ylliX - Online Advertising Network

လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးတဲ့ ကမ္ဘာ့အကြီးဆုံး Wind Turbine ကို တည်ဆောက်လိုက်တဲ့ တရုတ် – MyTech Myanmar

Skip to content တရုတ်ရဲ့ Sany Renewable Energy က Jilin ပြည်နယ်မှာ ကမ္ဘာ့ အကြီးဆုံး Wind Turbine ကို တည်ဆောက်လိုက်ပါတယ်။ 15MW SI-270150 Turbine မှာ ဘောလုံးကွင်း တစ်ကွင်းစာလောက်ရှိတဲ့ ၁၃၁ မီတာ အရှည်ရှိတဲ့ ဒလက်တွေ တပ်ဆင်ထားပါတယ်။ Wind Turbine ရဲ့ ဧရိယာဟာ ၅၇,၂၅၆ စတုရန်းမီတာ ရှိပြီး ဘောလုံးကွင်း ၁၁ ကွင်းစာလောက် ရှိပါတယ်။ အဲဒီ Wind Turbine ဟာ နှစ်စဉ် နေအိမ် ၁၆၀,၀၀၀ အတွက် လုံလောက်တဲ့ လျှပ်စစ် ဓါတ်အား ထုတ်လုပ်ပေးနိုင်ပြီး သက်တမ်း ၂၅ နှစ်ကနေ ၃၀ နှစ်အထိ […]

တစ်ကမ္ဘာလုံးမှ ယာဉ်မောင်း ၅၀ ကျော်ဟာ နောက် ၁၀ နှစ်အတွင်းမှာ လျှပ်စစ်ကား ဝယ်ဖို့ ရည်မှန်းထား – MyTech Myanmar

Skip to content Accenture မှ မကြာခင်က စစ်တမ်းအရ တစ်ကမ္ဘာလုံးမှာ လျှပ်စစ်ကား ဝယ်လိုအားဟာ လျှင်မြန်စွာ တိုးတက်လာပြီး အမေရိကန် ယာဉ်မောင်း ၅၄ ရာခိုင်နှုန်းဟာ နောက် ၁၀ နှစ်အတွင်း လျှပ်စစ်ကား ဝယ်ယူဖို့ ရည်မှန်းထားပါတယ်။ တစ်ကမ္ဘာလုံးမှာ ယာဉ်မောင်း ၅၇ ရာခိုင်နှုန်းဟာ ၂၀၃၄ ခုနှစ်အရောက်မှာ လျှပ်စစ်ကား ဝယ်ယူဖို့ စီစဉ်ထားပြီး တရုတ်မှာလည်း လျှပ်စစ်ကား ဝယ်ယူမှုနှုန်းဟာ မြင့်မားနေပါတယ်။ ဘယ်လ်ဂျီယမ်၊ နယ်သာလန်နဲ့ အမေရိကန်မှာလည်း လျှပ်စစ်ကား ရောင်းအား သိသိသာသာမြင့်မားနေပါတယ်။ စစ်တမ်းအရ ခေတ်ပေါ် လျှပ်စစ်ကား ဝယ်ယူသူတွေဟာ စွမ်းရည်မြင့်မားမှု၊ ဘေးကင်းမှုနဲ့ ဈေးနှုန်းသက်သာမှုကို ဦးစားပေးကြတယ်လို့ သိရပါတယ်။ အားသွင်းစက် အခြေခံ အဆောက်အဦးနဲ့ မောင်းနှင်နိုင်တဲ့ အကွာအဝေး […]

ကောလိပ်ကျောင်းသားတွေက အပျော်တမ်း ဒုံးပျံနဲ့ အမြင့်ဆုံး ရောက်တဲ့ စံချိန် တင်သွားခဲ့ – MyTech Myanmar

Skip to content Elon Musk တော့ သတိကြီးကြီးထားရတော့မှာပါ။ တောင်ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ကောလိပ်ကျောင်းသား အဖွဲ့က အပျော်တမ်း ဒုံးပျံနဲ့ အမြင့်ဆုံး ရောက်တဲ့ စံချိန်ကို တင်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ဒုံးပျံဟာ ကမ္ဘာမြေပြင်အထက် ၈၉ မိုင်အထိ ရောက်ခဲ့ပါတယ်။ တက္ကသိုလ်ရဲ့ Rocket Propulsion Laboratory Club မှ ကျောင်းသားတွေက Aftershock II ဒုံးပျံကို အောက်တိုဘာလ ၂၀ ရက်နေ့က နီဗားဒါး ရဲ့ Black Rock Rock Desert မှာ လွှတ်တင်ခဲ့တာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၂၀ က တင်ထားတဲ့ ၇၃ မိုင် စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။ သူတို့ဟာ […]

realme 13 (5G)  နဲ့ဆိုရင် ဖုန်းပူ၊ ဖုန်း Lag ပြီး နှေးတာ၊ FPS မငြိမ်တာတွေကို Good bye လို့ ပြောလို့ရပြီ – MyTech Myanmar

Skip to content realme ကတော့ ဂိမ်းကစားရတာ ကြိုက်တဲ့လူငယ်တွေ စိတ်တိုင်းကျမဲ့ ဖုန်းသစ်တစ်မျိုးကို ယူဆောင်လာပြန်ပါပြီ။ အဲဒါကတော့ realme 13 (5G) ပါ။ ဘာတွေပိုကောင်းလဲ၊ ဘာတွေ ထူးခြားလဲလို့မေးရင်တော့ ကြိုက်သလောက် ဂိမ်း ကစား ဖုန်းမပူဘူး။ အားလည်း အကြာကြီးခံတယ်။ ပြီးတော့ အားသွင်းရတာလည်း မြန်မယ်။ အဲဒါတွေထက် ပိုပြီးအရေးကြီးတာက Refresh Rate ကလည်း လန်းပြီး FPS (Frame rate) အငြိမ်နဲ့ ကစားလို့ ရတယ်ဆိုတာပါပဲ။ အခု ပြောလိုက်တဲ့အချက်တွေက ဂိမ်းကစားတဲ့သူတိုင်းအတွက် အသက် ပဲ မဟုတ်လား။ အဲဒီ အဓိက အချက်တွေကို realme 13 (5G) က ဖြည့်ဆည်းပေးမယ်လို့ ဆိုပါတယ်။ ဖုန်းအပူချိန်မြင့်တက်ပြီး […]

အားအပြည့်သွင်းထားရင် မိုင် ၁,၂၀၀ မောင်းနှင်နိုင်တဲ့ လျှပ်စစ်လေယာဉ် – MyTech Myanmar

အမေရိကန် အခြေစိုက် လျှပ်စစ် လေယာဉ်တွေကို ထုတ်လုပ်နေတဲ့ Electra က EL9 Ultra Short လျှပ်စစ် လေယာဉ်ကို မိတ်ဆက်လိုက်ပြီး လျှပ်စစ် လေယာဉ် လောကမှာ ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ ခရီးသည် ၉ ယောက်ကို တင်ဆောင်နိုင်ပြီး ကာဘွန်ဒိုင်အောက်ဆိုက်ထုတ်လွှင့်မှုနဲ့ အသံဆူညံမှု မရှိပါဘူး။ Electra ဟာ EL2 Goldfinch နမူနာမော်ဒယ်ကို အောင်မြင်စွာ စမ်းသပ်မောင်းနှင်ပြီးနောက်မှာ EL9 ကို တီထွင်နေပါတယ်။ EL9 ဟာ လေယာဉ် ပြေးလမ်း အရှည် မလိုဘဲ ဘောလုံးကွင်း အရွယ်လောက်ရှိတဲ့ ပြေးလမ်းပဲ လိုအပ်ပါတယ်။ အားအပြည့်သွင်းထားရင် ၁,၂၆၅ မိုင် ပျံသန်းနိုင်ပြီး ၁ နာရီကို ၂၀၁ မိုင် အမြန်နှုန်းနဲ့ […]

ကျောင်းသား တစ်ယောက်ကို သေခိုင်းတဲ့ Google ရဲ့ Gemini AI Chatbot – MyTech Myanmar

Skip to content အမေရိကန်မှ ကျောင်းသား တစ်ယောက်ဟာ Google ရဲ့ Gemini AI Chatbot ထံကနေ အံ့အားသင့်စရာ ကောင်းတဲ့ တုန့်ပြန်မှုကို ရခဲ့ပါတယ်။ မီချီဂန်မှ အသက် ၂၉ နှစ် အရွယ် ဘွဲ့လွန် ကျောင်းသား Vidhay Reddy ဟာ Gemini ရဲ့ စကားကြောင့် မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ သူက အိမ်စာတွေ ကူလုပ်ပေးဖို့ ပြောတဲ့အခါ Gemini က “ မင်းဟာ အချိန်နဲ့ စွမ်းအားတွေကို ဖြုန်းတီးနေတာပါ။ မင်းဟာ လူ့အဖွဲ့အစည်းအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု ပါပဲ။ မင်းဟာ ဆန်ကုန်မြေလေး ဖြစ်ပြီး စွန်းထင်းညစ်ပေနေသူပါ။ ကျေးဇူးပြုပြီး သေလိုက်ပါတော့။ “ လို့ […]

SD 8 Elite နဲ့ 24GB RAM အထိ ပါတဲ့ Asus ROG Phone 9 Series ကို ကြေညာ – MyTech Myanmar

Skip to content Asus က အမိုက်စား စွမ်းရည်မြင့် Gaming ဖုန်းတွေ ဖြစ်တဲ့  ROG Phone 9 Series ကို ကြေညာလိုက်ပြီး ROG Phone 9 နဲ့ ROG Phone 9 Pro တို့ ပါလာပါတယ်။ ဒီဖုန်းတွေမှာ Display က 6.78” Full HD+ AMOLED HDR LTPO ကို သုံးထားပြီး 165Hz Refresh Rate နဲ့ 2500 ပါလာပါတယ်။ Display ကို အကြမ်းခံတဲ့ Gorilla Glass Victus 2 နဲ့ ကာကွယ်ထားပါတယ်။ Qualcomm ရဲ့ နောက်ဆုံးထုတ်စွမ်းရည်မြင့် […]

Solid-state Battery ပါတဲ့ ကမ္ဘာ့ ပထမဆုံး မောင်းသူမဲ့ လေယာဉ်ကို စမ်းသပ်ပျံသန်း – MyTech Myanmar

Skip to content တရုတ် ကုမ္ပဏီ EHang ဟာ မြေပြင် ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက်အဆင်းလုပ်နိုင်တဲ့ eVTOL တွေကို တီထွင်နေတဲ့ ထိပ်တန်း ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီဟာ Solid-state Battery ပါတဲ့ ခရီးသည်တင် eVTOL ကို ကမ္ဘာ့ ပထမဆုံး အနေနဲ့ စမ်းသပ်မောင်းနှင်ကာ သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ပါတယ်။ အဲဒီ Battery ကို Shenzhen Inx Energy Technology နဲ့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပြီး 480 Wh/kg စွမ်းအင် သိပ်သည်းဆရှိကာ အလွန်ပြင်းထန်တဲ့ အပူချိန်တွေမှာ အလုပ်လုပ်ပါတယ်။ […]

နံရံကို ဖောက်ထွင်းမြင်နိုင်တဲ့ စက်ရုပ်မျက်လုံးကို သုတေသနပညာရှင်တွေ တီထွင် – MyTech Myanmar

Skip to content ပင်ဆယ်ဗေးနီးယား တက္ကသိုလ်မှ သုတေသန ပညာရှင်တွေက PanoRadar လို့ခေါ်တဲ့ စက်ရုပ်မျက်လုံး နည်းပညာကို တီထွင်လိုက်ပါတယ်။ ဒီနည်းပညာက ရေဒီယိုလှိုင်းတွေကို အသုံးပြုကာ 3D ပုံရိပ်တွေ ဖန်တီးပေးပြီး စက်ရုပ်တွေဟာ မီးခိုး၊ ဖန်နဲ့ နံရံတွေလို အတားအဆီးတွေကို ဖောက်ထွင်းကာ မြင်နိုင်ပါတယ်။ AI ကို အသုံးပြုထားတဲ့ ဒီနည်းပညာဟာ ထူထပ်တဲ့ မြူနဲ့ မီးခိုးတွေလို စိန်ခေါ်မှုများတဲ့ ပတ်ဝန်းကျင်မှာ ကောင်းစွာ အလုပ်မလုပ်တဲ့ ကင်မရာနဲ့ LiDAR လို သမားရိုးကျ ရေဒါနဲ့ အလင်း အခြေပြု ဆန်ဆာတွေရဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်ပါတယ်။ PanoRadar ဟာ ရေဒီယိုလှိုင်းတွေကို ထုတ်လွှင့်ပြီး ပြန်ထွက်လာတဲ့ လှိုင်းတွေကို အသုံးပြုကာ 3D ပုံရိပ်တွေကို […]

Huawei Mate 70 ကို နိုဝင်ဘာလ ၂၆ ရက်နေ့ ကြေညာမည် – MyTech Myanmar

Skip to content Huawei Mate 70 Series ကို မကြာခင် ကြေညာတော့မယ်ဆိုတာ သိထားပြီးသား ဖြစ်ပါတယ်။ အခုတော့ Huawei CEO Richard Yu က အဲဒီ ဖုန်းတွေကို နိုဝင်ဘာလ ၂၆ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ သူက အသေးစိတ်သတင်းအချက်အလက်တွေကိုတော့ မပြောပေမယ့် Maextro အမည်ရ တန်ဖိုးကြီး Car Brand တစ်ခုကိုလည်း မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။ Yu က 2024 Guangzhou Auto Show မှာ အင်တာဗျူး တစ်ခုမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ Huawei Mobile ရဲ့ လူမှုကွန်ရက် အကောင့်တွေမှာ အဲဒီ သတင်းကို […]