တရုတ် ကုမ္ပဏီ EHang ဟာ မြေပြင် ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက်အဆင်းလုပ်နိုင်တဲ့ eVTOL တွေကို တီထွင်နေတဲ့ ထိပ်တန်း ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီဟာ Solid-state Battery ပါတဲ့ ခရီးသည်တင် eVTOL ကို ကမ္ဘာ့ ပထမဆုံး အနေနဲ့ စမ်းသပ်မောင်းနှင်ကာ သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ပါတယ်။ အဲဒီ Battery ကို Shenzhen Inx Energy Technology နဲ့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပြီး 480 Wh/kg စွမ်းအင် သိပ်သည်းဆရှိကာ အလွန်ပြင်းထန်တဲ့ အပူချိန်တွေမှာ အလုပ်လုပ်ပါတယ်။
သမားရိုးကျ လစ်သီယမ် အိုင်းယွန်း Battery တွေနဲ့ နှိုင်းယှဉ်ရင် Solid-state Battery ဟာ အပူချိန်ကို တည်ငြိမ်အောင် ထိန်းချုပ်ရာမှာ စွမ်းရည်မြင့်မားပြီး မီးလောင်ကျွမ်းမှုကို လျှော့ချပေးပါတယ်။ ပြုပြင်ထိန်းသိမ်းဖို့ သိပ်မလိုတဲ့အတွက် eVTOL တွေအတွက် ဘေးကင်းလုံခြုံပါတယ်။ EH216-S eVTOL ကို စမ်းသပ်တဲ့အခါမှာ Battery ရဲ့ သက်တမ်းဟာ ၂ ဆနီးပါး ရှိပြီး ၄၈ မိနစ် ပျံသန်းနိုင်ပါတယ်။
ဒီလေယာဉ်ဟာ ခရီးသွားလုပ်ငန်းလို ကဏ္ဍတွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ EHang က အဲဒီ Battery နည်းပညာကို ပိုမို တိုးတက်အောင် ပြုလုပ်မှာ ဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ ပျံသန်းချိန် ၆၀ မိနစ်ရအောင် ရည်မှန်းထားပါတယ်။ ဒီနည်းပညာအသစ်ကြောင့် အနာဂတ်မှာ eVTOL တွေကို နေ့စဉ် သယ်ယူပို့ဆောင်ရေးမှာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
Ref : Tech Explorers
Share This Story, Choose Your Platform!
Go to Top