။ ကမ်းရိုးတန်းကနေ ကမ်းရိုးတန်းအထိ ရေလွှမ်းမိုးခဲ့ပြီး အိမ်ခြေ သုံးသန်းကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် မုန်တိုင်းမျက်စိနဲ့ဝေးတဲ့လူတွေကို သေစေခဲ့ပြီး အိမ်တွေပျက်စီးကာ Tampa Bay Rays အားကစားကွင်းရဲ့ ခေါင်မိုးတွေကို ဖြိုချခဲ့ပါတယ်။ထိုညက မီလ်တန်သည် ဖလော်ရီဒါပြည်နယ် ပင်လယ်ကွေ့ကမ်းရိုးတန်းတစ်ဝက်တွင် ဆာရာဆိုတာအနီး အဆင့် ၃ မုန်တိုင်းအဖြစ် ကုန်းတွင်းဝင်ရောက်လာခဲ့သည်။ အားပျော့သွားသော်လည်း ဟာရီကိန်းမုန်တိုင်းအဖြစ် ကျန်ရှိနေသော ပြည်နယ်တစ်ဝှမ်းတွင် ညလုံးပေါက် […]

မတူညီတဲ့ ရည်မှန်းချက်တွေနဲ့ မြန်မာနိုင်ငံအရေး

(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၂၄⁨⁨⁨⁨⁨⁨ မတူညီတဲ့ ရည်မှန်းချက်တွေနဲ့ မြန်မာနိုင်ငံအရေး မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခ အရပ်စကားနဲ့ ပြောရရင် ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ အခြေအနေကနေ ပါဝင်ပတ်သက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အသီးသီးရဲ့  ရည်မှန်းချက်တွေက ထပ်တူထပ်မျှတော့ မဟုတ်ကြဘူးဆိုတာ စေ့စေ့စပ်စပ်လေ့လာ သုံးသပ်ကြည့်ရင် နားလည်နိုင်ပါတယ်။ စစ်ကောင်စီ နဲ့ အချို့သော နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက တဖက်မှာ ရှိကြပြီး ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ အမျိုးသား ညီညွတ်ရေးအစိုးရ လက်အောက်က PDF အဖွဲ့တွေ၊ ၄င်း လက်အောက်က မဟုတ်တဲ့ ဒေသအလိုက်၊ မြို့၊ ကျေးရွာအလိုက်ဖွဲ့စည်းထားကြတဲ့ PDF အဖွဲ့တွေက တဖက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှု၊ လေကြောင်းက […]

လှကျော်ဇော – တို့တတွေ ဆက်ချီတက်မယ်

(မိုးမခ) အောက်တိုဘာ ၁၁ ၊ ၂၀၂၄ — လီရှန်–လီရှန်– ကြားလား-ကြားလား—- — ကျန်တဲ့ရဲဘော်တွေ စုစည်းပြီး၊ ပြန်လာတော့– — မင်းတို့ တာဝန်ကျေသွားပြီ– — ရေကာတာ ဖောက်ချလိုက်ပြီ၊ ရန်သူတွေ အကုန်ရေနစ်ကုန်ပြီ— စစ်ဆင်ရေးမှူးက ကြေးနန်းစက် ကိုင်ပြောနေတာ။ တကိုယ်လုံး သွေးတွေဒဏ်ရာတွေနဲ့ ရဲဘော်က ကြေးနန်းစက်ကိုင်ထားပြီး— — စစ်ဆင်ရေးမှူး— — ကျွန်တော်  လီရှန်ပါ— — ကျွန်တော်တို့ ပြန်မလာနိုင်တော့ဘူး– — တပ်ရင်းတရင်းလုံး ကုန်ပြီ— — ခင်ဗျားတို့ပဲ ဆက်ချီတက်ကြပါ—- ဒါတွေကတော့ ဒီနှစ် ၂၀၂၄ အောက်တိုဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်တဲ့ (၇၅) နှစ်မြောက်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားတဲ့ (ကိုးရီးယားစစ်ပွဲ-၁၉၅၀-၅၃တွင်းက) တရုတ်ဗော်လံတီယာတပ်ရဲ့ […]

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – ကျီးလန့်စာစား ဆေးပြားတိုင်းပြည်

(မိုးမခ) အောက်တိုဘာ ၁၁ ၊ ၂၀၂၄ မင်းအောင်လှိုင်က ပြင်ပရင်းနှီးမြှုပ်နှံမှုမလာတော့လို့  စီးပွားရေးလုပ်ငန်းရှင်တွေကို စိုက်ပျိုးမွေးမြူရေးပဲ လုပ်တော့လို့ ပြောနေချိန် သူ့ကောင်တွေကလဲ အားကျမခံ ကျိုးကန်းတွေအတွက် ထီလက်မှတ် ဆယ်ရွက် တသိန်းနဲ့ လုပ်ငန်းရှင်တွေကို အတင်းအကျပ်လိုက်ရောင်းနေတယ်။ သန်ကောင်စာရင်းကောက်ရင်း စာရင်းလုပ်ဖို့ ကွန်ပျူတာမရှိလို့၊ ကွန်ပျူတာဖိုး ငွေကောက်တဲ့အဖွဲ့ကလဲ သပ်သပ်။ သူတို့ ကံကောင်းတာပေါ့လေ၊ ဘားအံဘက်တော့ သန်ကောင်အဖွဲ့ကို RPGနဲ့တောင် ဘုလွှတ်လိုက်တာ။ သန်ကောင်တွေအားလုံးကို စစ်ရေးပစ်မှတ်လို့ ပြောပြီးသားဘဲလေ၊ သေချင် ကောက်ကြပေါ့။ သန်ကောင်ကနေ သေကောင် ဖြစ်သွားနိုင်တာဘဲ။ စကားမစပ် ဇော်မဲလုံးတူ မုဒိမ်း‌ကောင် ငတ်ကြီးကျချက်တော့ သေရေးရှင်ရေး ပြေးနေတာတောင် ကျောက်စိမ်းလက်ကောက်နဲ့ ကျောက်စိမ်းတုံးလေး လက်က မလွှတ်ဘူး။ အဲဘက်မှာ တခြားစစ်ဗိုလ်တွေဆို KTVမှာ အမြှီးနှန့်ရင်း သေရတာ၊ သူ့ကျမှ […]