Huawei Mate 70 Series ကို မကြာခင် ကြေညာတော့မယ်ဆိုတာ သိထားပြီးသား ဖြစ်ပါတယ်။ အခုတော့ Huawei CEO Richard Yu က အဲဒီ ဖုန်းတွေကို နိုဝင်ဘာလ ၂၆ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။
သူက အသေးစိတ်သတင်းအချက်အလက်တွေကိုတော့ မပြောပေမယ့် Maextro အမည်ရ တန်ဖိုးကြီး Car Brand တစ်ခုကိုလည်း မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။
Yu က 2024 Guangzhou Auto Show မှာ အင်တာဗျူး တစ်ခုမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ Huawei Mobile ရဲ့ လူမှုကွန်ရက် အကောင့်တွေမှာ အဲဒီ သတင်းကို မတင်ထားသေးတဲ့အတွက် အခု ကြေညာချက်ဟာ အံ့အားသင့်စရာကောင်းပါတယ်။
Huawei Mate 70 Series မှာ Mate 70, Mate 70 Pro , Mate 70 Pro+ နဲ့ Mate 70 RS Ultimate စတဲ့ ဖုန်း ၄ လုံး ပါလာနိုင်ပါတယ်။ အဲဒီဖုန်းအားလုံးမှာ Huawei ရဲ့ ပထမဆုံး OS ဖြစ်တဲ့ HarmonyOS Next ပါလာနိုင်ပြီး AOSP Build ကို အခြေပြု တည်ဆောက်ထားတာ ဖြစ်ပါတယ်။
အဲဒီဖုန်းတွေမှာ HiSilicon Chip အသစ် ဖြစ်တဲ့ Kirin 9100 ထည့်သွင်းထားနိုင်ပါတယ်။ သတင်းတွေအရ အဲဒီ Chip ကို SMIC က 6 nm Node နဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး Snapdragon 888 or Dimensity 9000 နဲ့ ယှဉ်နိုင်ပါတယ်။
Ref : gsmarena
Share This Story, Choose Your Platform!
Go to Top