Elon Musk တော့ သတိကြီးကြီးထားရတော့မှာပါ။
တောင်ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ကောလိပ်ကျောင်းသား အဖွဲ့က အပျော်တမ်း ဒုံးပျံနဲ့ အမြင့်ဆုံး ရောက်တဲ့ စံချိန်ကို တင်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ဒုံးပျံဟာ ကမ္ဘာမြေပြင်အထက် ၈၉ မိုင်အထိ ရောက်ခဲ့ပါတယ်။
တက္ကသိုလ်ရဲ့ Rocket Propulsion Laboratory Club မှ ကျောင်းသားတွေက Aftershock II ဒုံးပျံကို အောက်တိုဘာလ ၂၀ ရက်နေ့က နီဗားဒါး ရဲ့ Black Rock Rock Desert မှာ လွှတ်တင်ခဲ့တာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၂၀ က တင်ထားတဲ့ ၇၃ မိုင် စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။
သူတို့ဟာ အပျော်တမ်း ဒုံးပျံရဲ့ အမြန်ဆုံး စံချိန်ကိုလည်း တင်နိုင်ခဲ့ပြီး ဒုံးပျံဟာ ၁ စက္ကန့်မှာ ၁ မိုင် အမြန်နှုန်း ရှိပါတယ်။
အဲဒီ ဒုံးပျံကို Operations Lead နဲ့ အာကာသ အင်ဂျင်နီယာ အပါအဝင် ဘာသာရပ်များစွာမှ ကျောင်းသား ၁၀၀ ဝန်းကျင်ခန့် ပါဝင် တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ တက္ကသိုလ်က ထုတ်ပြန်ကြေညာထားပါတယ်။
ကျောင်းသားတွေဟာ သူတို့ ကိုယ်ပိုင် ကွန်ပြူတာ စနစ်နဲ့ Circuit Boards တွေကို တည်ဆောက်ခဲ့ပြီး ဒုံးပျံကို အချိန်နဲ့ တစ်ပြေးညီ စစ်ဆေးခဲ့ကြတယ်လို့ တက္ကသိုလ်က ပြောပါတယ်။
ကျောင်းသားတွေရဲ့ ဒုံးပျံဟာ အပျော်တမ်း ဒုံးပျံအတွက် သတ်မှတ်ထားတဲ့ အမြင့်ထက် ၃.၈ မိုင်လောက်ပဲ နိမ့်ကျပါတယ်။ ဒါပေမယ့် ကျောင်းသားတွေက အနာဂတ်မှာ စံချိန်သစ်တင်နိုင်ဖို့ ရည်မှန်းထားပါတယ်။
Ref : nypost
Share This Story, Choose Your Platform!
Go to Top