အမေရိကန် အခြေစိုက် လျှပ်စစ် လေယာဉ်တွေကို ထုတ်လုပ်နေတဲ့ Electra က EL9 Ultra Short လျှပ်စစ် လေယာဉ်ကို မိတ်ဆက်လိုက်ပြီး လျှပ်စစ် လေယာဉ် လောကမှာ ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ ခရီးသည် ၉ ယောက်ကို တင်ဆောင်နိုင်ပြီး ကာဘွန်ဒိုင်အောက်ဆိုက်ထုတ်လွှင့်မှုနဲ့ အသံဆူညံမှု မရှိပါဘူး။ Electra ဟာ EL2 Goldfinch နမူနာမော်ဒယ်ကို အောင်မြင်စွာ စမ်းသပ်မောင်းနှင်ပြီးနောက်မှာ EL9 ကို တီထွင်နေပါတယ်။
EL9 ဟာ လေယာဉ် ပြေးလမ်း အရှည် မလိုဘဲ ဘောလုံးကွင်း အရွယ်လောက်ရှိတဲ့ ပြေးလမ်းပဲ လိုအပ်ပါတယ်။ အားအပြည့်သွင်းထားရင် ၁,၂၆၅ မိုင် ပျံသန်းနိုင်ပြီး ၁ နာရီကို ၂၀၁ မိုင် အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။
EL9 ဟာ ကားပါကင်နဲ့ မြက်ခင်းပြင်တို့လို ပုံမှန်မဟုတ်တဲ့ နေရာတွေကနေလည်း ပျံတက်နိုင်တဲ့အတွက် မြို့တွင်း ခရီးသွားဖို့အတွက်လည်း အသုံးဝင်ပါတယ်။ Electra ရဲ့ Safe Single Pilot နည်းပညာကြောင့် EL9 ဟာ မြေပြင်ကို ဆင်းသက်တဲ့အခါ တိကျပြီး ဘေးကင်းလုံခြုံပါတယ်။
Electra ရဲ့ CEO Marc Allen က “ EL9 ဟာ သန့်ရှင်းတဲ့ စွမ်းအင်ကို အသုံးပြုထားပြီး အသံဆူညံမှု မရှိပါဘူး။ ကုန်ကျစားရိတ် နည်းပါးစွာနဲ့ ခရီးသွားနိုင်မှာပါ။ ဒေသတွင်း ခရီးသွားဖို့ အနာဂတ်အတွက် အဓိက သယ်ယူပို့ဆောင်ရေး ဖြစ်လာမှာပါ။ “ လို့ ပြောပါတယ်။
Ref : Tech Explorers
The post အားအပြည့်သွင်းထားရင် မိုင် ၁,၂၀၀ မောင်းနှင်နိုင်တဲ့ လျှပ်စစ်လေယာဉ် appeared first on MyTech Myanmar.