(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၂၄ ဗိုလ်ချုပ်သန်းရွှေ သမက်ဖြစ်သူကို ပုဒ်မ ၄ ခုနဲ့အမှုဖွင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ၁၉၉၃ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ မြန်မာနိုင်ငံကို စစ်တပ်အင်အားကို အသုံးပြုပြီး အာဏာရှင်တယောက်အနေနဲ့ အုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်သန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို ဗိုလ်ချုပ်သန်းရွှေက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရာထူး ခန့်အပ်ခဲ့တဲ့ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရပြီး ရက်အနည်းငယ် အကြာမှာတော့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က သာမက အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ အီလက်ထရွန်းနစ် အက်ဥပဒေ စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်လိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ ဒေါက်တာ နေစိုးမောင်ဟာ စစ်ဘက်ဆရာဝန်၊ ဆေးဘက်ဆိုင်ရာတက္ကသိုလ် […]
(မိုးမခ) အောက်တိုဘာ ၂၆ ၊ ၂၀၂၄ စစ်အုပ်စုဖနောင့်ကို လိုက်နင်းနေတာ ရပ်တန့်လိုက်တာနဲ့ သူ့ရဲ့ ဆောင့်ကန်မှုဒဏ် တန်းခံရတာဘဲ။ ကျားကို သမင်က သနားမိတဲ့ အမှားမျိုးပေါ့။ တော်လှန်ရေးမှာ ကိုယ့်ကြွေးကြော်သံကို ပြန်သစ္စာဖောက်တာမျိုးဟာ ဘယ်ဘက်က ကြည့်လို့မှ သူရဲကောင်း မဖြစ်ပါဘူး။ သူရဲကောင်းမဖြစ်ကထဲက လေးစားယုံကြည်ခံရမှု မရတော့ဘူးလေ။ အဲဒီမှာ ရှေ့ဆက်ဖို့ အားချည့်နဲ့သွားသလို ဆက်လက်ရပ်တည်ဖို့ အားလည်း ပျက်သွားရတာပါဘဲ။ ကိုယ့်ရပ်တန့်တွေဝေမှုဟာ သူ့အလှည့်ဖြစ်သွားတာပေါ့။ ခုတော့ သူ့ဗုံးဒဏ် ကော့နေအောင် ခံရတာထက် ဆက်ခံနိုင်ရည်ရှိပါ့မလားတောင် ဖြစ်လာရတယ် မဟုတ်လား။ တကယ်က လေယာဉ်ကွင်းမရှိအောင် လုပ်ရမှာ။ လေယာဉ်ကွင်းရှိတဲ့နေရာတွေကို ဆက်သိမ်းပိုက်ခဲ့ရမှာ။ တရုတ် စကားကို နားထောင်လိုက်တဲ့ အချိန်ကာလဟာ တကယ်ဆို အရေးပါတဲ့နေရာတွေကို ထပ်သိမ်းဆည်းနိုင်လောက်တဲ့ အချိန်ကာလပါပဲ။ အချိန်ဆွဲတာဟာ ကိုယ့်ဘက်မှာ […]
ပဲခူး၊ အောက်တိုဘာ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့က ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် (၇/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများသည် မိမိတို့မြို့နယ်၏အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များကို အနီးကပ်ဆောင်ရွက်နေကြသူများ ဖြစ်သလို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ကွင်းဆင်းစစ်ဆေးကြီးကြပ်ရန်တာဝန်ရှိကြောင်း၊ မြို့နယ်အလိုက် အဓိကသီးနှံ (၁၀) မျိုးအနက်မှ ဒေသနှင့်ကိုက်ညီပြီး ပန်းတိုင်အထွက်နှုန်းရရှိသည့် တစ်အုပ်တစ်မ သီးနှံစံပြစိုက်ခင်းများ ဖော်ဆောင်သွားရမှာဖြစ်သလို သဘာဝမြေဆီမြေနှစ်ကြွယ်ဝစေရေးနှင့် ဓါတ်မြေဩဇာသုံးစွဲမှု လျော့ချနိုင်ရေး ပိုက်ဆံလျှော်စိုက်ခင်းများ တိုးချဲ့စိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ ဒေသအလိုက် ကြက်၊ ဝက်၊ ဆိတ်၊ နွား တိုးချဲ့မွေးမြူနိုင်ရေးနှင့် ခြံလှောင်စနစ်ဖြင့် မွေးမြူသွားနိုင်ရေး အသိပညာပေး၍ […]
(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၂၄ MNDAA တပ် ခေါင်းဆောင်ရဲ့ တရုတ်ပြည် တွေ့ဆုံမှု၊ စစ်ကောင်စီရဲ့ လားရှိုးပြန်ယူဖို့ ရည်မှန်းချက် ၁၀၂၇ စစ်ဆင်ရေး လို့ အမည်ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ ရဲ့တပြိုင်နက်ထည်း ထိုးစစ်ဆင်တိုက်ခိုက်မှု တနှစ်တင်းတင်းပြည့်ချိန်မှာ ရှမ်းပြည်နယ် မြောက်ပိုင်းက အုပ်ချုပ်ရေးအခြေစိုက်ရာမြို့၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ မန္တလေးမြို့ပြီးနောက် အချက်အချာ အကျဆုံးမြို့၊ နယ်စပ်ကုန်သွယ်ရေး တင်မက၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ပြည်သူ့စစ် လို့အမည်ပေးထားတဲ့ ဒေသအလိုက် လက်နက်ကိုင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပေါ်ပေါ်ထင်ထင် တဖုံ၊ တိတ်တဆိတ် ဝင်ထွက်သွားလာတဲ့ မြို့ဖြစ်တဲ့ လားရှိုးမြို့ကို စစ်ကောင်စီအနေနဲ့ ပြန်လည်ရယူဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေတာ တွေ့ရမှာဖြစ်ပါတယ်။ လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို […]
(မိုးမခ) အောက်တိုဘာ ၂၅ ၊ ၂၀၂၄ နာဖျားနေတဲ့ ကစဉ့်ကလျားနေ့တွေမှာ ကောင်းကင်ကြီးဆိုတာ ဟာလာဟင်းလင်းကြီး ကိန်းဂဏန်း ရေတွက်မှုတွေနဲ့ ကြယ်တွေကို ပြသထား ဆူညံနေတဲ့ အတိတ်ဆီကနေ လက်မလည်နိုင်တဲ့ ဝေဒနာတွေအထိ လူးလာခေါက်ပြန် တချို့တံတိုင်းတွေဟာ ဖြိုဖျက်ဖို့မလွယ် မဟာလူမျိုးကြီးဝါဒီနဲ့ တွင်းထွက်ချဉ်ဖတ်တွေ ဒီပြဿနာ ရှင်းမယ်ဆိုမှ ဇာစ်မြစ်က ငါ မဟုတ်ခဲ့ သနားစဖွယ် လူ့သတ္တဝါဟာ လည်တိုင်မှာ ချည်တိုင်ကိုယ်စီနဲ့ ….. ဒီငရဲထဲ ဆီပူဒယ်အိုးတွေ မရှိဘူး ဝမ်းရေးပဲ ပူကြ ဒီငရဲထဲ တံစို့ထိုး ကင်ခံရတာ မရှိဘူး ဗုံးဆန်နဲ့ တစစီ ကင်ခံကြရ ဒီငရဲထဲ…. ဒီငရဲထဲ ….. ရှင်သန်ကြရ…… စိတ်ကြိုက် ….. ဆွဲဖြုတ်လိုက်တဲ့ သေနတ်မောင်းခလုတ်မှာ တရှိန်ထိုး ထွက်ပြေးသွားတဲ့ သရုပ်မှန်ဇာတ်လမ်းတွေများစွာ […]
လှကျော်ဇော – ကိုလိုနီစနစ်ရဲ့အမွေဆိုးများ ( ၄ ) (မိုးမခ) အောက်တိုဘာ ၂၅ ၊ ၂၀၂၄ တိန့်ရှောင်ပင်ရဲ့ တံခါးဖွင့်နဲ့ ပြုပြင်ပြောင်းလဲရေးပေါ်လစီ ဥက္ကဋ္ ဌမော်ဟာ တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်မှုကို အပြတ်အသတ်ရပြီးနောက်မှာ တရုတ်ကွန်မြူနစ်များ တသက်ပတ်လုံး လိုက်နာရမယ့် ဆောင်ပုဒ်တခု တင်လိုက်ပါတယ်။ ‘ပြည်သူ့အကျိုးဆောင်ကြ’ တဲ့။ ဒါဟာ သူတို့ရဲ့ ပေတံပါ။ ဒါကို အခြေခံပြီး ၁၉၇၆ မော် ကွယ်လွန်ပြီးနောက် အာဏာရလာတဲ့ တိန့်ရှောင်ပင်ကလည်း ၂၀ ရာစုအဝင် အရင်းရှင်စနစ်ရဲ့ အပြောင်းအလဲများကို စနစ်တကျ လေ့လာပြီး တရုတ်ပြည်အတွက် ရှေ့လျှောက်ရမယ့် လမ်းကို ချမှတ်လိုက်ပါတယ်။ ကိုလိုနီလက်ဟောင်း အရင်းရှင်နိုင်ငံများဟာ မိမိလက်အောက်ခံ ကိုလိုနီနိုင်ငံများကို မလွှဲမရှောင်သာ နိုင်ငံရေးအရ လွတ်လပ်ရေးပေးလိုက်ရ ပေမယ့် စီးပွားရေးအရ သူတို့အပေါ် မှီခိုနေရအောင် […]
နိုင်ငံတကာသာဂိ (မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၂၄ နိုဝင်ဘာ ၅ မှာ အမေရိကန်သမ္မတနဲ့ အထွေထွေ ရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။ တကမ္ဘာလုံး စိတ်ဝင်စားကြရတာက ၂၀၂၀ မှာ ရှုံးထားပြီးသား သမ္မတဟောင်းထရန့်က မကျေပွဲ နွှဲဖို့ အကြီးအကျယ် စိန်ခေါ်ပွဲမို့လို့ပါ။ အစက လက်ရှိသမ္မတ ဘိုင်ဒင်က ဒုတိယသက်တမ်း ဆက်ပြိုင်မယ် လုပ်ထားရာကနေ ထရန့်နဲ့ ထိပ်တိုက်မရင်ဆိုင်တော့ဘဲ သူ့ဒုသမ္မတ ကင်မလာဟဲရစ်ကို ဝင်ပြိုင်ဖို့ ထောက်ခံအဆိုသွင်းလိုက်တယ်။ သူ့အသက်က ၈၀ ဆိုတော့ အိုပြီလို့ ပြောတယ်။ ထရန့်က ၇၈ နှစ်ရှိပြီ သူကတော့ လျော့မှာ မဟုတ်ဘူး။ ၂၀၂၄ ရွေးကောက်ပွဲက မီဒီယာအများစု ပုံဖော်တာကတော့ ဒီမိုကရေစီနဲ့ လက်ယာအစွန်းရောက်တို့၏ အဆုံးအဖြတ်ခံယူပွဲလို့ ဆိုပါတယ်။ လက်ယာအစွန်းရောက်တွေကတော့ […]
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၂၄ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ အဆမတန် ဈေးမြင့်တက်မှုဒဏ်နဲ့ ပြည်သူလူထု ပြည်တွင်းမှာ နေထိုင်နေကြတဲ့ လူအများစုရဲ့ ခံစားနေရတဲ့ ဒုက္ခတွေ အခက်အခဲတွေလို့ဆိုရင် စစ်ဘေးရန်က အသက်အန္တရာယ် ထိခိုက်နိုင်ခြေက ပထမဆုံးဖြစ်ပါလိမ့်မယ်။ ဒုတိယ အနေနဲ့ ဖမ်းဆီး နှိပ်စက်ခံရမယ့် အန္တရာယ်၊ အဲဒီနောက်မှာတော့ ပိုင်ဆိုင်တဲ့ နေအိမ်၊ ပစ္စည်းဥစ္စာတွေ ပျက်စီးဆုံးရှုံးမယ့် အန္တရာယ် ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အသက်ရှင်သန်နေထိုင်ရေး နေ့စဥ် ရုန်းကန် ကျော်ဖြတ်နေကြရတဲ့ အခြေအနေက အန္တရာယ်လို့ မခေါ်ဆိုနိုင်ပေမယ့် ခက်ခဲလွန်းတဲ့ အနေအထား အခုလို စစ်မက်ဖြစ်ပွားတဲ့ အခြေအနေအောက်မှာ ပုံမှန် စားသောက် အသက်ရှင်သန်ရေးက တနေ့ထက် တနေ့ ပိုမိုခက်ခဲလာနေတာ ဖြစ်ပါတယ်။ ပိတ်ဆို့ခံထားရတဲ့ ဒေသမဟုတ်တဲ့ ရန်ကုန်မြို့လိုမှာ ဖြစ်နေတဲ့ […]
မြင်းခြံ၊ အောက်တိုဘာ ၂၅ မန္တလေးတိုင်ဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ တွင် ၂၅.၁၀.၂၀၂၄ ရက်နေ့၊ ၀၄ ၃၀ အချိန်ခန့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှတ်(၁၀၀)ရပ်ကွက်၊ နယ်မြေ(၇)အတွင်းတွင် မဟာဝါဠုကာရာမ သဲပြင်ကျောင်းတိုက်ပိုင် ဘုရားလေးဆူစေတီ၏ အရှေ့ဘက်ရှိ အမြင့်(၈)ပေ၊ အလျား(၁၅၀)ပေခန့်ရှိသော အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။ မြင်းခြံခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲဝင်များ၊ သက်ဆိုင်ရာအဖွဲအစည်းများဖြင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး ဖြစ်စဉ်ကြောင့် ကျား(၁)ဦး(သေဆုံး) နှင့် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) တို့အား နာရေးကူညီမှုအသင်းကားဖြင့် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ Join – https://t.me/MyanmarNationalPost Source link
(မိုးမခ) အောက်တိုဘာ ၂၄ ၊ ၂၀၂၄ “လူတယောက်ရဲ့ တန်ဖိုးဟာ သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူ… ဘယ်လောက် သယ်ပိုးထမ်းရွက်ခဲ့တယ် ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ။” ဗန်းမော်တင်အောင် (၁၉၂၀ – ၁၉၇၈) “တိုင်းပြည်အပေါ် စစ်အာဏာရှင် ကျေးဇူး၊ မူးလို့တောင် ရှူစရာမရှိဘူး။” ဦးဝင်းတင် (၁၉၃၀ – ၂၀၁၄) အောက်တိုဘာလ ၂၃ ရက် ၂၀၂၄ ခုနှစ်နေ့ဟာ ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခဲ့တာ ၄၆ နှစ် ပြည့်ခဲ့ပါပြီ။ ဆရာနဲ့ ကျနော် တခါမှ မဆုံဖြစ်ခဲ့ပါ။ မန္တလေးတက္ကသိုလ်ကို ၁၉၇၃ ခုနှစ်ကစ ပညာသင်ကြားခဲ့ပါတယ်။ ၁၉၆၂ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးချိန်ကစလို့ ကျောင်းသားလှုပ်ရှားမှုတွေဖြစ် တဲ့ ၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင်အရေးအခင်း၊ ၁၉၆၉ခုနှစ် ကျွန်းဆွယ်အရေးအခင်း၊ ၁၉၇၀ […]