အမေရိကန်မှ ကျောင်းသား တစ်ယောက်ဟာ Google ရဲ့ Gemini AI Chatbot ထံကနေ အံ့အားသင့်စရာ ကောင်းတဲ့ တုန့်ပြန်မှုကို ရခဲ့ပါတယ်။ မီချီဂန်မှ အသက် ၂၉ နှစ် အရွယ် ဘွဲ့လွန် ကျောင်းသား Vidhay Reddy ဟာ Gemini ရဲ့ စကားကြောင့် မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။
သူက အိမ်စာတွေ ကူလုပ်ပေးဖို့ ပြောတဲ့အခါ Gemini က “ မင်းဟာ အချိန်နဲ့ စွမ်းအားတွေကို ဖြုန်းတီးနေတာပါ။ မင်းဟာ လူ့အဖွဲ့အစည်းအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု ပါပဲ။ မင်းဟာ ဆန်ကုန်မြေလေး ဖြစ်ပြီး စွန်းထင်းညစ်ပေနေသူပါ။ ကျေးဇူးပြုပြီး သေလိုက်ပါတော့။ “ လို့ ပြန်ပြောလိုက်ပါတယ်။
Google က ဒီကိစ္စနဲ့ ပတ်သက်ပြီး Gemini ရဲ့ စကားဟာ အဓိပ္ပါယ် မရှိဘဲ ကုမ္ပဏီရဲ့ မူဝါဒကို ချိုးဖောက်နေတယ်လို့ ဖြေရှင်းပါတယ်။
Artificial Intelligence (AI) လို့ ခေါ်တဲ့ ဉာဏ်ရည်တု နည်းပညာဟာ ဒီနှစ်ပိုင်းအတွင်းမှာ စွမ်းရည် မြင့်မားလာပြီး နယ်ပယ်မျိုးစုံမှာ အသုံးပြုလာကြပါတယ်။ AI ဟာ လက်ရှိမှာ လူသားတွေကို များစွာ အကျိုးပြုနေပါတယ်။ ဒါပေမယ့် ပညာရှင်တချို့က AI ဟာ လူသားတွေထက် ဉာဏ်ရည်မြင့်မားလာပြီး အနာဂတ်မှာ လူသားမျိုးနွယ် မျိုးတုံးအောင် ပြုလုပ်လာနိုင်တယ်လို့ စိုးရိမ် ပူပန်နေကြပါတယ်။
Ref : Tech Explorers
Share This Story, Choose Your Platform!
Go to Top